
သံလွင်ဆီဟာ ယနေ့ခေတ် ဈေးကွက်ထဲမှာ ပုံစံမျိုးစုံနဲ့ ဝင်ရောက်ပျံ့နှံ့နေပါပြီ။ အကြောင်းရင်းကတော့ သံလွင်ဆီဟာ နည်းလမ်းမျိုးစုံနဲ့ ဘက်စုံသုံးလို့ရလို့ပဲဖြစ်ပါတယ်။ ပရိဘောဂပစ္စည်းတွေ ပြောင်လက်စေရန် အရောင်တင်ရာမှာဖြစ်စေ ခြောက်သွေ့တဲ့ဆံသားတွေကို စိုပြေလာအောင် လိမ်းရာမှာဖြစ်စေ အသားပတ်ခြင်းကို ကာကွယ်ရန် သုံးရာမှာဖြစ်စေ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ထုတ်လုပ်ပြီး အသုံးတွင်ကျယ်လာပါတယ်။ သံလွင်ဆီစားသုံးခြင်းဟာလည်း လူသားတွေကို ကျန်းမာရေးအတွက် များစွာအကျိုးပြုပုံကို အံ့အားသင့်ဖွယ် လေ့လာတွေ့ရှိရပါတယ်။
(၁)ဆီးချိုရောပါ ဖြစ်ပွားမှုနှုန်းကို လျော့ချပေး ...
သံလွင်ဆီဟာ ဆီးချိုရောပါဖြစ်ပွားမှုမှ ထိရောက်စွာကာကွယ်ပေးပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ ပြည့်ဝစွာပျော်ဝင်နိုင်တဲ့အဆီနဲ့ ဆက်လက်ဓာတ်ပြုနိုင်တဲ့အဆီ တွေဟာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကို ၅၀%လျော့ချပေးပါတယ်။ အစဉ်အလာတွေအရ အဆီနည်းတဲ့ အစားအစာတွေဟာ ဆီးချိုရောဂါကို တိုက်ခိုက်တွန်းလှန်နိုင်တယ်လို့ ယုံကြည်ထားကြသော်ငြား အဆီပမာထက်စာရင် အဆီအမျိုးအစားက အဓိကအရေးပါကြောင်း လေ့လာချက်တွေမှ ဖော်ပြထားပါတယ်။
(၂)သွေးခဲပိတ်ဆို့ပြီး လေသင်တုန်းဖြတ်ခြင်းမှ ကာကွယ်စေနိုင်...
University of Bordeaux မှ အသက်၆၅နှစ်အထက်လူကြီးများကို အဖွဲ့သုံးဖွဲ့ခွဲပြီး လေ့လာစစ်တမ်းကောက်ချက်များအရ ချက်ပြုတ်ရာမှာနဲ့ အသုပ်သုပ်ရာမှာ သံလွင်ဆီကိုအသုံးပြုတဲ့ အသက်အရွယ်ကြီးရင့်သူတွေဟာ သွေးခဲပိတ်ဆို့ပြီး လေသင်တုန်းဖြတ်ခြင်းဖြစ်ပွားမှုနှုန်း ၄၁%လျော့နည်းလေ့ရှိကြောင်းတွေ့ရပါတယ်။ သံလွင်ဆီဟာ လေသင်တုန်းဖြတ်ခြင်းရဲ့ အဓိကအချက်ဖြစ်တဲ့ သွေးပြန်ကြောထဲရှိ မလိုအပ်တဲ့ သွေးခဲလေးတွေကို ထိရောက်စွာပျော်ဝင်စေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
(၃)နှလုံးကို နုပျိုကျန်းမာစေ ...
လူသားတွေ အသက်ကြီးလာတဲ့အခါမှာ နှလုံးနဲ့သွေးကြောတွေရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ယိုယွင်းလာပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ နှလုံးနှင့်ပတ်သတ်သော ရောဂါအချို့ကို ခံစားလာရမယ်ဆိုတာ ရှောင်လွှဲလို့မရပါဘူး။ သို့သော် အရင်ဆုံး စိတ်ပျက်မသွားပါနဲ့အုံး! ဗြိတိန်နိုင်ငံရဲ့ ဆေးနဲ့ပတ်သက်သောဂျာနယ်မှာ လေ့လာချက်တစ်ခုမှ သံလွင်ဆီဟာ သွေးဖိအားလျော့နည်းလာဖို့ အထောက်အကူဖြစ်စေခြင်းနဲ့ နှလုံးချို့ယွင်းပျက်စီးလာခြင်းမှလည်း ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် သင့်ကျန်းမာခြင်းကို ဆက်လက်ထိန်းသိမ်းထားလိုပါတယ် ဆိုရင် သံလွင်ဆီသာ များများအော်ဒါမှာထားလိုက်ပါတော့တဲ့။
(၄)အရိုးကိုပိုမိုသန်စွမ်း ခိုင်မာစေ ...
Madrid Universityမှ လေ့လာချက်အရ သံလွင်ဆီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ပင်လယ်အစားအစာတွေကို စားသုံးလေ့ရှိတဲ့ လူတွေဟာ အရိုးပိုမိုသန်စွမ်းကြပါတယ်။ ထိုလူတွေရဲ့သွေးထဲမှာ အရိုးကျန်းမာသန်စွမ်းမှုကို တည်ဆောက်ဖို့အတွက် အရေးကြီးသော ပရိုတိန်းဓာတ်တစ်မျိုးဖြစ်တဲ့ Osteocalcinကို ရှာဖွေတွေ့ရှိရပါတယ်။
(၅)စိတ်ဓာတ်ကျခြင်း ဝေဒနာမှ ကာကွယ်ပေး ...
အစားအသောက်မှ လူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့စပ်ဆက်လို့ လေ့လာတွေ့ရှိလေ့ရှိပေမဲ့ စိတ်ပိုင်းဆိုင်ရာကို အထောက်အကူပြုမှုကတော့ တွေ့လေ့မရှိပါဘူး။ စပိန်မှ လေ့လာချက်တစ်ခုမှာတော့ အဆီစားသုံးပေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်လို့ တွေ့ရှိထားပါတယ်။ သုတေသနပညာရှင်တွေကတော့ သံလွင်ဆီကို သုံးစွဲဖို့ အကြံပြုထားပါတယ်။
(၆)အရေပြားကင်ဆာနဲ့ ရင်သားကင်ဆာ ကာကွယ်ဖို့ အထောက်အကူပြု ...
ကျွန်မတို့တွေ အပြင်ထွက်တဲ့အခါ နေရောင်ခြည်မှ အန္တရယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် နေလောင်ခံ အဆီတွေ၊ခရင်မ်တွေ လိမ်းရပါတယ်။ လေ့လာချက်တစ်ခုမှာလည်း သံလွင်ဆီဟာ ကင်ဆာအမျိုးအစားဖြစ်သော အရည်ပြားအဖုအကျိတ် ဖြစ်ပွားမှုနှုန်းကို လျော့ချပေးပါတယ်။ သံလွင်ဆီပုံမှန်စားသုံးပေးခြင်းဟာလည်း ရင်သားကင်ဆာ ဖြစ်ပွားခြင်းကို လျော့ချစေပါတယ်။
(၇)အယ်လ်ဇိုင်းမား(မှတ်ဥာဏ်ချွတ်ယွင်းသောရောဂါ) ဖြစ်ပွားမှုကို လျော့ချပေး ...
လေ့လာချက်တစ်ခုအရ သံလွင်ဆီမှာပါဝင်တဲ့ Oleocanthal ဟာ အယ်ဇိုင်းမားရောဂါ ခံစားနေရသော လူနာတွေကို မှတ်ဥာဏ်စွမ်းရည်နဲ့ သင်ယူမှုစွမ်းရည် တိုးတက်လာအောင် စွမ်းဆောင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ခမ်းမူး (ရွှေအင်းလေး)
ref:lifehack
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။