Monday, January 12, 2015
4:41 AM
Unknown
ပညာပေးစာတို
No comments
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
၁ . ရနေသည်ထက် ပို၍လောဘကြီးခြင်း
အသင်းအဖွဲ နဲ့ အလုပ်လုပ်တဲ့အခါ လူညီဖို့ဆိုတာ အင်မတန်ခက်ပါတယ် ။ အကျိုးမြတ်ရလာလို့ ခံစားတဲ့အခါ တူညီနေရင်တောင် သူကပိုပင်ပန်းလို့ ၊ ကိုယ်ကပိုပင်ပန်းလို့ ဆိုပြီး ရနေတာထက် ရလိုခွင့် လောဘစိတ်တွေ ဝင်လာတတ် ပါတယ် ။ ရယူလိုခွင့် ၊ ရပိုင်ခွင့်လောဘတွေကြီးလာရင် အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်တွေများလာပြီး အဖွဲ့စည်းတစ်ခု ပျိုကွဲဖို့ရာ အဓိက အကြောင်းအရာ ဖြစ်လာစေပါတယ် ။
၂ . နေရာတကာ လိုက်ပါခြင်း
ဟိုတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ဒီတစ်ယောက်လုပ်လည်း ကိုယ်ကသိချင် ၊ ကိုယ်က ဗဟုသုတရချင်လို့ သိချင်တာမှန်ပေမယ့် အတူတွဲလုပ်ရတဲ့ သူတွေအတွက် အင်မတန် စိတ်ကသိကအောင့်ဖြစ်ရပါတယ် ။ ကိုယ်လုပ်နေတဲ့ အပိုင်းကလွဲလို့ အခြားကဏ္ဍကို အသေးစိတ်
လိုက်သိချင်တာမျိုးကို ရှောင်ကြဉ်စေချင်ပါတယ် ။ ဒီလိုမှမဟုတ် ပါလေရာ ကိုယ်က သိချင်နေရင်တော့ အဖွဲ့အစည်းတစ်ခု ပျိုကွဲဖို့ အကြောင်းအရာ ဖြစ်လာစေပါတယ် ။
၃ . မာနစိတ်တွေရှိနေခြင်း
လုပ်ငန်းအကြောင်းနဲ့ပတ်သက်လို့ အပြည့်အဝနားမလည်ဘူး ၊ ကိုယ်ကလည်း ဦးမဆောင်နိုင်ဘူး ၊ ဒါပေမယ့် သူများဦးဆောင်တာကိုလည်း ကိုယ်က မလိုက်ချင်တဲ့ တလွဲမာနစိတ်တွေ ဝင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ် ။ ကိုယ်လည်း မတတ်တဲ့အရာတစ်ခုကို တတ်သရောင် (သို့မဟုတ်)
ဒီအဖွဲ့နဲ့မလုပ်ရလဲ ဘာမှမဖြစ်ဘူး ၊ ဝ မရှိပဲ ဝိလုပ်တဲ့ တလွဲမာနမျိုးတွေ ရှိနေမယ်ဆိုရင်တော့ အဖွဲ့အစည်းတစ်ခု ပျိုကွဲဖို့ရာ ဖြစ်လာစေပါတယ် ။
၎. အဆိုးမြင်ဝါဒရှိခြင်း
ဒီကိစ္စမှာ ကိုယ်နစ်နာသွားပြီ ၊ ကိုယ်အကြောခံလိုက်ရပြီလို့ စိတ်အထင်နဲ့ ဘယ်သူဘာလုပ်လုပ် အဆိုးမြင်အကြည့်နဲ့ ရယူလိုခွင့်လောဘ ၊ အစွန်းရောက်သော အတွေးအခေါ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ် ။ အသင်းအဖွဲ့ ပျိုကွဲဖို့ရာ အကြောင်းအရာ တစ်ရပ်ဖြစ်ပါတယ် ။
ဒါကြောင့် အသင်းအဖွဲ့များစည်းလုံးဖို့ရာ -
၁ . ရပိုင်ခွင့် ၊ ရယူလိုခွင့် လောဘစိတ်ကို ထိန်းချုပ်ပါ
၂ . အကောင်းမြင်စိတ်ရှိပါ
၃ . ကိုယ်မတတ်သည့်အရာကို တတ်သလို အာမခံချက်မပေးမိပါစေနဲ့
၎ . နေရာတကာသိချင်တာမျိုးရှောင်ကြဉ်ပြီး ကိုယ့်အပိုင်းကို တာဝန်ကျေပါ
၅ . တလွဲမာန မထားပါနဲ့
၆ . သစ္စာရှိပါ
အသင်းအဖွဲ့နဲ့ လုပ်ဆောင်ကြသော အဖွဲ့အစည်းများ ၊ လုပ်ငန်းများ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာ အကြုံပြုရေးသားလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။