Monday, August 17, 2015



[Zawgyi]
ခွန်နေ - Khun Nay


ခွန်နေ - Khun Nay
www.khunnaymedia.com

[Unicode]
ချစ်သူနှစ်ယောက်အဆင်ပြေဖို့ဆိုရင်

ကိုယ့်အနားမှာ ချစ်သူရှိလျက်နဲ့ ပတ်ဝန်းကျင်ကအခြားသောသူတွေကို မျော်လင့်နေဦးမယ်ဆိုရင် အဲ့ဒီအကျင့်က ဘာနဲ့တူသလဲဆိုတော့ စားသောက်ဆိုင်မှာ ကိုယ်မှာပြီးသွားတဲ့ဟာ ရောက်လာတာတောင်
နောက်ထပ်ဘာများကောင်းသေးသလဲလို့ Menu ကိုဆက်ကြည့်နေတဲ့ သူနဲ့တူတယ် ။ အစားအသောက် Menu ကိုဆက်ကြည့်လို့ စိတ်မထိန်းနိုင်ရင် ငွေပိုကုန်တာကလွဲလို့ ဘာမှပြဿနာမရှိပေမယ့် ချစ်သူရှိလျက်သားနဲ့ ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်အတွက်
မျော်လင့်ချက်ရှိနေသေးရင် လိုတာမရ စိတ်သောကများရတာက လွဲလို့ ချစ်သူနှစ်ယောက်အတွက် ဘာတစ်ခုမှကောင်းလာနိုင်စရာမရှိပါဘူး ။ ဒါကြောင့် မရွေးချယ်ခင်ကတည်းက ကိုယ့်အတွက် အကောင်းဆုံး လက်တွဲဖော်ကို ရွေး၊ ရွေးပြီးသွားပြီဆိုရင်လည်း နှလုံးသားထဲက Menu ဖယ်ထုတ်နိုင်ဖို့တော့လိုတယ် ။

ခွန်နေ - Khun Nay
www.khunnaymedia.com

Thursday, August 13, 2015


[zawgyi]

ခွန်နေ - Khun Nay

နားလည်မှုရှိရှိ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုနဲ့ တည်ဆောက်တာဟာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ရရှိလာပါလိမ့်မယ် ။
ခွန်နေ - ‪#‎KhunNay‬
www.khunnaymedia.com


[Unicode]
ခိုင်မြဲတဲ့ Relationship ဆိုတာ

ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

ကြာရှည်ခိုင်မြဲတဲ့ relationship တစ်ခုတည်ဆောက်တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့ လိုအပ်သလို တစ်ယောက်အပေါ်တစ်ယောက် သံသယကင်းကင်း အပြန်အလှန် ယုံကြည်နားလည်မှု ရှိဖို့ကလည်း အရေးကြီးတယ် ။ ချစ်သူနှစ်ယောက်ကြားမှာရှိတဲ့ ယုံကြည်မှုတစ်ခု တည်ဆောက်တဲ့ အခါမှာ လည်း ဟန်ဆောင်မှုကင်းကင်းနဲ့ တစ်ယောက်အပေါ်တစ်ယောက် ရိုးသားမှုရှိဖို့ လိုတယ် ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိပေမယ့် ရိုးသားမှုမရှိတဲ့ relationship ဟာကြာရှည်မခံသလို ပွင့်လင်းမှုမရှိပဲ တစ်ယောက်ကို တစ်ယောက်နားလည်မှုပေးလွန်းပြန်ရင်လည်း လူချင်းနီးနေပေမယ့် နှလုံးသားကပိုပြီး ဝေးလာပါလိမ့်မယ် ။ ဒါကြောင့် ပိုမိုခိုင်မြဲတဲ့ relationship တစ်ခုရှိဖို့အတွက် ပွင့်လင်းရိုးသားပြီး
နားလည်မှုရှိရှိ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုနဲဲ့ တည်ဆောက်တာဟာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေ ရရှိလာပါလိမ့်မယ် ။

Monday, August 3, 2015



[Zawgyi]
ကုသိုလ်ကံ အကျိုးပေးကြောင့်သာ ဖြစ်တယ် ။
ကုသိုလ်ကံမကောင်းလို့ ဆိုပြီး မပုံချနဲ့ ။
ကိုယ် အသုံးမကျပဲ
ကံကိုယုံ ဆူးပုံနင်းတယ်လို့ ခေါ်တယ် ။


[Unicode]
ကိုယ်ကြိုးစားရဲ ့သားနဲ့
မအောင်မြင် ၊ မချမ်းသာခဲ့ဘူးဆိုရင်
ကိုယ်အသုံး မကျလို့မဟုတ်ဘူး ၊
ကုသိုလ်ကံ အကျိုးပေးကြောင့်
လို့ပဲသတ်မှတ်တယ် ။
ဘာမှမလုပ် ၊ ဘာမှလည်း မကြိုးစားပဲ
ကိုယ်မအောင်မြင် ၊ မချမ်းသာလာတဲ့အပေါ်မှာ
ကုသိုလ်ကံမကောင်းလို့ ဆိုပြီး မပုံချဘူး ။
ကိုယ် အသုံးမကျပဲ ၊
ကံကိုယုံ ဆူးပုံနင်းတယ်လို့ပဲ သတ်မှတ်တယ် ။

ခွန်နေ - Khun Nay

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook