Wednesday, April 22, 2015


ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

အာရှတိုက်မှာ ဂျပန် ၊ ထိုင်း ၊ ကိုးရီးယားတို့ဟာ အင်္ဂလိပ်စာ အတော်ညံ့တယ်လို့ ပြောလေ့ရှိကြတယ် ။ ကျွန်တော်လည်း မရောက်ဖူးတော့ သေချာမသိဘူး ။ ဒါပေမယ့် အပြင်မှာတွေ့ဖူးတဲ့ ထိုင်း ၊ ကိုးရီးယားတို့ကတော့ အင်္ဂလိပ်စာ အသံထွက်အတော်ညံ့တာကို နားထောင်ခဲ့ဖူးတယ် ။ ဒါနဲ့ ပတ်သက်လို့ ဂျပန်ကို အင်္ဂလိပ်စာ ညံ့တဲ့အကြောင်း ဟာသလုပ်ရေးထားတာလေး ဖတ်လိုက်ရတော့ 
သင်ခန်းစာ တစ်ခုရမိတယ် ။
ဂျပန်ဝန်ကြီးချုပ် Mori ဟာ အမေရိကန် သမ္မတ အိုဗားမားရဲ့ ဖိတ်ခေါ်မှုအရ အိမ်ဖြူတော် ကိုရောက်ရှိ လာတယ် ။ ဂျပန်ဝန်ကြီးချုပ်က အင်္ဂလိပ်စကား မပြောတတ်တဲ့အတွက် စကားပြန်ကို အတူခေါ်လာရတာပေါ့ ။ ဒါပေမယ့် နှုတ်ဆက်စကားဆိုမယ့် အခြေခံအပြောလောက်တော့ ဘာသာပြန်ပေး နေရရင် အထင်သေးမှာ ဆိုးတာနဲ့ စကားပြန်ကို အကူအညီတောင်းလို့ အိမ်ဖြူတော်မရောက်ခင် လမ်းပေါ်မှာ ကြိုတင်လေ့ကျင့်သွားပါတယ် ။
စကားပြန်က " ဟိုကိုရောက်တာနဲ့ အိုဗားမားကို လက်ဆွဲနှုတ်ဆက်ရင်း How r u ? လို့စတင်ပြီး ပြောလိုက်ရင်ရပါပြီ ၊ ဒါဆိုရင်သူက i'm fine, and you? လို့ ပြန်မေးလိုက်ပါမယ် ၊ အဲ့ကျရင် ဝန်ကြီးချုပ်က ကျွန်တော်လည်း ခင်ဗျားလိုပဲ ကျန်းမာပါတယ်ဆိုတဲ့အကြောင်း me too လို့ ပြန်ပြောလိုက်ရင် အဆင်ပြေပါပြီခင်ဗျ " ။
ဝန်ကြီးချုပ်ကလည်း စကားပြန်သင်ကြားပေးထားတာကို မှတ်သားလို့ အိမ်ဖြူတော်ကိုရောက်ရှိ လို့လာပါတယ် ။ ဒါနဲ့ အိုဗားမားနဲ့ အတွေ့ လက်ဆွဲ နှုတ်ဆက်ရင်း How r u ? လို့ပြောရမယ့်အစား Who r u ? လို့ မှားယွင်းစွာ ပြောမိပါတယ် ။ သမ္မတ အိုဗားမား အတော်လေးမှင်သက်သွားတယ် ။ ပြီးမှ စနောက်တယ်အထင်နဲ့ " ငါ Michelle ရဲ့  အမျိုးသားပါ ၊ ဟဟ " လို့ရယ်မောစွာနဲ့ ပြန်ပြီး နှုတ်ဆက်ပါတယ် ။ ဝန်ကြီးချုပ် Mori ကလည်း အားကျမခံ ရယ်မောစွာနဲ့ " me too, ha-ha....... " လို့ပြန်ပြောပါတယ် ။ အစည်းဝေးခန်းမ တစ်ခုလုံး အချိန်တော်တော်ကြာ တိတ်ဆိတ်လို့ စကားပြန်ခမျာ ငိုရခက် ၊ ရယ်ရခက် ဒုက္ခရောက်ခဲ့ရပါတယ် ။ ဒါပါပဲ ။

တွေးကြည့်ရင်တော့ ရယ်ချင်စရာဆိုပေမယ့် အင်္ဂလိပ်စကားက အတော်လေး အရေးပါ
အရာရောက်ကြောင်း သင်ခန်းစာရစေတယ် ။ ကျွန်တော်လည်း ဒီနေ့ထိ အင်္ဂလိပ် စကားပြော ကောင်းကောင်း မတတ်သေးဘူး ။ မြန်မာပြည်ရဲ့  လစာမြင့် အလုပ်အကိုင် ၉၀ ရာခိုင်နှုန်းလောက် ကြည့်လိုက်ရင် အင်္ဂလိပ်စာ မပါရင်မပြီးတဲ့ အခြေအနေဖြစ်နေတာကိုတွေ့ရတယ် ။ နိုင်ငံခြား ကုမ္ပဏီတွေလည်း တော်တော်ဝင်ရောက်လာတယ် ။ ဒါကြောင့် လူဝင်ဆံ့အောင်နဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် အရေးကြီးတဲ့ အင်္ဂလိပ်စကားကို သင်ယူဖို့အတွက် ဂျပန်ဝန်းကြီးချုပ် Mori ကတော့ ကျွန်တော့်အတွက် အကောင်းဆုံး
သင်ခန်းစာ ရစေပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook