Monday, October 12, 2015
2:15 AM
Unknown
လူငယ္ႏွင့္လုပ္ငန္းခြင္
No comments
[Zawgyi]
ခြန္ေန - Khun Nay
၁ . အနာဂတ္ကုိ ႀကဳိတင္စိတ္ကူးယဥ္ထားရပါမယ္
ကုိယ့္လုပ္မယ့္ အလုပ္ဟာ ေႏွာင္လာမယ့္ ႏွစ္ေတြအတြင္း ဘယ္ေလာက္ႀကီးထြားလာမယ္ ၊ ဘယ္လုိေျပာင္းလဲ သြားႏုိင္တယ္ဆုိတာ ႀကဳိတင္စိတ္ကူးယဥ္ထားဖုိ႔လိုပါတယ္ ။ အနာဂတ္အတြက္ ကုိယ့္စီမွာ စိတ္ကူးေကာင္းေကာင္းရွိမွ အိပ္မက္ေတြကုိ အေကာင္ထည္ေဖာ္ တည္ေဆာက္ႏုိင္မွာပါ ။
၂ . အေကာင္းျမင္စိတ္ ေမြးထားႏုိင္ရမယ္
အဆုိးအေကာင္း ဒြန္တြဲတာ သဘာဝဆုိေပမယ့္ လူေတာ္ေတာ္မ်ားဟာ အေကာင္းျမင္စိတ္ ေမြးဖုိ႔ အေတာ္ေလး ခက္ခဲတယ္ ။ လုပ္ငန္းသေဘာမွာ အဆုိးျမင္စိတ္ေတြမ်ားေနမယ္ဆုိရင္ အမွားေတြတုိးလာႏုိင္ၿပီး လုပ္ငန္းေအာင္ျမင္ဖုိ႔အတြက္ အခက္အခဲ ျဖစ္လာေစပါတယ္ ။ ဒါေၾကာင့္ ကုိယ့္လုပ္ငန္း ေအာင္ျမင္ဖုိ႔အတြက္ ေရရွည္ေရွးရႈထားတယ္ဆုိရင္ အေကာင္းျမင္စိတ္ရွိဖုိ႔ဟာ အလြန္အေရးႀကီးတယ္ ။
၃. အရႈံးေတြကုိ ရင္ဆုိင္ရဲရပါမယ္
ေအာင္ျမင္တဲ့လူတုိင္း ၊ က်ရႈံးဖူးပါတယ္ ။ ဆုိလုိခ်င္တာက လူတုိင္းက်ရႈံးျခင္းကုိရင္ဆုိင္ ရပါလိမ့္မယ္ ။ ဒါေပမယ့္ စိတ္ပ်က္ မသြားဖုိ႔ေတာ့လိုတယ္ ။ အရႈံးထဲက သင္ခန္းစာရွာၿပီး ေရွ ႔ဆက္ဖုိ႔ အားသစ္ေတြ ရွိေနရပါမယ္ ။
၄ . ပတ္ဝန္းက်င္ေလ့လာအားေကာင္းရပါမယ္
ကုိယ္လုပ္တဲ့ လုပ္ငန္းေပၚမူတည္ၿပီး လုိအပ္ရင္ ခရီးထြက္သင့္ရင္လည္း ထြက္ရပါမယ္ ။ ေဒသတစ္ခုနဲ႔တစ္ခု မတူကြဲျပားတဲ့ အေလ့အထေတြ ရွိတာေၾကာင့္ ကုိယ့္လုပ္ငန္းတုိးတက္ဖုိ႔ ပတ္ဝန္းက်င္ကုိ ေလ့လာႏုိင္စြမ္းရွိဖုိ႔လုိပါတယ္ ။ အိမ္ မွာ ငုတ္တုပ္ထုိင္ၿပီး စိတ္ကူးယဥ္တာထက္ အျပင္ေလာကကုိ လက္ေတြ႔က်က် ေလ့လာတာက ပုိၿပီး အက်ဳိးရွိေစပါလိမ့္မယ္ ။
၅ . Partner ေကာင္းေကာင္း ရွာထားႏုိင္ရပါမယ္
လုပ္ငန္းတစ္ခုေအာင္ျမင္ဖုိ႔အတြက္ တစ္ဦးတစ္ေယာက္တည္း စြမ္းေဆာင္ႏုိင္ဖုိ႔ဆုိတာ မျဖစ္ႏုိင္ပါဘူး ။ အႀကံအဥာဏ္ေကာင္းေပးႏုိင္တဲ့လူ နဲ႔ မိတ္ေဆြေကာင္း ရွိဖုိ႔ အလြန္အေရးႀကီးတယ္ ။ ဒါမွသာလ်င္ လုပ္ငန္း ေအာင္ျမင္မွာျဖစ္ၿပီး ေရရွည္ရပ္တည္ႏုိင္မွာပါ ။ လုပ္ငန္းတစ္ခုေအာင္ျမင္ဖုိ႔ အတြက္အေရးႀကီးတဲ့ အခ်က္တစ္ခ်က္လုိ႔ဆုိႏုိင္ပါတယ္ ။
၆ . အခက္ခဲ အတားအဆီးေတြ ေက်ာ္ႏုိင္ရပါမယ္
ဘယ္အလုပ္မဆုိ လြယ္လြယ္ကူကူ အဆင္ေျပေခ်ာေမြ႔စြာ ၿပီးဆုံးသြားတယ္ဆုိတာ မရွိပါဘူး ။ သူ႔နည္းသူ႔ဟန္နဲ႔ အခက္အခဲ အတားအဆီးကေတာ့ ရွိၾကစၿမဲပါ ။ အခက္အခဲအတားအဆီးေတြ ႀကဳံလာတဲ့အခါက်ရင္လည္း စိတ္ပ်က္မသြားဖုိ႔နဲ႔ ဒီအခက္အခဲဲကုိ ဘယ္လုိေျပာင္းႏုိင္သလဲ ဆုိတာ ႀကဳိးစားေျဖရွင္းႏုိင္ဖုိ႔ အဆင့္သင့္ ျဖစ္ေနရပါမယ္ ။
၇ . စြန္႔စားႏုိင္ရပါမယ္
ႀကီးမားတဲ့ စြန္႔စားမႈမရွိရင္ ႀကီးမားတ့ဲ ေအာင္ျမင္မႈမ်ဳိးမရႏုိင္ပါဘူးဆုိတဲ့ စကားပုံေတာင္ရွိပါတယ္ ။ လုပ္ငန္းလုပ္တဲ့အခါ တစ္ခါတေလ ရင္းႏွီးျမဳပ္ႏွံမႈမွာ စြန္႔စားမႈရွိရသလုိ ၊ တခါတေလ လုပ္အားအရပါ စြန္႔စားလိုက္ရတာမ်ဳိးရွိတတ္ပါတယ္ ။ စြန္႔စားမႈမွာလည္း ေရြးခ်ယ္မႈ မွန္ကန္ဖုိ႔လုိသလုိ အကယ္လုိ႔ ဆုံးရႈံးခဲဲ့ရင္လည္း အေစာက ကြ်န္ေတာ္ေျပာခဲ့တဲ့ အခ်က္ - ၃ ကုိျပန္ၿပီး အမွတ္ရဖုိ႔လုိပါတယ္ ။
၈ . ကုိယ့္ပတ္ဝန္းက်င္မွာ လူေကာင္းေတြ ေမြးထားႏုိင္ရပါမယ္
ဒီတစ္ခ်က္ကလည္း အလြန္အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ပဲ ။ လုပ္ငန္းေအာင္ျမင္ဖုိ႔တင္မဟုတ္ပါဘူး ။ လူတစ္ေယာက္ ေအာင္ျမင္ဖုိ႔ ၊ အျမင့္ကုိေရာက္ဖုိ႔ဆုိတာ ေဘးပတ္ဝန္းက်င္ေကာင္း မရွိပဲ မရႏုိင္ပါဘူး ။ ပတ္ဝန္းက်င္ေကာင္း အဆက္အသြယ္ေကာင္းရွိမွသာ ေအာင္ျမင္မႈရဖုိ႔ ပုိၿပီးလြယ္ကူေစပါတယ္ ။
၉ . ေမးခြန္းေမးရမွာကုိ ဘယ္ေတာ့မွမရွက္ပါနဲ႔
ပညာရွိေတြေျပာခဲဲ့တဲ့စကားပုံတစ္ခုရွိပါတယ္ ။ မသိတဲ့အရာကုိ ေမးခြန္းေမးလုိက္လုိ႔ ၅ မိနစ္ေလာက္ပဲ လူေတြအထင္ေသးတာခံရင္ ခံရလိမ့္မယ္ ၊ ၅ မိနစ္ေလာက္ အထင္ေသးခံရမွာရွက္လုိ႔ မေမးပဲေနမယ္ ဆုိရင္ေတာ့ တစ္သက္လုံး လူေတြအထင္ေသးတာကုိခံရပါလိမ့္မယ္ ။ ဒါေၾကာင့္ ေမးခြန္းေမးရမွာ ေလ့လာသင္ယူရမွာကုိ အရွက္အေၾကာက္ႀကီးေနလုိ႔မရပါဘူး ။
၁၀ . ဒီေန႔ထက္ေသခ်ာတာ ဘယ္အရာမွမရွိ
မနက္ျဖန္ေသရမယ္ဆုိတဲ့စိတ္နဲ႔ အသက္ရွင္ၿပီး ငါဘယ္ေတာ့မွ မေသေသးဘူးဆုိတဲ့စိတ္နဲ႔ ႀကဳိးစားလုပ္ကုိင္ပါ ။ ယေန႔ထက္ ေသခ်ာတာဘယ္အရာမွမရွိတဲဲ့အတြက္ ယေန႔လုပ္ရမယ့္အရာကုိ ၿပီးေျမာက္ေအာင္ လုပ္ခဲ့ပါ ။ မွန္ကန္တဲ့ ေရြးခ်ယ္မႈမ်ဳိးရွိေနပါေစ။
ခြန္ေန - Khun Nay
www.khunaymedia.com
[Unicode]
အောင်မြင်တဲ့လုပ်ငန်းရှင်တိုင်း ကြုံတွေ့ရမယ့်/ရှိထားရမယ့် ၁၀ ချက်
ခွန်နေ - Khun Nay
၁ . အနာဂတ်ကို ကြိုတင်စိတ်ကူးယဉ်ထားရပါမယ်
ကိုယ့်လုပ်မယ့် အလုပ်ဟာ နှောင်လာမယ့် နှစ်တွေအတွင်း ဘယ်လောက်ကြီးထွားလာမယ် ၊ ဘယ်လိုပြောင်းလဲ သွားနိုင်တယ်ဆိုတာ ကြိုတင်စိတ်ကူးယဉ်ထားဖို့လိုပါတယ် ။ အနာဂတ်အတွက် ကိုယ့်စီမှာ စိတ်ကူးကောင်းကောင်းရှိမှ အိပ်မက်တွေကို အကောင်ထည်ဖော် တည်ဆောက်နိုင်မှာပါ ။
၂ . အကောင်းမြင်စိတ် မွေးထားနိုင်ရမယ်
အဆိုးအကောင်း ဒွန်တွဲတာ သဘာဝဆိုပေမယ့် လူတော်တော်များဟာ အကောင်းမြင်စိတ် မွေးဖို့ အတော်လေး ခက်ခဲတယ် ။ လုပ်ငန်းသဘောမှာ အဆိုးမြင်စိတ်တွေများနေမယ်ဆိုရင် အမှားတွေတိုးလာနိုင်ပြီး လုပ်ငန်းအောင်မြင်ဖို့အတွက် အခက်အခဲ ဖြစ်လာစေပါတယ် ။ ဒါကြောင့် ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် ရေရှည်ရှေးရှုထားတယ်ဆိုရင် အကောင်းမြင်စိတ်ရှိဖို့ဟာ အလွန်အရေးကြီးတယ် ။
၃. အရှုံးတွေကို ရင်ဆိုင်ရဲရပါမယ်
အောင်မြင်တဲ့လူတိုင်း ၊ ကျရှုံးဖူးပါတယ် ။ ဆိုလိုချင်တာက လူတိုင်းကျရှုံးခြင်းကိုရင်ဆိုင် ရပါလိမ့်မယ် ။ ဒါပေမယ့် စိတ်ပျက် မသွားဖို့တော့လိုတယ် ။ အရှုံးထဲက သင်ခန်းစာရှာပြီး ရှေ ့ဆက်ဖို့ အားသစ်တွေ ရှိနေရပါမယ် ။
၄ . ပတ်ဝန်းကျင်လေ့လာအားကောင်းရပါမယ်
ကိုယ်လုပ်တဲ့ လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ရင် ခရီးထွက်သင့်ရင်လည်း ထွက်ရပါမယ် ။ ဒေသတစ်ခုနဲ့တစ်ခု မတူကွဲပြားတဲ့ အလေ့အထတွေ ရှိတာကြောင့် ကိုယ့်လုပ်ငန်းတိုးတက်ဖို့ ပတ်ဝန်းကျင်ကို လေ့လာနိုင်စွမ်းရှိဖို့လိုပါတယ် ။ အိမ် မှာ ငုတ်တုပ်ထိုင်ပြီး စိတ်ကူးယဉ်တာထက် အပြင်လောကကို လက်တွေ့ကျကျ လေ့လာတာက ပိုပြီး အကျိုးရှိစေပါလိမ့်မယ် ။
၅ . Partner ကောင်းကောင်း ရှာထားနိုင်ရပါမယ်
လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် တစ်ဦးတစ်ယောက်တည်း စွမ်းဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။ အကြံအဉာဏ်ကောင်းပေးနိုင်တဲ့လူ နဲ့ မိတ်ဆွေကောင်း ရှိဖို့ အလွန်အရေးကြီးတယ် ။ ဒါမှသာလျင် လုပ်ငန်း အောင်မြင်မှာဖြစ်ပြီး ရေရှည်ရပ်တည်နိုင်မှာပါ ။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ အတွက်အရေးကြီးတဲ့ အချက်တစ်ချက်လို့ဆိုနိုင်ပါတယ် ။
၆ . အခက်ခဲ အတားအဆီးတွေ ကျော်နိုင်ရပါမယ်
ဘယ်အလုပ်မဆို လွယ်လွယ်ကူကူ အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး ။ သူ့နည်းသူ့ဟန်နဲ့ အခက်အခဲ အတားအဆီးကတော့ ရှိကြစမြဲပါ ။ အခက်အခဲအတားအဆီးတွေ ကြုံလာတဲ့အခါကျရင်လည်း စိတ်ပျက်မသွားဖို့နဲ့ ဒီအခက်အခဲဲကို ဘယ်လိုပြောင်းနိုင်သလဲ ဆိုတာ ကြိုးစားဖြေရှင်းနိုင်ဖို့ အဆင့်သင့် ဖြစ်နေရပါမယ် ။
၇ . စွန့်စားနိုင်ရပါမယ်
ကြီးမားတဲ့ စွန့်စားမှုမရှိရင် ကြီးမားတဲ့ အောင်မြင်မှုမျိုးမရနိုင်ပါဘူးဆိုတဲ့ စကားပုံတောင်ရှိပါတယ် ။ လုပ်ငန်းလုပ်တဲ့အခါ တစ်ခါတလေ ရင်းနှီးမြုပ်နှံမှုမှာ စွန့်စားမှုရှိရသလို ၊ တခါတလေ လုပ်အားအရပါ စွန့်စားလိုက်ရတာမျိုးရှိတတ်ပါတယ် ။ စွန့်စားမှုမှာလည်း ရွေးချယ်မှု မှန်ကန်ဖို့လိုသလို အကယ်လို့ ဆုံးရှုံးခဲဲ့ရင်လည်း အစောက ကျွန်တော်ပြောခဲ့တဲ့ အချက် - ၃ ကိုပြန်ပြီး အမှတ်ရဖို့လိုပါတယ် ။
၈ . ကိုယ့်ပတ်ဝန်းကျင်မှာ လူကောင်းတွေ မွေးထားနိုင်ရပါမယ်
ဒီတစ်ချက်ကလည်း အလွန်အရေးကြီးတဲ့ အချက်တစ်ချက်ပဲ ။ လုပ်ငန်းအောင်မြင်ဖို့တင်မဟုတ်ပါဘူး ။ လူတစ်ယောက် အောင်မြင်ဖို့ ၊ အမြင့်ကိုရောက်ဖို့ဆိုတာ ဘေးပတ်ဝန်းကျင်ကောင်း မရှိပဲ မရနိုင်ပါဘူး ။ ပတ်ဝန်းကျင်ကောင်း အဆက်အသွယ်ကောင်းရှိမှသာ အောင်မြင်မှုရဖို့ ပိုပြီးလွယ်ကူစေပါတယ် ။
၉ . မေးခွန်းမေးရမှာကို ဘယ်တော့မှမရှက်ပါနဲ့
ပညာရှိတွေပြောခဲဲ့တဲ့စကားပုံတစ်ခုရှိပါတယ် ။ မသိတဲ့အရာကို မေးခွန်းမေးလိုက်လို့ ၅ မိနစ်လောက်ပဲ လူတွေအထင်သေးတာခံရင် ခံရလိမ့်မယ် ၊ ၅ မိနစ်လောက် အထင်သေးခံရမှာရှက်လို့ မမေးပဲနေမယ် ဆိုရင်တော့ တစ်သက်လုံး လူတွေအထင်သေးတာကိုခံရပါလိမ့်မယ် ။ ဒါကြောင့် မေးခွန်းမေးရမှာ လေ့လာသင်ယူရမှာကို အရှက်အကြောက်ကြီးနေလို့မရပါဘူး ။
၁၀ . ဒီနေ့ထက်သေချာတာ ဘယ်အရာမှမရှိ
မနက်ဖြန်သေရမယ်ဆိုတဲ့စိတ်နဲ့ အသက်ရှင်ပြီး ငါဘယ်တော့မှ မသေသေးဘူးဆိုတဲ့စိတ်နဲ့ ကြိုးစားလုပ်ကိုင်ပါ ။ ယနေ့ထက် သေချာတာဘယ်အရာမှမရှိတဲဲ့အတွက် ယနေ့လုပ်ရမယ့်အရာကို ပြီးမြောက်အောင် လုပ်ခဲ့ပါ ။ မှန်ကန်တဲ့ ရွေးချယ်မှုမျိုးရှိနေပါစေ။
ခွန်နေ - Khun Nay
www.khunaymedia.com
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။