
ကျွန်မတို့လူသားတွေအားလုံးအတွက် နေ့သစ်တစ်ခုစတင်ဖို့ မနက် ခင်းတိုင်းက သိပ်ကိုအရေးကြီးပါတယ်။ မနက်ခင်း အိပ်ယာထဲကနေ မျက်လုံးနှစ်လုံး စဖွင့်ပြီဆိုတာနဲ့ အကောင်းဆုံးနေ့ရက်တစ်ရက်ကို ဖြတ်သန်းနိုင်ဖို့လိုပါတယ်။ စိတ်ကြည်လင် လန်းဆန်းတက်ကြွနေတဲ့ မနက်ခင်းတစ်ခုကနေ အောင်မြင်ပျော်ရွှင်ရတဲ့ နေ့ရက်တစ်ရက်ကို ဖန်တီးနိုင်ဖို့ ရိုးရှင်းလွယ်ကူတဲ့ မနက်ခင်းမှာလုပ်ဆောင်သင့်တဲ့ အပြုအမူလေးတွေကို မျှဝေပေးချင်ပါတယ်။
၁။ အိပ်ယာထဖို့ သတ်မှတ်ထားတဲ့အချိန်ထက် တစ်နာရီစောပြီးကြို ထပါ။ ကြိုပြီးစောနိုးနေတဲ့အတွက် တစ်ရက်တာဘာတွေလုပ်ဆောင် ရမလဲဆိုတဲ့အကြောင်းတွေကို အိပ်ယာထဲကနေ တွေးပြီးစီမံဖို့ အချိန်ရပါတယ်။ အချိန် စောနေသေးတဲ့အတွက် မိမိတစ်ကိုယ်ရည် လုပ်ဆောင်မှုတွေအ တွက် အလောတကြီးပြင်ဆင်စရာမလိုပါဘူး။ အလုပ်ကိစ္စအပြင် တခြားရုတ်တရက်ပေါ်လာတဲ့ အရေးပေါ်ကိ စ္စတွေအတွက်ကိုလည်း အခြေအနေအလိုက် အပြောင်းအလဲလုပ် နိုင်ဖို့ အချိန်ရသွားပါတယ်။
၂။ မနက်ခင်းကနေ စတင်ပြီး တစ်နေ့တာ လုပ်ဆောင်ရမယ့်ကိစ္စ တွေအပေါ် အာရုံစိုက်စီမံပါ။ သုတေသနပြုသူတွေရဲ့ လေ့လာချက် တွေအရ မနက်ခင်းနိုးနိုးချင်းမှာ မိမိစိတ်ဝင်စားတဲ့အကြောင်းအရာ တစ်ခုခုပေါ် နှစ်မိနစ်ခန့်အာရုံစိုက်တာတို့၊ အကောင်းစိတ်မြင်တာ တို့ လုပ်ဆောင်ခြင်းပြီး တစ်နေ့တာလုံးဖြတ်သန်းရမယ့် သင့်ရဲ့တစ် နေ့တာလုံး စိတ်ခံစားမှုကြည်လင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။
၃။ မနက်စာလုံလုံ လောက်လောက်သုံးဆောင်ပါ။ အချိန်ဆိုတာ တစ်ခါတစ်လေမှာ အရသာခံဖို့လည်းဖြစ်သွားတတ်ပါတယ်။ သင့် ရဲ့အစားအစာ စားသုံးတဲ့အချိန်မှာတော့ အရသာရှိရှိ စားသောက် သင့်ပါတယ်။ မနက်ခင်းစာတစ်နပ်ကို ကောင်းကောင်းမွန်မွန်နဲ့ အာဟာရမျှတစွာ စားသောက် နိုင်ခဲ့မယ်ဆိုရင် ကျန်းမာတဲ့နေ့ရက် တစ်ရက်ကို ပိုင်ဆိုင်နိုင်ပြီလို့ လည်းဆိုနိုင်ပါတယ်။
၎။ စိတ်အေးချမ်းစေမယ့် သီချင်းသံတွေ၊ စိတ်ဓာတ်ခွန်အားဖြစ်စေ မယ့်၊ စိတ်ဓာတ်တက်ကြွစေမယ့် တေးဂီတတွေကို နားဆင်ပါ။ စိတ် အေးချမ်းစေမယ့် တရားတော်တွေ၊ တရားသီချင်းတွေ နားဆင်ခြင်း မိမိစိတ်ကိုငြိမ်းချမ်းစေနိုင်ပါတယ်။ နောက်ပြီး တက်တက်ကြွကြွ သီချင်းသံတွေကို ရေချိုးရင်း ဟစ်အော်သီဆိုလိုက်တာတို့၊ သီချင်း သံတစ်ညဉ်းညဉ်းနဲ့ လိုက်ဆိုတာတို့က တခြားစိတ်ရှုပ်ရမယ့်အတွေး တွေမရောက်ပဲ မနက်ခင်းမှာ စိတ်ကြည်လင်စေနိုင်ပါတယ်။
၅။ နိုးထလာတဲ့ မနက်ခင်းကို သွက်သွက်လက်လက်နဲ့ စတင် လိုက်ပါ။ အိပ်ယာပေါ်ကနေစပြီးတော့ ဆင်းလိုက်ပြီဆိုတာနဲ့ သွက် လက်လှုပ် ရှားမှုရှိနေပါစေ။ လေးဖျင့်တွဲနေတာမျိုး၊ အပျင်းဆန့်ပြီး ငူငူငိုင်ငိုင်ဖြစ်နေ တာမျိုးက သင့်တစ်နေ့လုံးကို ပျင်းရိစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ခပ်ပြင်းပြင်းလေး လုပ်လိုက်တာတို့၊ ပြေး လိုက်တာတို့၊ ဒါမှမဟုတ် မနက် စာပြင်ဆင်လိုက်ပါ။ တစ်ရက်တာ လုပ်ဆောင်စရာရှိတဲ့ ကိစ္စတွေကိုတက် တက်ကြွကြွနဲ့ လုပ်ဆောင်လိုက်ပါ။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။