Sunday, June 19, 2016



Huawei ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei P9 ကို ဇွန်လ(၁၈)နေ့ Novotel Max Yangon Hotel မှာမိတ်ဆက်ပြသခဲ့ပါတယ်။ ထွက်ရှိခဲ့ဖူးတဲ့ အရင် Huawei စီးရီးနဲ့မတူညီတဲ့အချက်က P9 ဟာ Leica ရဲ့ ကင်မရာစွမ်းရည်ကို ဦးစားပေးတည်ဆောက်ထားခြင်းကြောင့်ဖြစ်တယ်။
“ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံတွေကို ဘယ်လိုအကောင်းဆုံးဖန်တီးနိုင်မလဲဆိုတာကို Huawei P9 ရဲ့ပြောင်းလဲမှုမှာမြင်တွေ့နိုင်ပါတယ်” လို့ Huawei Tech(YGN)CO., Ltd မှ မန်းနေဂျင်းဒါရိုက်တာ Mr. Zhang Li Man ကဆိုပါတယ်။ Huawei P9 မှာပါဝင်တဲ့ ကင်မရာကို ဓာတ်ပုံနဲ့ကင်မရာလောက မှနာမည်ကျော် Leica နဲ့ပေါင်းစပ်ဖန်တီးထားပြီး Camera Pixel 12MP နှင့် မှန်ဘီလူးနှစ်ခုပါဝင်လာကိုတွေ့ရှိခဲ့ရပါတယ်။ Huawei P9 ရဲ့အခြားသော အချက်အလက်များကတော့


- မျက်နှာပြင်အကျယ် ၅.၂ လက်မရှိပြီး Full HD အရည်အသွေးပါရှိတယ်
- ဘက်ထရီ 3000 mAh အထိပါဝင်တယ်၊
- TSMC 16VM fINfet Plus Chip နည်းပညာကိုအခြေခံပြီး Huawei ရဲ့နောက်ဆုံးနည်းပညာ Kirin ပါဝင်တဲ့အတွက် ယခင် Huawei P8 ထက် CPU စွမ်းဆောင်ရည် ၁၀၀% ပိုပြီးမြန်ဆန်စေပါတယ်
- Android စမတ်ဖုန်းရဲ့ နောက်ဆုံး OS Marshmallow 6.0 နဲ့အတူ မျက်နှာပြင်အရောင်အရည်အသွေးပိုမိုကောင်းမွန်စေမယ့် Emotion UI 4.1 INTERFACE အထိပါဝင်တယ်
- မှန်ဘီလူးနှစ်ခု 12MP Camera ကို RGB နှင့် BW အာရုံခံစနစ်ဖြည့်ပေးထားတယ်၊ ရှေ့ကင်မရာ 8MP ပါဝင်တယ်
- Internal Memory ကတော့ 32 GB နှင့် 64 GB ပါဝင်ပြီး 32 GB အတွက် RAM 3 GB နှင့် 64 GB အတွက် RAM 4GB ပါဝင်ပါတယ်
(မှတ်ချက်။ ။ ပြည်တွင်းမှာတော့ 64 GB ကိုရောင်းချပေးဦးမှာ မဟုတ်ပါဘူး)
- ဖုန်းတစ်ခုလုံးရဲ့ အလေးချိန် 144 ဂရမ်သာရှိပြီး ရွှေရောင်၊ မီးခိုးရောင်၊ ငွေရောင် သုံးမျိုးရှိတယ်





Huawei P9 ကို ဈေးနှုန်း ၅၅၉၀၀၀ ကျပ်နဲ့ ဇွန်လ ၂၅ ရက်နေ့ Junction Square နှင့် မန္တလေး Sky Walk Shopping Mall တို့တွင် ရောင်းချပေးသွားမှာဖြစ်ပြီး ပထမဆုံးဝယ်ယူသူ ၁၀ ဦး Huawei TalkBand B3 အပါအဝင်အခြားလက်ဆောင်များပေးအပ်သွားမယ်လို့သိရှိရပါတယ်။ မိတ်ဆက်ပွဲတွင် Huawei P9 ထက်တန်ဖိုးနည်းသည့် Huawei P9Lite ကိုလည်းပြသသွားပြီး ဈေးနှုန်း ၂၇၉၀၀၀ ကျပ်နဲ့ရောင်းချပေးသွား မယ်လို့ဆိုပါတယ်။ မိတ်ဆက်ပွဲသတင်းပုံရိပ်များနှင့် Huawei P9 ၊ Huawei P9Lite တို့ရဲ့ပါဝင်တဲ့ စွမ်းဆောင်ရည်ဇယားကွက်နဲ့အတူ သတင်းဓာတ်ပုံများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။

‪#‎KN‬
www.khunnaymedia.com
Follow >>> Khun Nay Tun


Huawei Bran Ambassador Wutt Hmone Shweyi

Sunday, June 5, 2016

သင့်ဘေးနားမှာရှိတဲ့ လူတွေကိုတော့ သင်ပြောင်းလဲလို့ မရနိုင်ဘူး
ဒါပေမဲ့ သင့်အနားမှာ ဘယ်လိုလူတွေ ရှိစေချင်လဲဆိုတာတော့ သင်ပြောင်းလဲလို့ရနိုင်တယ်။ အဲ့ဒါ သင့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်။

မကောင်းတဲ့အညှီအဟောက်တွေ၊ စွန့်ပစ်ညစ်ကြေးအမှိုက်တွေရှိတဲ့ 
နေရာမှာပေကပ်ရပ်နေပြီး မကောင်းတဲ့အနံ့အသက်တွေ 
အောင့်အသက်ရှုမယ့်အစား စိမ်းစိုရှင်းလင်းတဲ့ ပတ်ဝန်းကျင် လေ ထုသန့်ရှင်းစင်ကြယ်တဲ့ မွှေးပျံ့တဲ့ပန်းရနံ့လေးတွေရမယ့်နေရာတွေမှာ ပြောင်းလဲရပ်ကြည့်ပါ။

ကိုယ့်အတွက် အသက်ရှုလည်းချောင်သလို ၊ နေထိုင်ရလည်း အဆင်ပြေစေ ပါတယ်။ ကိုယ့်ကို အဆိပ်သင့်စေမယ့်၊ မွန်းကျပ်စေမယ့် ပတ်ဝန်းကျင်ကနေ ထွက်လာပြီး ကိုယ့်အတွက် သက်တောင့်သက်သာဖြစ်မယ့် ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်တတ်ဖို့လိုပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunanymedia.com


ဝဋ်ကြွေးဆိုတာ…. နွားခြေခွက်ရာနောက်က ကပ်လိုက်လာတဲ့လှည်း ဘီးလိုပါပဲ…. ရောက်လာတာသိပ်မြန်တယ်။ ကိုယ်တောင်မထင် လိုက်သေးတဲ့အချိန်မှာ 
ကိုယ့်ဆီကိုရောက်နှင့်နေပါပြီ…သိပ်ကိုကြောက် စရာ ကောင်းပါတယ်။

အရင်တုန်းကပြောကြသလို နောင်ဘဝမှာ ဝဋ်ကြွေးတွေပြန်ဆပ်ရမယ်တို့ ဆိုတာ ဒီနေ့အချိန်မှာတော့ နောင်ဘဝတောင် မကူးတော့ပါဘူး။ ကိုယ်ကသူတစ်ပါး အပေါ် 
မကောင်းတာတစ်ကြိမ်ပြုထားခဲ့ရင် ကိုယ့် အလှည့် ပြန်ခံစားရမယ့်အချိန်ကျကိုယ်ပြုခဲ့တဲ့ 
တစ်ကြိမ်မက ပြန်လည်ပေး ဆပ်ရပါလိမ့်မယ်။

သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျအောင်၊ သူတစ်ပါးစိတ်ဆင်းရဲ အောင်၊ သူတစ်ပါးပျက်စီးကြောင်းဖြစ်အောင်၊ သူတစ်ပါးအပေါ်မတရားအနိုင့် ထက်ပြုကျင့်ခဲ့မိတယ်ဆိုရင် ဒီဝဋ်ကြွေးတွေအတွက်တစ်ချိန်မှာ ပြန်ခံ စားရပါလိမ့်မယ်။ ပူလောင်တဲ့ သောကပူမျက်ရည်တွေ ဆပ်လို့မကုန်နိုင်အောင် ကျလာရတတ်ပါတယ်။ ကိုယ်က မကောင်းမှုပြုခဲ့ဖူးတဲ့ သူကကိုယ့် အပေါ်ပြန် လည်တုန့်ပြန်သူ မဟုတ်လိမ့်သည့်တိုင်အောင် တခြားသူတွေကကိုယ့် အပေါ် ပြန်လည်ခံစားစေလိမ့်မယ်။

ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ် ကံအကျိုးတွေက ကိုယ့်နောက်မှ အမြဲမခွာထက်ကျပ်လိုက်နေတယ်ဆိုတာ သိထားပါ။ ကောင်းတာ လုပ်ခဲ့တဲ့ ကုသိုလ်ကံအကျိုးတွေကနေ တစ်ချိန်ကောင်းကျိုးတွေ ပြန်ခံစားရတတ်သလို၊ မကောင်းတာလုပ်ခဲ့တဲ့ အကုသိုလ်ကံအကျိုးတွေကလည်း တစ်ချိန်မကောင်း မှုအကျိုးတွေ ပြန်ခံစားရစေမှာ မလွဲမသွေပါပဲ…...

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunanymedia.com

လူတချို့က
သင့်ကို မုန်းချင်မုန်းကြလိမ့်မယ်
သင့်ကို ဝေဖန်ပြစ်တင်ချင်တင်ကြလိမ့်မယ်
သင့်ကို တိုက်ခိုက်ချင် တိုက်ခိုက်ကြလိမ့်မယ်
သင့်ကို ပျက်စီးအောင် လုပ်ချင်လုပ်ကြလိမ့်မယ်
သင့်ကို ကျရှုံးသွားအောင် တွန်းချပစ်ချင် ပစ်ကြလိမ့်မယ်
ဒါကို စိတ်ဓာတ်မကျနဲ့….။ စိတ်အားမငယ်နဲ့…။ စိတ်မပျက်နဲ့။

ဒီအရာတွေကို ကြံ့ကြံ့ခံရင်း ရှေ့ကိုသာဆက်သွားပါ…
သူတို့တွေရဲ့ ဒီလိုအဆက်ဆံခံရခြင်းကနေ သင့်ကိုပိုမိုကြံ့ခိုင် လာ အောင်
ပြုလုပ်ပေးနေတယ်ဆိုတာကို ဒီထက်ဆိုးရွားတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာရတဲ့အချိန် ကိုယ့်အတွက်ရင့်ကျက်ပြီး ခံနိုင်ရည်ရှိလာပြီဆိုတာလက်တွေ့မြင်လာရတဲ့အချိန်ကျမှ သူတို့တွေ က ကျေးဇူးတင်စရာကောင်းတဲ့သူတွေဆိုတာသိလာရလိမ့်မယ်….

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com


စကား… ချစ်အောင်ပြောလည်း ဒီစကားပဲ မုန်းအောင်ပြောလည်း ဒီစကားပါပဲ။

စကားပြောရမှာခြင်းအတူတူ တစ်ဖက်သားနားထဲ ပူလောင်စူးရှသွား မယ့် စကားလုံးကြမ်းတွေပြောဆိုမယ့်အစား သာယာပြီးနားဝင်သွားမယ့်စကား လုံးတွေကိုပဲ ရွေးပြောကြရင် မကောင်းပေဘူးလား။

တချို့စကားလုံးတွေက တစ်ဖက်ကိုမခံစားနိုင်လောက်အောင်နာကျင် သွားစေမယ့်စကားမျိုး၊ ဒေါသတကြီးခွန်းတုန့်ပြန်လောက် အောင်ဖြစ်စေမယ့်စကားမျိုး အထိမပြောသင့်ပါဘူး။ သူလည်းအကျိုးမရှိ၊ ကိုယ်လည်း အကျိုးမရှိတဲ့ စကားယုတ်၊ စကားပုတ်တွေနဲ့ ဘာလို့ ပြောဆိုနေကြမှာလဲ။

ဒေါသထွက်စရာ စကားတွေကတဆင့် အချင်းချင်း ဒေါသတကြီး တုန့်ပြန် မှုတွေ ဖြစ်ပေါ်လာတဲ့အခါ မလိုလားအပ်တဲ့ အကျိုးပျက်စီးမှုတွေဖြစ်သွားရင်မကောင်းတော့ပါဘူး။ နောက်ပြီး ကိုယ့်နှုတ်က ထွက်ကျလာမယ့် စကား ခွန်းတုန့်တွေကို ကြည့်လိုက်တာနဲ့တင် ကိုယ့်ရဲ့အနေအထား၊ဘယ်လိုပုံစံရှိ လဲဆိုတာ သိနိုင်ပါတယ်။

ဒီတော့ ကိုယ့်နှုတ်က ပြောစရာ စကားခွန်းတုန့်ထွက်လာတော့မယ် ဆိုရင် အရင်ဆုံး ဘယ်လိုစကားအသုံးအနှုန်းမျိုး ပြောဆိုမလဲဆိုတာ စဉ်းစားသင့် ပါတယ်။ ကိုယ့်စကားကို တစ်ဖက်သားနားလည်လာ အောင်၊ လက်ခံ လာအောင် ပြောဆိုတတ်ဖို့လိုပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunanymedia.com


သံယောဇဉ် ဆိုတာလဲ
အတိုင်းအတာနဲ့ပါပဲ ။

#KN
www.khunnaymedia.com


မိန်းမတွေဟာ ယောင်္ကျားတစ်ယောက်ကို
တကယ်ရည်ရွယ်တဲ့အခါ နှလုံးသားထက်
ဦးနှောက်နဲ့ပဲရွေးချယ် ဆုံးဖြတ်ကြတယ် ။
သူရဲ့ တစ်ဘဝလုံးအတွက် လုံခြုံမှုပေးပြီး
အိမ်ထောင်တစ်ခုကို ဦးဆောင်နိုင်တဲ့သူကို
ရွေးချယ်ဖို့ဆိုတာ နှလုံးသားထက် ဦးနှောက်ရဲ့
အဆုံးအဖြတ်က ဖြစ်နိုင်ခြေပိုများပါလိမ့်မယ် ။
နှလုံးသားနဲ့ပဲ ရွေးချယ်တဲ့ အချစ်က
ဘဝတစ်ခုလုံး စိတ်ချရဖို့ ဆိုတာဖြစ်နိုင်ခြေနည်းပါတယ် ။
အကယ်လို့ ဦးနှောက် နဲ့ နှလုံးသားအတွက်ပါ
နှစ်ခုလုံးထပ်တူကျရွေးချယ်ခံရတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ခဲ့မယ်
ဆိုရင် သင်ဟာ ကံအလွန်ကောင်းတဲ့ သူပဲဖြစ်ပါလိမ့်မယ် ။

ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook