Friday, March 18, 2016


Shwe Innlay's photo.


တချို့သောစကားတွေက ပြောခွင့်ရှိတယ်ဆိုပေမယ့် မပြောသင့်တဲ့ စကားတွေဖြစ်နေတယ်… စကားလုံးတစ်လုံး၊ စကားတစ်ခွန်းကြောင့် တစ်ပါးသူပျက်စီးရတာမျိုး၊ အကျိုးယုတ်ရတာမျိုး၊ ဘဝနဲ့ရင်းပြီးတစ်သက်တာ နာကျင်ခံစားသွားရတာမျိုး၊ ဘယ်တော့မှမေ့မရတော့တဲ့ ဒဏ်ရာတွေ ရသွားတာမျိုးဆိုရင်တော့…. မပြောလိုက်တာပိုကောင်းပါတယ်။ သူလည်းအကျိုးမရှိ၊ ကိုယ်လည်းအကျိုးမရှိတဲ့ စကားခွန်း တွေကို ရှောင်ကြဉ် လိုက်ပါ။

တချို့အရာတွေက လုပ်ခွင့်ရှိတယ်ဆိုပေမယ့် မလုပ်သင့်တဲ့အ ရာ တွေ ဖြစ်နေတယ်…. ကိုယ်ကလုပ်ပိုင်ခွင့်ရထားလို့ လုပ်တော့မယ့် အရာတစ်ခုက အခြားသူတစ်ယောက်အတွက် ဒုက္ခဖြစ်သွားတာမျိုး၊ အခက်အခဲဖြစ်သွားတာမျိုး၊ တစ်ပါးသူမျက်ရည်တွေ ပါနေပြီးတော့ ကိုယ့်အတွက် အဆင်ပြေမယ့်အရာတွေကို မလုပ်လိုက်တာပို ကောင်းပါတယ်။


တချို့နေရာတွေက နေခွင့်ရှိတယ်ဆိုပေမယ့် မနေသင့်တဲ့အရာတွေ ဖြစ်နေ တယ်။ ကိုယ့်အတွက်နေရာ လို့ ပြောထားတဲ့နေရာတွေက ကိုယ်နဲ့ ဘယ်လိုအဆင်မပြေဘူး။ ကိုယ်နဲ့သဟဇာတမဖြစ်၊ မလိုက် ဖက်တဲ့နေရာမျိုး၊ ကိုယ့်အတွက် ဘာအကျိုးမှမရှိတဲ့နေရာမျိုးဆိုရင် အဲ့လိုနေရာမျိုးတွေမှာ မနေ လိုက်တာပိုကောင်းပါတယ်။

တချို့အမှားတွေက မှားခွင့်ရှိတယ်ဆိုပေမယ့် မမှားသင့်တဲ့အမှား တွေဖြစ်နေ တယ်။ ကိုယ့်ကမသိလိုက်လို့၊ နားမလည်သေးလို့၊ မရင့် ကျက်သေးလို့ အကြောင်းအမျိုးမျိုးကြောင့် မှားခွင့်ရှိပေမယ့် အဲ့ဒီအ
မှားတွေက နောင် အခါဘယ်လိုမှပြင်လို့မရတော့တဲ့ အမှားမျိုး၊ ဒီအ မှားတွေကြောင့် ဘယ်လိုမှအစားထိုးမရတော့တဲ့ အရာတွေဆုံးရှုံး သွားရတာ မျိုးတွေကြောင့် မမှားသင့်တာကို သတိထားလိုက်ပါ။

တချို့သူတွေက ပေါင်းခွင့်ရှိတယ်ဆိုပေမယ့် မပေါင်းသင့်တဲ့ သူတွေ ဖြစ်နေ တတ်တယ်။ ကိုယ့်အသိုင်းအဝိုင်းပတ် ဝန်းကျင်က မြင်နေကျ၊ တွေ့နေ ကျလူတွေ၊ သူငယ်ချင်း၊ မိတ်ဆွေတွေဖြစ်လို့ အပေါင်းအ သင်းအဆက်အ ဆံလုပ်လို့ရပေမယ့် ဒီလူတွေထဲမှာ ကိုယ့်အပေါ်ဟန်ဆောင်လိမ်ညာ တဲ့လူတွေ၊ ကိုယ်တန်ဖိုးထားတာတွေကို တန်ဖိုး မသိသူတွေ၊ ကိုယ့်အပေါ် တန်ပြန်တဲ့တလေးတစားဆက်ဆံမှုတွေ မရှိသူတွေ၊ ကိုယ်ကကောင်းသလို ကိုယ့်အပေါ်ပြန်မကောင်းပေး နိုင်တဲ့ သူတွေကို မပေါင်းသင်းပဲ ခပ်ခွာခွာနေ လိုက်တာ ပိုကောင်းပါတယ်။

တချို့သူတွေကို ချစ်ခွင့်ရှိတယ်ဆိုပေမယ့် မချစ်သင့်တဲ့သူတွေ ဖြစ် နေ တတ်ပါတယ်။ ကိုယ့်အချစ်တွေကို တန်ဖိုးမထား၊ မလေးစား တဲ့သူတွေကို မချစ်ပါနဲ့။ ကိုယ်ကချစ်သလောက် ကိုယ့်အပေါ်ကျ ချစ်ချင်ယောင်ဆောင် လှည့်ဖျားတတ်တဲ့သူတွေကို မချစ်ပါနဲ့။ ပေး ဆပ်သလောက် ပြန်ရဖို့ မမျှော် လင့်ဘူးဆိုရင်တောင် ကိုယ်ပေးတာကို အသိမှတ်ပြု ကျေးဇူးတင်နေ တတ်တဲ့သူတွေမဟုတ်ရင်မချစ် တော့တာ ပိုကောင်းပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook