ခွန်နေ - Khun Nay
အိန္ဒိယသမုဒ္ဒရာ ၊ အာရပ်ပင်လယ်ပိုင်နက်ထဲမှာတည်ရှိတဲ့ ကမ္ဘာကျော် Maldives
ကျွန်းစုလေးပါ ။ ကြွယ်ဝချမ်းသာတဲ့ သန်းကြွယ်သဌေးတွေ သွားရောက်
အပန်းဖြေတဲ့ ဇိမ်ခံကျွန်းလည်းဖြစ်သလို နာမည်ကျော် အနုပညာရှင်တွေ
တော်တော်များများသွားရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။
ပင်လယ်ပြင်ပေါ်မှာတည်ရှိတယ်ဆိုပေမယ့် ရေပေါ်ကျွန်းငယ်ပေါင်း ၂၆ ခုရှိ
ပြီး အဆိုပါကျွန်းငယ်ပေါ်တွေမှာ အပန်းဖြေဟိုတယ်များကို ဆောက်လုပ်ထားတာ
ဖြစ်ပါတယ်။ ဟိုတယ်များကိုပုံစံအမျိုးမျိုးဆောက်လုပ်ထားပြီး ရေအောက်ဟိုတယ်
အပါဝင် သီးသန့်ဘန်ဂလိုများလည်း ဖန်တီးပေးထားပါတယ်။ ဟိုတယ်အတွင်း
လာရောက်တည်းခိုသူတိုင်းကိုလည်း ပင်လယ်ရေအောက်အတွင်း လေ့လာနိုင်
ဖို့အတွက် သာယာလှပတဲ့ သန္တာကျောက်တန်းများ ၊ ပင်လယ်ရေအောက်ကမ္ဘာ
ကိုကြည့်ရှုနိုင်ဖို့ အထူးစီစဉ်ပေးထားပါသေးတယ်။
ကြည့်လင်ပြတ်သားတဲ့ပင်လယ်ရေပြင်နှင့်အတူသာယာတဲ့
ကျွန်းစုလေးရဲ့ မြင်ကွင်းအချို့ ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ခွန်နေ - Khun Nay
Sunday, October 26, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။