Thursday, March 17, 2016


Shwe Innlay's photo.


တစ်စုံတစ်ယောက်က မင်းရဲ့ချစ်ခြင်းတွေကို ဖျက်ဆီးသွားခဲ့လို့ အသည်းကွဲ 
နာကျင်ခံစားနေရင် အဲ့ဒါ မင်းတစ်ယောက်တည်း မဟုတ်ဘူး….

တစ်စုံတစ်ယောက်က မင်းရဲ့စေတနာတွေ စော်ကားသွားခဲ့လို့ ဒေါသတကြီး
ခံပြင်းခံစားနေရရင် အဲ့ဒါ မင်းတစ်ယောက်တည်း မဟုတ်ဘူး….


တစ်စုံတစ်ယောက်က မင်းကိုလိုအပ်ရင်ပေါင်းပြီး မလိုအပ်ရင် တွန်းထုတ် သွားတတ်လို့ မင်းစိတ်ဆိုးနေရပြီဆိုရင် အဲ့ဒါမင်း တစ်ယောက်တည်း မဟုတ်ဘူး….

တစ်စုံတစ်ယောက်က မင်းရဲ့အားနာမှုတွေကို အသုံးချသွားပြီး မင်းကို ချောက် တွန်းချခဲ့လို့ မင်းမှာအခက်ကြုံနေရပြီဆိုရင် အဲ့ဒါ မင်းတစ်ယောက်တည်း မဟုတ်ဘူး…

တစ်စုံတစ်ယောက်ကို မင်းကမင်းရဲ့တစ်သက်လုံးစာ လက်တွဲသွားမယ့် အဖော်တစ်ယောက်လို သစ္စာတွေထား၊ ယုံကြည်မှုတွေ တည် ဆောက် ခဲ့တဲ့သူတွေက တကယ်တော့ မင်းရဲ့ နောက်ကျောဒါးနဲ့ ထိုးခဲ့သူတွေ ဖြစ်နေ ခဲ့တယ်ဆိုရင် အဲ့ဒါမင်းတစ်ယောက်တည်း မဟုတ်ဘူး….

ဒီလိုလူတွေနဲ့ ဒီလိုအကြောင်းအရာတွေက လောကကြီးမှာ မင်းတစ်ယောက် တည်းမှာပဲ ကြုံဆုံခံစားနေရတာမဟုတ်ပါဘူး။ မင်းအပြင် တခြားသော သူတွေမှာလည်း ဒီလိုမျိုး ဆိုးရွားလွန်းတဲ့အဖြစ်အပျက်တွေ ထပ်တူခံစားနေ ကြရပါတယ်။

ဖြတ်သန်းလာပြီးတဲ့ ဘဝသက်တမ်းတလျှောက်မှာ ဆိုးရွားလှပြီး သင်ခန်းစာပေးတဲ့ သူတွေနဲ့ကြုံဆုံတိုင်း ကိုယ့်အတွက်ရင့်ကျက်လာတဲ့ ဘဝအနေအထားတစ်ခုကို တွန်းပို့ပေးနိုင်အောင် ကြိုးစားပါ။ အဖြစ်အ ပျက်တွေကို သင်ခန်းစာယူပါ။ နောင်မှာထပ်ပြီး တွေ့လာရမယ့် အခက်အခဲတွေအတွက် ရင်ဆိုင်နိုင်အောင်၊ ခံနိုင်ရည်ရှိ အောင် ကြိုးစားပါ။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook