Tuesday, March 22, 2016


Shwe Innlay's photo.


ချစ်ခြင်းမေတ္တာမှာ ထာဝရအမြဲတမ်းအတွက်မဟုတ်တဲ့ အနှစ်မပါတဲ့အချစ် တုတွေနဲ့ တွေ့လာရတဲ့အခါမှာတော့ တကယ့်ချစ်ခြင်း အစစ်အမှန် ကို တောင့်တမိတယ်….အပေါ်ယံဟန်ဆောင်ကောင်း ချစ်ပြနေတဲ့ ချစ်ခြင်းတွေကနေ လွတ် မြောက်လာပြီးတဲ့နောက်မှာ….. ထာဝရအတွက် ရည်ရွယ်ပြီး အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာအစစ်နဲ့ပဲ ဆုံချင်တော့တယ်…

အရင်တုန်းက လိုချင်ခဲ့တဲ့ သည်းသည်းလှုပ်ချစ်ပြနေတဲ့ ချစ်သူမျိုး မဟုတ်တော့ပဲ.. 
ကိုယ့်ကိုနှလုံးသားထဲက အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်မြတ်နိုးတဲ့ ချစ်သူကိုပဲ လိုချင်တော့တယ်။


အရင်တုန်းက လိုချင်ခဲ့တဲ့ ရုပ်ချောပြီး ကြည့်ကောင်းလွန်းတဲ့ ချစ်သူမျိုးမ ဟုတ်ပဲ….မျက်နှာမများပဲ တည်တည်ကြည်ကြည်ရှိတဲ့ ချစ်သူမျိုးကိုပဲ လိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ ဥစ္စာပညာတွေ အများကြီးတတ်မြောက် ထားတဲ့ ချစ်သူမျိုးမဟုတ်တော့ပဲ… ကိုယ်နဲ့လက်တွဲသွားတဲ့အချိန်မှာ အေးအတူပူအ မျှနေနိုင်မယ့်ချစ်သူမျိုး၊ အတတ်ပညာတွေမတတ် မြောက်ထားပေမယ့် လော ကကြီးရဲ့အသိပညာတွေတတ်မြောက်နေ ပြီး စိတ်ဓာတ်ကောင်းတဲ့ ချစ်သူကိုပဲ လိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ ရိုမန်းတစ်ဆန်ဆန်၊ အနုအရွစိတ်လှုပ်ရှား စရာလက်ဆောင်လေးတွေ ဖန်တီးပေးနိုင်မယ့် ချစ်သူမျိုးမဟုတ် တော့ပဲ…. သူ့စိတ်ထဲမှာဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်ဆိုပြီး သတိတရရှိပေးတဲ့ ချစ်သူကို ပဲလိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ အဆောင်အယောင် ဥစ္စာပစ္စည်းတွေနဲ့ ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ ချစ်သူမျိုးမဟုတ်တော့ပဲ… သူ့ရဲ့အချစ် တွေနဲ့လုံခြုံနွေးထွေးတဲ့ အနာဂတ်ကို အတူပုံဖော်ပေးနိုင်မယ့် ချစ်သူကိုပဲ လိုချင်တော့တယ်။

အရင်တုန်းက လိုချင်ခဲ့တဲ့ ချစ်တာတွေ၊ ဂရုစိုက်တာတွေ၊ စိတ်ပူပန် ပေး တာတွေ၊ လူသိရှင်ကြားဖြစ်စေမယ့်ချစ်ခြင်းတွေအစား…. နှစ်ယောက် တည်းသာ နှလုံးသားချင်းနီးစပ်ပြီး အရာရာနားလည် သည်းခံခွင့်လွှတ်ပေး တတ်တဲ့ ချစ်သူကိုပဲ လိုချင်တော့တယ်။

ကိုယ့်ချစ်သူရဲ့ အပေါ်ယံမြင်တွေ့နိုင်တဲ့ ရုပ်ရည်ရူပကာ၊ ပိုင်ဆိုင်မှုတန်ဖိုးတွေ၊ အတုအယောင် ဖန်တီးထားတဲ့ တခဏချစ်ခြင်းတွေ ထက်စာရင်…..
ကိုယ့်အပေါ် ရင်ဘတ်ထဲကလာတဲ့ ချစ်ခြင်းမေတ္တာတရားတွေ၊ ကိုယ်ချင်းစာ စာနာနားလည်မှု၊ ကူညီဖေးမစောင့်ရှောက်မှု၊သည်းခံ ခွင့်လွှတ်ပေးမှု၊ ငြိမ်းချမ်းပြီးလုံခြုံတဲ့ ချစ်ခြင်းမေတ္တာစစ်တွေကို ထာဝရ ပေးစွမ်းနိုင်တဲ့ချစ်သူမျိုးနဲ့ လက်တွဲသွားချင်တော့တယ်……

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook