
တစ်ပါးသူရဲ့ဘဝတွေကို လှေကားခင်းနင်းလျှောက်သွားပြီး အောင်မြင်လာ
ပျော်ရွှင်မှုတွေကို ခံစားချင်လို့လား….
မခံစားချင်ပါနဲ့လား… ဒီက ရလာတဲ့ပျော်ရွှင်မှုက တဒင်္ဂသာယာ ကောင်း သာယာပါလိမ့်မယ်။ လောကကြီးက အနိမ့်အမြင့်အတက်အကျနဲ့ လည် ပတ်နေတဲ့ ချားရဟတ်ကြီးလိုပါပဲ။ ကိုယ်အတက်အ လှည့်မှာ သူများဘဝတွေ နင်းချေပြီး တက်သွားလို့ရမယ့်အောင်မြင် မှုအ တွက် ပျော်ရွှင်ရတာထက် ကိုယ်အကျအလှည့်မှာ ကိုယ့်ကိုပြန်နင်းမယ့် ခြေထောက်တွေက ပိုပြီးကြောက် စရာကောင်းပါတယ်။
တစ်ပါးသူရဲ့မျက်ရည်တွေနဲ့ ရင်းပြီးတော့မှရလာတဲ့ ကိုယ့်အတွက် စိတ်ချမ်းသာမှုမှာ သာယာချင်လို့လား ။
မသာယာချင်ပါနဲ့လား… မျက်ရည်ဆိုတာ သောကပူလောင်ခြင်း ကြောင့် ကျရတာပါ။ သူတစ်ပါးသောကရောက်မှ ကိုယ်စားဝင်အိပ် ပျော်၊ စိတ်ချမ်း သာမှုက ပျော်ရွှင်ရခြင်းအစစ်မဟုတ်ပါဘူး။ သူတစ်ပါး ပူလောင်သော ကရောက်အောင် လုပ်ခဲ့တဲ့ကိုယ့်ရဲ့ ကံကတစ် ချိန် ပြန်လည်ပေါ်လာတဲ့အ ခါကျကိုယ်ကြောင့် တစ်ပါးသူကျခဲ့တဲ့ မျက်ရည်တွေထက် ပိုပြီးပူလောင်သော ကရောက်တဲ့ မျက်ရည်တွေ ကျရပါလိမ့်မယ်။
တစ်ပါးသူရဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စိတ်ပျော်ဖို့အတွက် စိတ် ကြိုက်ကစားချင်လို့လား….
မကစားချင်ပါနဲ့လား…. ချစ်ခြင်းမေတ္တာတရားဆိုတာ ကစားဖို့သက် သက်အတွက် ဖန်တီးထားတာမှမဟုတ်တာပဲ။ လူတစ်ယောက် ကိုယ့် အပေါ်ကို ချစ်နေတာက မုန်းနေတာထက်စာရင် ကောင်းတဲ့အရာမဟုတ် ပါလား။ ကိုယ့်ကိုချစ်လို့ ကိုယ်ကပြန်မချစ်နိုင်လည်း နေပါ။ ချစ်သလိုလိုနဲ့ တစ်ပါးသူရဲ့ အချစ်ကိုမကစားပါနဲ့။ အရူးမလုပ်မိ ပါစေနဲ့။ ချစ်ခြင်းမေတ္တာ တရားဆိုတာ အပြန်အလှန်ရှိပါတယ်။ ကိုယ်က အရူးလုပ်ပြီး ကစားခဲ့ရင် ကိုယ့်ရဲ့အချစ်တွေလည်း တစ်ချိန်ကျအရူးလုပ် ကစားခံရမှာပါ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။