Friday, March 18, 2016


Shwe Innlay's photo.
တစ်နေ့မှာ
အရင်လို မချစ်နိုင်တော့ဘူးဆိုရင်လည်း…. ပြန်ချစ်ပေးဖို့ မပြော တော့ပါဘူး။ အရင်တုန်းက ချစ်ခဲ့ကြတဲ့အချိန်တွေကိုပဲအမြတ်တနိုး တန်ဖိုးထား သိမ်းဆည်း လိုက်တော့မယ်။
တစ်နေ့မှာ
အရင်လို ဂရုမစိုက်နိုင်တော့ဘူးဆိုရင်လည်း….ဆူပှုမှုတွေနဲ့ ဂရုစိုက် မှုတွေကို မတောင်းခံတော့ဘူး။ အရင်တုန်းက ဂရုစိုက်ပေးခဲ့တဲ့ အချိန်တွေကိုပဲ ပြန် လည်သတိတရရှိ နေလိုက်တော့မယ်။
တစ်နေ့မှာ
အရင်လို ကြင်နာမှုတွေ၊ စိတ်ပူပန်ပေးမှုတွေမရှိနိုင်တော့ဘူးဆိုရင် လည်း…. အရင်တုန်းကကြင်နာပေးခဲ့တာတွေ၊ စိုးရိမ်ပေးခဲ့တာတွေအတွက် ကျေးဇူး တင်အမှတ်ရနေလိုက်တော့မယ်။
တစ်နေ့မှာ
အရင်လို သတိရလွမ်းဆွတ်မှုတွေမရှိတော့ဘူးဆိုရင်လည်း….. သတိရရှိမှုတွေရှိလာအောင် ပင်ပန်းခံပြီး မကြိုးစားတော့ဘူး။ အရင် တုန်းကလွမ်းလွမ်းဆွေးဆွေးတမ်းတခဲ့တဲ့ အချိန်တွေအကြောင်း စဉ်းစားပြီးနေလိုက်တော့မယ်။
တစ်နေ့မှာ
အရင်လို ပျော်ရွှင်မှုတွေ၊ စိတ်ချမ်းသာမှုတွေ မလုပ်ပေးနိုင်တော့ ဘူးဆိုရင်လည်း….. စိတ်မဆိုတော့ဘူး။ ဒေါသမဖြစ်တော့ဘူး။ အရင်တုန်း က ပျော်စရာအချိန်လေးတွေ၊ စိတ်ချမ်းသာခဲ့ရတာလေး တွေနဲ့ အစားထိုးပြီးနေ သာလိုက်တော့မယ်။
တစ်နေ့မှာ
အရင်လိုဆုံစည်းခွင့်မရှိတော့ဘူးဆိုရင်လည်း….. တွေ့ဆုံကြဖို့ မမျှော်လင့်တော့ဘူး။ အရင်တုန်းက စဆုံဖြစ်ခဲ့တဲ့အချိန်ကလေးတွေကိုပဲ အမှတ်တရရင်ထဲ ထာဝရ သိမ်းဆည်းထားလိုက်တော့မယ်။
တစ်နေ့နေ့မှာ
ခွဲခွာရမှာကိုသိထားတဲ့ သူတစ်ယောက်အဖို့…… ဆုံစည်းခြင်းတွေ ရှိတုန်း ပျော်ရွှင်နေခဲ့ရသလောက်… ခွဲခွာခြင်းတွေအတွက်လည်း ပူလောင်ခြင်းနဲ့ အဆုံးသတ်ရမဲ့အစား ပျော်ရွှင်ခြင်းတွေ နဲ့ပဲခွဲခွာရဖို့ ကြို တင်ပြင်ဆင်ထားလိုက်တော့မယ်…..
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook