လွန်ခဲ့တဲ့ ၁၇ နှစ်ခန့် ဧည့်ခန်းထဲက အဖေနဲ့အမေရဲ့  ပြဿနာကို ပြန်သတိရမိတယ် ။
ကျွန်တော့်အသက် ၇ နှစ်အရွယ်ပေါ့ ။ မှတ်မှတ်ရရ မေမေက ကျွန်တော့်ကို သီးမွေးငှက်ပျောသီး ကျွေးတဲ့ အချိန်ပေါ့ ။ ကျွန်တော်ကလဲ အစားအသောက်ဆို ဂျီးများတယ် ။ ကိုယ်မစားချင်တဲ့အရာဆို လုံးဝမှ လုံးဝပဲ ။ အတင်းကျွေးတာတောင် ကျွန်တော်က မစားတော့ အမေက တော်တော်စိတ်ကုန်သွားတယ်။
ဒါကိုမြင်တဲ့ အဖေက ကျွန်တော့် အနားကိုလာပြီး တိုးတိုးလေးကပ်ပြောသွားတယ် ။
အဲ..ပြီးလည်းပြီးရော ကျွန်တော်လည်း ငှက်ပျောသီး ကို အငမ်းမရ စားပါလေရော ။
လုံးဝ မကြိုက်တဲ့ငှက်ပျောသီးကို သုံးလုံးလောက် စားပစ်လိုက်တယ် ။
အမေကဒါကိုမြင်ပြီးအံ့သြသွားတာနဲ့ အိမ်ရှေ့ ခန်းမှာထိုင်နေတဲ့ အဖေ့ကိုသွားမေးတယ် ။
" ရှင့်သားကို ရှင်ဘယ်လိုပြောလိုက် လို့ ငှက်ပျောသီးကို အားရ ပါးရစားလိုက်ရတာလဲ "
" မင်းငှက်ပျောသီးမစားရင် မင်း ငယ်ပါ က ဘယ်တော့မှ ကြီးလာမှာ မဟုတ်ဘူးလို့ ငါပြောလိုက်တယ် "
ဒါနဲ့ အမေက စိတ်ဆိုးပြီးအဖေ့ ဗိုက်ကြော ကိုအားပါပါ စွဲလိမ်ပစ်လိုက်တယ် ။
အဖေကလည်း ဒေါသတကြီး အမေ့ကိုပြန်ရန်တွေ့တယ် ။
အဖေ - မင်းငါ့ကိုဘာလုပ်တာလဲ...
အမေ - ဒါဆိုရှင်ဘာလို့ ငယ်ငယ်က ငှက်ပျောသီးမစားခဲ့တာလဲ - တိန်
ကိုးကားထားသည်... တကယ်မဟုတ်ပါ ။
ရယ်မောခြင်းဖြင့်ပျော်ရွှင်နိုင်ပါစေ ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။