Friday, October 9, 2015


ခြန္ေန - Khun Nay
www.facebook.com/nay.tun2
တကယ္ခ်စ္တဲ့ ခ်စ္သူႏွစ္ေယာက္မွာ တစ္ေယာက္ေပၚတစ္ေယာက္ ပြင့္လင္းရိုးသားဖို႔ အေရးႀကီးတယ္ ။ တစ္ဘဝလုံးအတြက္ လက္တြဲဖို႔ ရည္ရြယ္ထားတယ္ဆိုရင္ ပိုလို႔ေတာင္မွအေရးႀကီးပါေသးတယ္ ။ တစ္ေယာက္အေပၚ တစ္ေယာက္ မေက်နပ္မႈရွိရင္ ရိုးရိုးသားသားပြင့္ပြင့္လင္းလင္း ေျပာဖို႔လိုၿပီး တစ္ဖက္သတ္ မ်ိဳသိပ္ထားလို႔မရပါဘူး ။ အက်ိဳးဆက္အေနနဲ႔ ခံစားလြယ္ျခင္း ၊ ထိရွလြယ္ျခင္းႏွင့္ အရြဲ ့တိုက္ျခင္းေတြ ျဖစ္လာေစပါတယ္ ။ လူဆိုတာ စဥ္းစားဆင္ျခင္ ေတြးေခၚနိုင္စြမ္းျမင့္တဲ့အတြက္ သတၱဝါထဲမွာ ဉာဏ္ရည္အျမင့္ဆုံး လို႔သတ္မွတ္ထားပါတယ္ ။ ျဖစ္ခ်င္တဲ့ စိတ္ဆႏၵကို ဦးစားေပးလြန္းၿပီး စိတ္အာ႐ုံေနာက္ကိုလိုက္လြန္းရင္ မျဖစ္သင့္တာ ျဖစ္သြားရသလို အရြဲ ့ တိုက္ျခင္းဟာ ဘယ္သူ တစ္ဦးတစ္ေယာက္အတြက္ ေကာင္းလာစရာ မရွိပါဘူး ။ ဒါေၾကာင့္ အေၾကာင္းအရာ တစ္ခုအေပၚလုပ္ေဆာင္တဲ့အခါ တစ္ဒဂၤ စိတ္ေျပသြားဖို႔ဆိုတာထက္ အခ်ိန္ ၁၅ မိနစ္ေလာက္ေပးၿပီး ဦးေႏွာက္နဲ႔ ဆင္ျခင္စဥ္းစားနိုင္ဖို႔လိုပါတယ္ ။ ခ်စ္သူႏွစ္ေယာက္မွာ ဂ႐ုစိုက္တာ လိုခ်င္လို႔ အျခားတစ္ေယာက္နဲ႔ အရြဲ ့ တိုက္ၿပီးတြဲတယ္ဆိုတာ ဇာတ္လမ္းထဲမွာသာၾကည့္ေကာင္းေပမယ့္ လက္ေတြ႕ဘဝမွာေတာ့ ဒါဟာ သစၥာေဖာက္ျခင္း သက္သက္ပါပဲ ။ ခ်စ္လို႔ အရြဲ ့တိုက္ျပတာ ဆိုေပမယ့္ ဆင္ေျခေပးျခင္းသာျဖစ္ၿပီး အႏႈတ္ဘက္ကိုသာ ဦးတည္ေစပါတယ္ ။ ဒါေၾကာင့္ တစ္ေယာက္ကိုတစ္ေယာက္ တကယ္ကိုရည္ရြယ္ထားတယ္ဆိုရင္ ခ်စ္သူႏွစ္ေယာက္မွာ ပြင့္လင္းရိုးသားၿပီး နားလည္မႈရွိဖို႔သာ လိုပါတယ္ ။ အရြဲ ့တိုက္ျခင္းဆိုတာ ခ်စ္သူႏွစ္ေယာက္မွာတင္မဟုတ္ပါဘူး 
အိမ္ေထာင္က်သြားသည့္တိုင္ေအာင္ မရွိသင့္တဲ့ တလြဲမာနမ်ိဳးသာ ျဖစ္တယ္ ။
ခြန္ေန - Khun Nay
www.khunnaymedia.com


[Unicode]
အရွဲ ့တိုက်ခြင်းဆိုတာ
ခွန်နေ - Khun Nay
www.facebook.com/nay.tun2
တကယ်ချစ်တဲ့ ချစ်သူနှစ်ယောက်မှာ တစ်ယောက်ပေါ်တစ်ယောက် ပွင့်လင်းရိုးသားဖို့ အရေးကြီးတယ် ။ တစ်ဘဝလုံးအတွက် လက်တွဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပိုလို့တောင်မှအရေးကြီးပါသေးတယ် ။ တစ်ယောက်အပေါ် တစ်ယောက် မကျေနပ်မှုရှိရင် ရိုးရိုးသားသားပွင့်ပွင့်လင်းလင်း ပြောဖို့လိုပြီး တစ်ဖက်သတ် မျိုသိပ်ထားလို့မရပါဘူး ။ အကျိုးဆက်အနေနဲ့ ခံစားလွယ်ခြင်း ၊ ထိရှလွယ်ခြင်းနှင့် အရွဲ ့တိုက်ခြင်းတွေ ဖြစ်လာစေပါတယ် ။ လူဆိုတာ စဉ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်းမြင့်တဲ့အတွက် သတ္တဝါထဲမှာ ဉာဏ်ရည်အမြင့်ဆုံး လို့သတ်မှတ်ထားပါတယ် ။ ဖြစ်ချင်တဲ့ စိတ်ဆန္ဒကို ဦးစားပေးလွန်းပြီး စိတ်အာရုံနောက်ကိုလိုက်လွန်းရင် မဖြစ်သင့်တာ ဖြစ်သွားရသလို အရွဲ ့တိုက်ခြင်းဟာ ဘယ်သူ တစ်ဦးတစ်ယောက်အတွက် ကောင်းလာစရာ မရှိပါဘူး ။ ဒါကြောင့် အကြောင်းအရာ တစ်ခုအပေါ်လုပ်ဆောင်တဲ့အခါ တစ်ဒင်္ဂ စိတ်ပြေသွားဖို့ဆိုတာထက် အချိန် ၁၅ မိနစ်လောက်ပေးပြီး ဦးနှောက်နဲ့ ဆင်ခြင်စဉ်းစားနိုင်ဖို့လိုပါတယ် ။ ချစ်သူနှစ်ယောက်မှာ ဂရုစိုက်တာ လိုချင်လို့ အခြားတစ်ယောက်နဲ့ အရွဲ ့တိုက်ပြီးတွဲတယ်ဆိုတာ ဇာတ်လမ်းထဲမှာသာကြည့်ကောင်းပေမယ့် လက်တွေ့ဘဝမှာတော့ ဒါဟာ သစ္စာဖောက်ခြင်း သက်သက်ပါပဲ ။ ချစ်လို့ အရွဲ ့တိုက်ပြတာ ဆိုပေမယ့် ဆင်ခြေပေးခြင်းသာဖြစ်ပြီး အနှုတ်ဘက်ကိုသာဦးတည်စေပါတယ် ။ ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် တကယ်ကိုရည်ရွယ်ထားတယ်ဆိုရင် ချစ်သူနှစ်ယောက်မှာ ပွင့်လင်းရိုးသားပြီး နားလည်မှုရှိဖို့သာ လိုပါတယ် ။ အရွဲ ့တိုက်ခြင်းဆိုတာ ချစ်သူနှစ်ယောက်မှာတင်မဟုတ်ပါဘူး
အိမ်ထောင်ကျသွားသည့်တိုင်အောင် မရှိသင့်တဲ့ တလွဲမာနမျိုးသာ ဖြစ်တယ် ။


0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook