
ကိုယ့်ကျိုးကိုယ်ပဲ ကြည့်တတ်သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးပါပဲနော်။ တစ်ဖက်လူအတွက် ဘယ်လိုဖြစ်သွားမလဲဆို တာ သူတို့တွေရဲ့ စိတ်ထဲမှာနည်းနည်းလေးတောင် တွေးမကြည့်မိ ဘူးလားလို့ မေးပြန်လိုက်ရင်လည်း တကယ်ပါ သူတို့ကိုယ်တိုင်လုံး ဝကို မတွေးမိတတ်ကြပါဘူး။ တစ်ဖက်လူအတွက် ဘယ်လိုမှမခံ စားပေးတတ်ကြလို့ ကိုယ့်အကျိုးပဲ ကြည့်တတ်သူတွေလို့ ဆိုကြ တာ မမှားပါဘူး။ ကိုယ်ကသာစေ၊ သူကနာစေ ဆိုတာမျိုးနဲ့ ကိုယ် အဆင်ပြေဖို့ဆိုရင် သူများဘဝတွေ ဖျက်ဆီးနင်းချေရင် ချေရလည်းပဲ အဆင်ပြေဖို့ သူတို့နင်းသွားကြမှာပါပဲ။
ဘာလို့ ဒီလိုတစ်ကိုယ်ကောင်းဆန်ကြရသလဲဆိုတာ သူတို့ကိုယ်တိုင် တစ်ကိုယ်ကောင်းဆန်ခြင်းရဲ့ ဒုက္ခကိုမခံစားဖူးကြလို့ပါပဲ။ လူ တွေက အဆင်မပြေမှု၊ဒုက္ခတွေကို ကိုယ်ကိုတိုင်ခံစားဖူးကြမှ စာနာနားလည်တဲ့ ခံစားမှုကို ရရှိကြမှာပါ။ ကိုယ်ကိုတိုင် မခံစားဖူးသရွေ့ တော့လေ ဘယ်တော့မှ တပါးသူရဲ့ ခံစားချက်ကို စာနာနားလည် ပေးတတ်ကြမှာမဟုတ်ပါဘူး။ ကိုယ့်အလှည့်ကျမှ ရင်ထုမနာနဲ့၊ လောကကြီးကပဲ မတရားလုပ်တယ်လေးနဲ့ လူကြားကောင်းအောင် ဝမ်းနည်းအော်ဟစ်ကြတာမျိုးတွေ ရှိလာပါလိမ့်မယ်။
မိသားစုတွင်းမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေကြားမှာပဲဖြစ်ဖြစ်၊ လုပ် ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အပြင်လောကနေရာမျိုးစုံမှာပဲ ဖြစ်ဖြစ် ဒီလို တစ်ကိုယ်ကောင်းသမားတွေ ရှိတတ်ကြပါတယ်။ ကိုယ်လိုအပ်တဲ့ အချိန်ဆို အပေါင်းအသင်းလုပ်တယ်။ ကိုယ်မလိုအပ်တဲ့အချိန်ဆို လှည့်တောင် ခေါ်ဖော်မရခဲ့ဘူး။ ကိုယ်ဒုက္ခရောက်နေချိန်ဆို တစ်ပါး သူတွေကို အကူအညီတောင်းတတ်ကြတယ်။ ကိုယ်က ကူညီပေးရ မယ့် အချိန်တွေဆို မသိချင်ယောင်ဆောင်ထားကြတယ်။
ဒီလို တစ်ကိုယ်ကောင်းသမားတွေရဲ့ အရှုံးကဘယ်တော့လဲဆိုရင် သူတို့အတွက် ဆိုးရွားတဲ့နာမည်နဲ့ ပတ်ဝန်းကျင်ကလူတွေရဲ့ အ ပေါင်းအသင်းမလုပ် ရှောင်ဖယ်ခြင်းတွေရလာတဲ့ အချိန်တွေမှာပါပဲ။ လူတိုင်းအပေါ် တစ်ကိုယ်ကောင်းဆန်တတ်တဲ့လုပ်ရပ်တွေ ကျူး လွန်ပြီးတဲ့နောက်မှာ သူကို့တစ်ကိုယ်ကောင်းသမားတစ်ယောက်လို့ သတ်မှတ်ပြီး အနားကနေ အားလုံးရှောင်ခွာသွားကြတော့မှာပါပဲ။ အလုပ်ကိစ္စဖြစ်ဖြစ်၊ မိသားစုကိစ္စဖြစ်ဖြစ် ဘယ်အရေးတွေမှ ကိုယ့် အတွက် ထည့်မစဉ်းစားပေးတော့ပဲ ကိုယ့်ကိုလည်း ဘယ်လိုအခွင့် အရေးမှ၊ဘယ် လိုနေရာပေးခြင်းတွေမှ မရှိကြတော့မှာပါပဲ။ ဒီအချိန်မှ ကိုယ်အခက် အခဲဖြစ်နေချိန်၊ ဒုက္ခရောက်နေချိန် ဘယ်သူကမှ လည်း မကူညီနိုင်ကြတော့တဲ့ အချိန်မှ ကိုယ့်အလှည့်တစ်ကိုယ် ကောင်းဆန်ခဲ့ခြင်းရဲ့ အကျိုးဆက် ဆုတ်ယုတ်ပျက်စီးခြင်းကို ကောင်းကောင်း နားလည်သွားပါလိမ့်မယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။