Wednesday, April 22, 2015


ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

အာရှတိုက်မှာ ဂျပန် ၊ ထိုင်း ၊ ကိုးရီးယားတို့ဟာ အင်္ဂလိပ်စာ အတော်ညံ့တယ်လို့ ပြောလေ့ရှိကြတယ် ။ ကျွန်တော်လည်း မရောက်ဖူးတော့ သေချာမသိဘူး ။ ဒါပေမယ့် အပြင်မှာတွေ့ဖူးတဲ့ ထိုင်း ၊ ကိုးရီးယားတို့ကတော့ အင်္ဂလိပ်စာ အသံထွက်အတော်ညံ့တာကို နားထောင်ခဲ့ဖူးတယ် ။ ဒါနဲ့ ပတ်သက်လို့ ဂျပန်ကို အင်္ဂလိပ်စာ ညံ့တဲ့အကြောင်း ဟာသလုပ်ရေးထားတာလေး ဖတ်လိုက်ရတော့ 
သင်ခန်းစာ တစ်ခုရမိတယ် ။
ဂျပန်ဝန်ကြီးချုပ် Mori ဟာ အမေရိကန် သမ္မတ အိုဗားမားရဲ့ ဖိတ်ခေါ်မှုအရ အိမ်ဖြူတော် ကိုရောက်ရှိ လာတယ် ။ ဂျပန်ဝန်ကြီးချုပ်က အင်္ဂလိပ်စကား မပြောတတ်တဲ့အတွက် စကားပြန်ကို အတူခေါ်လာရတာပေါ့ ။ ဒါပေမယ့် နှုတ်ဆက်စကားဆိုမယ့် အခြေခံအပြောလောက်တော့ ဘာသာပြန်ပေး နေရရင် အထင်သေးမှာ ဆိုးတာနဲ့ စကားပြန်ကို အကူအညီတောင်းလို့ အိမ်ဖြူတော်မရောက်ခင် လမ်းပေါ်မှာ ကြိုတင်လေ့ကျင့်သွားပါတယ် ။
စကားပြန်က " ဟိုကိုရောက်တာနဲ့ အိုဗားမားကို လက်ဆွဲနှုတ်ဆက်ရင်း How r u ? လို့စတင်ပြီး ပြောလိုက်ရင်ရပါပြီ ၊ ဒါဆိုရင်သူက i'm fine, and you? လို့ ပြန်မေးလိုက်ပါမယ် ၊ အဲ့ကျရင် ဝန်ကြီးချုပ်က ကျွန်တော်လည်း ခင်ဗျားလိုပဲ ကျန်းမာပါတယ်ဆိုတဲ့အကြောင်း me too လို့ ပြန်ပြောလိုက်ရင် အဆင်ပြေပါပြီခင်ဗျ " ။
ဝန်ကြီးချုပ်ကလည်း စကားပြန်သင်ကြားပေးထားတာကို မှတ်သားလို့ အိမ်ဖြူတော်ကိုရောက်ရှိ လို့လာပါတယ် ။ ဒါနဲ့ အိုဗားမားနဲ့ အတွေ့ လက်ဆွဲ နှုတ်ဆက်ရင်း How r u ? လို့ပြောရမယ့်အစား Who r u ? လို့ မှားယွင်းစွာ ပြောမိပါတယ် ။ သမ္မတ အိုဗားမား အတော်လေးမှင်သက်သွားတယ် ။ ပြီးမှ စနောက်တယ်အထင်နဲ့ " ငါ Michelle ရဲ့  အမျိုးသားပါ ၊ ဟဟ " လို့ရယ်မောစွာနဲ့ ပြန်ပြီး နှုတ်ဆက်ပါတယ် ။ ဝန်ကြီးချုပ် Mori ကလည်း အားကျမခံ ရယ်မောစွာနဲ့ " me too, ha-ha....... " လို့ပြန်ပြောပါတယ် ။ အစည်းဝေးခန်းမ တစ်ခုလုံး အချိန်တော်တော်ကြာ တိတ်ဆိတ်လို့ စကားပြန်ခမျာ ငိုရခက် ၊ ရယ်ရခက် ဒုက္ခရောက်ခဲ့ရပါတယ် ။ ဒါပါပဲ ။

တွေးကြည့်ရင်တော့ ရယ်ချင်စရာဆိုပေမယ့် အင်္ဂလိပ်စကားက အတော်လေး အရေးပါ
အရာရောက်ကြောင်း သင်ခန်းစာရစေတယ် ။ ကျွန်တော်လည်း ဒီနေ့ထိ အင်္ဂလိပ် စကားပြော ကောင်းကောင်း မတတ်သေးဘူး ။ မြန်မာပြည်ရဲ့  လစာမြင့် အလုပ်အကိုင် ၉၀ ရာခိုင်နှုန်းလောက် ကြည့်လိုက်ရင် အင်္ဂလိပ်စာ မပါရင်မပြီးတဲ့ အခြေအနေဖြစ်နေတာကိုတွေ့ရတယ် ။ နိုင်ငံခြား ကုမ္ပဏီတွေလည်း တော်တော်ဝင်ရောက်လာတယ် ။ ဒါကြောင့် လူဝင်ဆံ့အောင်နဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် အရေးကြီးတဲ့ အင်္ဂလိပ်စကားကို သင်ယူဖို့အတွက် ဂျပန်ဝန်းကြီးချုပ် Mori ကတော့ ကျွန်တော့်အတွက် အကောင်းဆုံး
သင်ခန်းစာ ရစေပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

Tuesday, April 21, 2015


ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

တစ်စုံတစ်ယောက်အတွက် ကိုယ်ဟာ မပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်ခဲ့လို့
ဝမ်းနည်းရတဲ့အချိန် တစ်ဖက်မှာလည်း ကိုယ်မရှိရင် မပြည့်စုံတဲ့
လူတွေ ရှိနေတတ်ပြန်တယ် ။ ကိုယ်က အသုံးမလိုလို့
စွန့်ပစ်ခဲ့တဲ့ အရာက အခြားလူတစ်ယောက်အတွက် အသုံးဝင်နိုင်သလို
ကိုယ့်ကို အလိုမရှိတဲ့ ပတ်ဝန်းကျင်ရဲ့ တစ်ဖက်မှာလည်း
ကိုယ့်ကိုယ် တိတ်တဆိတ် စောင့်မျှော်နေတတ်တဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေတတ် ပြန်တယ် ။
တကယ်တော့ လူဆိုတာ မသိစိတ်က ရတဲ့စိတ်ရောဂါတစ်ခုဖြစ်တဲ့ ရတာမလို ၊ လိုတာမရ ဖြစ်နေရခြင်းပါ ။ အဆင်ပြေအောင်နေတတ်ရင်တော့ စိတ်ချမ်းသာ စရာတွေချည်းပဲ ။
Stay Special In Your Own Lettle Ways လို့ခေါ်တဲ့ Postive Thinking တစ်ခုရှိဖို့ပဲ လိုတာပါ ။ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိ လာပါလိမ့်မယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

Sunday, April 19, 2015



ခွန်နေ - Khun Nay

မိတ်ဆွေတု ဆိုတာ သကြားလုံးနဲ့တူပြီး ချိုမြိန်တဲ့ အရသာကို မိနစ်ပိုင်းလေးပဲ လျှာကို အရသာ ခံစေတယ် ။ 
သူငယ်ချင်းကောင်းဆိုတာ သကြားလုံးလို လျှာဖျားမှာတင်မဟုတ်ပဲ ရင်ဘက်ထဲက နှလုံးသားကိုပါ ချိုမြိန်အောင် လုပ်ဆောင်ပေးနိုင်တယ် ။

Saturday, April 18, 2015


ခွန်နေ - Khun Nay

၁). မိဘ ၊ အချိန် နဲ့ အခွင့်အရေး ဒီသုံးခုဟာ ပြန်အစားထိုးလို့မရတဲ့
အရာတွေဖြစ်တယ် ။ ဒါပေမယ့် အရာအားလုံးကို လွန်ခဲ့ပြီးမှ
ကျွန်တော်တို့တွေ နောင်တ ရကြတာ များတယ် ။

၂). ဘဝအတွက် တန်ဖိုးအရှိဆုံးအရာ သုံးခုရှိတယ် ။
အချစ်ဆိုတဲ့အရာရယ် ၊ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိဖို့ရယ် ၊
သူငယ်ချင်းကောင်းရယ် ။ ဒါပေမယ့် ကျွန်တော်တို့ ရှာဖွေဖို့ ခက်ခဲတယ် ။

၃). ကျွန်တော်တို့မှာ မျော်လင့်ချက်တွေ ရှိကြတယ် ။ ရိုးသားမှုကိုလည်း မြတ်နိုးတယ် ။ တစ်ဦးနဲ့တစ်ဦး မနာလိုခြင်း မရှိ ၊ ဟန်ဆောင်မှုကင်းကင်းနဲ့ ငြိမ်းချမ်းစွာအတူတကွ ယှဉ်တွဲ နေထိုင်ဖို့အတွက် တောင်းတကြတယ် ။ ဒါပေမယ့် လုပ်ဆောင်ကြတဲ့ အပြုအမူတိုင်းဟာ ဆန်ကျင့်ဘက်တွေ သာများတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

Tuesday, April 14, 2015



ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
(Lauching Colour မှကိုးကားထားသည်။)

တစ်နေ့က ကျွန်တော့်ဆိုင်ကို အဖွားအိုတစ်ယောက် သူ့ရဲ့ ဖုန်းကို ပြင်ဖို့လာပြတယ် ။ ဒါနဲ့ ကျွန်တော်စစ်ဆေး ကြည့်လိုက်တော့ ဖုန်းက အကောင်းတိုင်းရှိနေတာကိုတွေ့ရတယ် ။
" ဖုန်းက အကောင်းကြီးရှိသေးတယ် အဖွားရဲ့ ဘာမှ မဖြစ်ဘူး"
အဖွားအိုရဲ့ မျက်လုံးမှာ မျက်ရည်တွေစို့နစ်လာပြီး -
" ဒါဆို ငါ့သားသမီးတွေက အကောင်းကြီးရှိနေသေးတဲ့ ဒီဖုန်းကို
ဘာလို့ မခေါ်ကြတာလဲ "

သင်ခန်းစာ -
ကျွန်တော်တို့တွေ ကိုယ်စီအရွယ်ရလာတယ် ။ ဘဝရပ်တည်ဖို့အတွက်
ကြိုစားရုန်းကန်နေကြရပြီး ဝင်ငွေတွေ တိုးလာဖို့အတွက် ရှာဖွေနေရသလို
တစ်ဖက်မှာလည်း အရွယ်ကျလာပြီ ဖြစ်တဲ့ မိဘတွေကို မေ့လျော့နေ ခဲ့ကြတယ် ။ ကျွန်တော်တို့တွေ ကြိုးစားတဲ့ရလဒ်တိုးတက်လာတာနဲ့အမျှ တစ်ဖက်မှာလည်း မိဘတွေရဲ့ အသက်က တဖြေးဖြေး ကြီးရင့်လာတယ် ။
အဖွားအိုပေးတဲ့ သင်ခန်းစာက ကျွန်တော်တို့ မေ့လျော့နေခဲ့ကြတဲ့ မိဘတွေ
ကို အကောင်းဆုံးပြန်လည် သတိရစေခဲ့ပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Photo - Google

Tuesday, April 7, 2015



ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

လူတစ်ယောက်ကို ချစ်သူအဖြစ်တွဲဖို့ဆိုတဲ့ အရာက တကယ်တော့ ပေါ့သေးသေး ကိစ္စတော့ မဟုတ်ဘူး ။ သာမန် သူငယ်ချင်းဆိုတဲ့ အဆင့်တွေထက် အများကြီးကျော်ပြီး လူနှစ်ယောက် နှလုံးသားချင်း ပေါင်းစပ်လိုက်တာပဲ ။ ပိုပြီးလေးနက်အောင် ပြောရမယ်ဆိုရင် ကိုယ့်ချစ်သူဟာ ကိုယ့်အတွက် ဘဝလက်တွဲဖော် ဖြစ်သွားနိုင်သလို ကိုယ့်ရဲ့  ပါရမီဖြည့်ဘက်ကောင်းတစ်ယောက်အဖြစ် တစ်သက်လုံး အနားမှာရှိရင် ရှိသွားနိုင်ပါတယ် ။ ပေါ့ပျက်ပျက် လို့သဘောထားပြီး အပျော်ထားချင်တယ် ဆိုရင်တော့ ပေါ့ပျက်ပျက်သူ အချင်းချင်းနဲ့ပဲ တွဲပြီးကြိုက်လိုက်ပါ ။ အောင်မြင်မှု လမ်းပေါ်လျှောက်လှမ်းဖို့ ဘဝအတွက် ရုန်းကန်နေရတဲ့ လူတွေအပေါ် ပေါ့ပျက်ပျက်လို့ သဘောထားပြီး သူများရဲ့ အနာဂတ်ကို သွားပြီး မပျက်စီးမိပါစေနဲ့ ။


ပြီးတော့ ချစ်သူထားတယ်ဆိုတာ ကိုယ့်အနားမှာ တစ်ချိန်လုံးထားပြီး ကိုယ့်ရဲ့  အချိန်တွေ အားလုံးကို ပုံအောပြီးပေးဖို့ မဟုတ်ပါဘူး ။ တစ်ကယ်ကို လေးလေးနက်နက် ချစ်ပြီး တန်ဖိုးထားတယ်ဆိုရင် ဘဝကို လေးလေးနက်နက် အကောင်းဆုံး တည်ဆောက် ထားဖို့လိုပါတယ် ။ ရတဲ့မုန့်ဖိုးစု ၊ လစာထုတ်တဲ့အခါ မုန့်အတူတူစား ၊ anniversary ပြည့်တိုင်း လက်ဆောင်ပေး ၊ ဓာတ်ပုံအတူတူရိုက်တာမျိုးလောက် ပြီးဆုံးသွားတာ မဟုတ်ပါဘူး ။ ခနတာအတွက် ဆိုရင်တော့ ပျော်ရွှင်ကောင်း ပျော်ရွှင်ရ ပါလိမ့်မယ် ။ တစ်သက်လုံးအတွက် ရည်ရွယ်ထားတယ်ဆိုရင်တော့ ကိုယ့်ရဲ့  အနာဂတ်ကို အခုချိန်ကစလို့ အကောင်းဆုံး စတင်ဖန်တီးထားဖို့တော့ လိုပါလိမ့်မယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
https://www.facebook.com/KhunNayTunMedia

Saturday, April 4, 2015


ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

ချစ်သူနှစ်ယောက်မှာ နားလည်မှု လွဲတာ ဂရုစိုက်မှုလို့ခေါ်တဲ့ ဦးစားပေးမှု တစ်ခုကလည်း အပါအဝင်ပါ ။ ဂရုစိုက်မှုလို့ ခေါ်တဲ့ ဦးစားပေးမှုမှာ မိန်းကလေးတွေက အများဆုံး အလေးပေး ခံရလေ့ရှိပါတယ် ။ ဒါကလည်း အားနွဲ့ တဲ့ မိန်းကလေးတွေမို့လို့ ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အတွက်ကြောင့်ပါ ။ မေတ္တာဆိုတာ အလျား ၊ အနံ မရှိပေမယ့် ၊ အသွား အပြန်တော့ရှိတယ် ဆိုသလိုပေါ့ ။ မေတ္တာဆိုတဲ့ သဘောတရားကို ပြန်ပြောမယ်ဆိုရင် ယောင်္ကျားလေးက သက်သက် ၊ မိန်းကလေးက သက်သက်ရယ်လို့ ခွဲလို့ မရတော့ပါဘူး ။ ဘာလို့ လည်းဆိုတော့ လူတိုင်းမှာ ခံစားချက် ရှိတာကိုး ။ ဒါကြောင့် ခုနက ကျွန်တော်ပြောတဲ့ ဂရုစိုက်မှုဆိုတဲ့ အရာက မိန်းကလေးတွေ ချည်းပဲမှ မဟုတ်ပါဘူး ။ တစ်ခါတလေ ယောင်္ကျားရင့်မာကြီးတွေတောင်မှ ကိုယ့်ချစ်သူ မိန်းကလေးတွေ ဆီက ဂရုစိုက်မှုလေးကို ခံစားချင်တတ်ကြတယ် ။

ကိုယ်သူ့ကို စိတ်ပူပေးခဲ့သလို ၊ ကိုယ်သူ့ကို ဦးစားပေးခဲ့သလို ၊ သူဝမ်းနည်းတဲ့အချိန် ကိုယ်ပျော်ရွှင်အောင်လုပ်ပေးခဲ့သလို တစ်ခါတလေကျရင် ယောင်္ကျားတွေမှာလည်း
လိုအပ် နေတတ်တယ် ။ ကြိုးရဲ့ သဘောတရားလိုပေါ့ ။ ကြိုးကို လုံးဝ လျော့ထားလို့ချင်ရင် အဝေးဆုံးကိုရောက်သွားမှာပဲ ။ လျော့ထားပေးတဲ့ ကြိုးပိုင်ရှင်လေးကို ကိုယ့်ဆီနီးလာအောင် တခါတလေ ကိုယ်ဘက် ပြန်ဆွဲပေးတတ်ဖို့လိုတယ် ။ ကြိုးဆိုတာကလည်း သူ့အတိုင်းအတာနဲ့ သူပဲလေ ၊ အဝေးကြီးရောက်သွားလို့မှ မမှီတော့ရင် တင်းပြီး ပြတ်သွားမှာပဲ ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3


ကိုယ့်ထက် နိမ့်တဲ့လူတစ်ယောက်ကို တွဲခေါ်ခဲ့ဖူးတယ်ဆိုရင်
သူအောင်မြင်သွားတဲ့အခါ မုဒိတာပွားတတ်ဖို့တော့လိုတယ် ။

လူတစ်ယောက်ကို ကူညီခဲ့လို့ သူ့ဆီက တစ်ခုပြန်ရမှာပဲလို့
တွေးနေရင် အစကတည်းက လုံးဝမကူညီမိစေနဲ့ ။

အောင်မြင်မှု လမ်းကြောင်းပေါ် လျှောက်လမ်းနေတဲ့
လူကိုမင်းသွားပြီး မနာလိုမိစေနဲ့ ၊ ကိုယ်ကသာ ရပ်မနေဖို့ပဲလိုတယ် ။

ကြိုးစားနေတဲ့ လူတစ်ယောက်အတွက် နောက်ကျသွားတယ်ဆိုတာ
မရှိဘူး ။ ဒါပေမယ့် လမ်းကြောင်း မလွဲဖို့တော့ လိုတယ် ။

ခွန်နေ - Khun Nay 
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook