Huawei မှတရားဝင် တင်သွင်းခြင်းမရှိသည့် သည့် စမတ်ဖုန်းများ ဈေးကွက်တွင်းပျံ့နှံ့လျက်ရှိပြီး သုံးစွဲသူနှင့် မြန်မာပြည်တွင်း တရားဝင် ဖွင့်လှစ်ထားသော Huawei Services Center တို့အကြား နားလည်မှုလွဲပြီး အဆင်မပြေမှုဖြစ်ပွားနေတယ်လို့ သိရပါတယ် ။ ဈေးကွက်အတွင်း တရားဝင် ဖြန့်ချိထားခြင်းမရှိပဲ Honor 4A၊ Honor 5X၊ Honor 4C၊ Honor 7၊ Honor 7i နှင့် Honor Enjoy 5S တို့ ပျံ့နှံ့လျက်ရှိနေပါတယ် ။ ယခုဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာပြည် Huawei ရုံးချုပ်ရဲ့  တရားဝင် သတင်းထုတ်ပြန်ချက်ကို Huawei ဖုန်းသုံးစွဲသူများ သတိပြုရလေအောင် ကူးယူဖော်ပြပေးလိုက်ရပါတယ် ။
Huawei ၏ တရားဝင် Service Center များတွင် Huawei မှ တရားဝင်တင်သွင်းထားခြင်းမရှိသော ဟန်းဆက်များကို လာရောက်ပြုပြင်ကြသည်ကို တွေ့ရှိရပါသည်။ ဈေးကွက်ထဲတွင် Huawei မှ တရားဝင်မတင်သွင်းထားသည့် ဟန်းဆက် များဖြစ်သည့် Honor 4A၊ Honor 5X၊ Honor 4C၊ Honor 7၊ Honor 7i နှင့် Honor Enjoy 5S တို့ကို တွေ့ရှိနေရသည့်အတွက် သုံးစွဲသူများမှ သတိပြုပြီး ၀ယ်ယူစေနိုင်ရန် အကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါ၍ ထိုဟန်းဆက် မော်ဒယ်လ်များကို ၀ယ်ယူထားရှိသော သုံးစွဲသူများအနေဖြင့် အရည်အသွေးနှင့်ပတ်သက်သော ပြဿနာများဖြစ်ပေါ်ပါက မိမိတို့ဝယ်ယူခဲ့သော ဖုန်းဆိုင်များကိုသာ ဆက်သွယ်ကြပါရန် ပန်ကြားအပ်ပါသည်။ Huawei ၏ တရားဝင် Service Center များတွင် တရားဝင်တင်သွင်းထားသော ဟန်းဆက်များကိုသာ ပြုပြင်ပေးလျက်ရှိပါသည်။ Huawei မှ တရားဝင်တင်သွင်းထားခြင်းမရှိသော ဟန်းဆက်များကို ၀ယ်ယူမိပါက Huawei မှပေးအပ်သော အောက်ပါ ၀န်ဆောင်မှုများမရရှိနိုင်ပါ။
Ø တစ်နှစ်အာမခံ အခမဲ့ပြုပြင်ပေးသော ၀န်ဆောင်မှု မရရှိနိုင်ခြင်း။
Ø သုံးစွဲထားသောအပိုပစ္စည်းများမှာ original မဟုတ်သည့်အတွက် အရည်အသွေးကိုစိတ်ချ၍မရနိုင်ခြင်း။
Ø ဘက်ထရီမှာလည်း original မဟုတ်သည့်အတွက် ကြာရှည်အသုံးမခံနိုင်ခြင်း။
Ø Huawei တရားဝင် software များထည့်သွင်းထားခြင်းမဟုတ်သောကြောင့် လက်ကိုင်ဖုန်းနှင့်ကိုက်ညီမှု မရှိနိုင်ခြင်း။
Huawei မှ တရားဝင်တင်သွင်းထားသော ဟန်းဆက်များဟုတ်မဟုတ် စစ်ဆေးနိုင်သော နည်းလမ်းများ
Huawei မှ သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန်အတွက် အစဉ်အမြဲ ၀န်ဆောင်မှုပေးဆောင်ရွက်လျက်ရှိပါသည်။ Huawei မှ တရားဝင်တင်သွင်းထားသော ဟန်းဆက်များအသုံးပြုသူများအတွက် Service Center များတွင် အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
Ø တစ်နှစ်အာမခံဖြင့် အခမဲ့ပြင်ဆင်ပေးသော ဝန်ဆောင်မှုများပေးအပ်ခြင်း။
Ø ၁၀၀% Original အပိုပစ္စည်းများ အသုံးပြုထားခြင်း။
Ø Original ဘက်ထရီ သုံးစွဲထားခြင်း။
Ø လက်ကိုင်ဖုန်းနှင့် ကိုက်ညီမှုရှိသော Huawei တရားဝင် software များ ထည့်သွင်းပေးထားခြင်း။
Ø တရားဝင် ပစ္စည်းဖြစ်သည့်အတွက် Huawei မှ ပေးအပ်သော အထူး Service promotion များကိုလဲ ခံစားခွင့်ရရှိနိုင်ခြင်း။
ထို့အပြင် မော်ဒယ်လ်မြင့်ဖုန်းများဖြစ်သည့် Mate7၊ P8၊ G7Plus အစရှိသည့် ဟန်းဆက်များအတွက် VIP Services များကို သီးသန့်ဝန်ဆောင်မှုပေးလျက်ရှိသည်။ VIP Service တွင် VIP ၀န်ဆောင်မှု ကောင်တာသီးသန့်ထားရှိပေးထားသည့် အတွက် စောင့်ဆိုင်းရန်မလိုဘဲ မိမိဖုန်းကို ပြသနိုင်ခြင်း၊ ဖုန်းပြင်ဆင်ချိန် တစ်ရက်သာ ကြာမြင့်ခြင်း၊ ဖုန်းကို စမ်းသပ်ပေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ Version Update ပြုလုပ်ပေးခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို အခမဲ့နှစ်ကြိမ်ပြုလုပ်ပေးခြင်းတို့ပါဝင်ပါသည်။
Huawei Service Center များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ မူဆယ်၊ ပြည် စသောမြို့များတွင် ဖွင့်လှစ်ထားရှိပါသည်။ ထို့ပြင် Huawei မှ Service Center မရှိသေးသောမြို့များ (လားရှိုး၊ မြိတ်၊ ဘားအံ၊ ထားဝယ်၊ တောင်ငူ၊ မြ၀တီ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ မြင်းခြံ၊ ကျိုင်းတုံ၊ ကလေး၊ မကွေး၊ ပခုက္ကူ ) က ဖုန်းဆိုင်များတွင် Huawei Collection Point များ ဖွင့်လှစ်ထားပြီး ထို Collection Point တွင် မိမိတို့ပြုပြင်လိုသော ဟန်းဆက်များကို သွားရောက်ပေးထားလျှင် Huawei မှ အခမဲ့သယ်ယူပေးပြီး နီးစပ်ရာ Huawei Service Center များသို့ ပို့ဆောင်ပြုပြင်ပေးမည်ဖြစ်ပါသည်။ ထို့ပြင် Huawei သီးသန့် Hotline ကိုလည်း ထားရှိပေးထားပြီး Hotline နံပါတ် ၀၁-၉၀၀၀၉၀၀ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။
သုံးစွဲသူများ သတိပြုမိနိုင်စေရန် Huawei
မှ အကြောင်းကြားခြင်း

No.
|
Huawei မှ တရားဝင်
တင်သွင်းထားသော ပစ္စည်းဆိုလျှင်
|
No.
|
Huawei မှ တရားဝင်မတင်သွင်းထားသော
ပစ္စည်းဆိုလျှင်
|
၁။
|
မြန်မာနိုင်ငံသို့
တရားဝင်တင်သွင်းသော လက်ကိုင်ဖုန်းများ၏ ဘူးခွံပေါ်တွင် တရုတ်စာလုံးများပါဝင်ခြင်းမရှိပါ။
|
၁။
|
တရုတ်စာလုံးများပါဝင်နိုင်ပါသည်။
|
၂။
|
Huawei ၏အာမခံစစ်ဆေးသော
လင့်ခ် http://consumer.huawei.com/mm/support/warranty-query/index.htm ကိုသုံး၍သော်လည်းကောင်း၊
Wechat/viber တို့မှတဆင့် QR code ကို scan ဖတ်၍ မိမိဖုန်း၏ အာမခံသက်တမ်းကာလကို စုံစမ်းစစ်ဆေးနိုင်သည်။
|
၂။
|
ထိုလင့်ခ် နှင့်စစ်ဆေးလိုက်ပါက
“ Huawei မှတရားဝင်တင်သွင်းထားသောလက်ကိုင်ဖုန်းမဟုတ်ပါ” ဟုတွေ့ရမည်ဖြစ်သည်။
|
၃။
|
Huawei
Original ပစ္စည်းမှန်ကန်ပါက စမတ်ဖုန်းဘူးခွံပေါ်တွင် warranty logo ပါဝင်သည်။
|
၃။
|
Warranty logo မပါဝင်ပါ/
ပါဝင်သော်လည်း ယခင်လက်ဟောင်း warranty logo များဖြစ်နိုင်ပါသည်။
|
၎။
|
စမတ်ဖုန်းဘူးခွံပေါ်တွင်
ကပ်ထားသော IMEI/SN/MEID စသောနံပါတ်များသည် စမတ်ဖုန်း၏ IMEI/SN/MEID စသောနံပါတ်များနှင့်
ကိုက်ညီမှုရှိရမည်။( *#06# ကိုရိုက်နှိပ်၍ မိမိလက်ကိုင်ဖုန်း၏ IMEI/SN/MEID နံပါတ်များကို စစ်ဆေးနိုင်ပါသည် )
|
၎။
|
ကိုက်ညီမှုမရှိဘဲ
ကွဲလွဲနေသည်။
|
၅။
|
စမတ်ဖုန်းဘူးအတွင်းတွင်
Huawei ၏တရားဝင် အာမခံကတ်ပြားပါဝင်သည်။
|
၅။
|
Huawei ၏တရားဝင်
အာမခံကတ်ပြားမပါဝင်ပါ။