Thursday, November 20, 2014



ခွန်နေ - Khun Nay

ကြားရတာနဲ့တင် ကြက်သီးမွေးညှင်း ထချင်စရာကောင်းပေမယ့်
အမှန်တကယ် ဖြတ်သန်းချင်သူများအတွက် ရေခဲနဲ့ဆောက်လုပ်ထားတဲ့
icehotel ဟာ အပြင်မှာ တကယ်ပဲ တည်ရှိနေပါတယ် ။

ဆွီဒင်နိုင်ငံ မြောက်ပိုင်း ၊ Jukkasjärvi လို့အမည်ရတဲ့ ရွာငယ်မှာ အဆိုပါ ဟိုတယ်ကိုတည်ဆောက်ထားတာဖြစ်ပြီး အကျယ်အဝန်းအားဖြင့် ၅၅၀၀ စတုရန်းမီတာရှိတယ်လို့ဆိုပါတယ် ။ ဟိုတယ်အဆောက်အဦးနဲ့အတွင်းပိုင်း ပရိဘောဂတွေကအစ ရေခဲများနှင့် ဖန်တီးထားတာဖြစ်ပြီး ရေခဲ တန်ချိန်ပေါင်း ၃၀၀၀၀ ရှိပါတယ် ။

သို့ပေမယ့် ဟိုတယ်ကိုတော့ ၁၂ လရာသီဖွင့်လှစ်ထားတာမဟုတ်ပဲ ရာသီဥတု
ပေါ် မူတည်ပြီး အချိန်ကာလအလိုက် သတ်မှတ်ဖွင့်လှစ်တယ်လို့ဆိုပါတယ် ။ နှစ်စဉ်ဟိုတယ်ဒီဇိုင်းကို ပြင်ဆင်မွန်းမံဖို့အတွက် အလုပ်သမား အယောက် ၁၀၀ ခန့်အပ်ထားပြီး နိုင်ဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ပြင်ဆင်ဆောက်လုပ်ပါတယ် ။ ဥရောပရဲ့  အအေးဆုံးအချိန်ဖြစ်တဲ့ ဒီဇင်ဘာလ နဲ့ ဧပြီလ အလယ်အထိသာ ဖွင့်လှစ်ပြီး ကျန်တဲ့ကာလတွေမှာ အအေးချိန် လျော့နည်းတဲ့ အတွက်ဖွင့်လှစ်ခြင်း မရှိပါဘူး ။

နှစ်စဉ်ခရီးသွား လူဦးရေ ၅၀၀၀၀ ခန့် လာရောက်တည်းခို ၊ လည်ပတ် တဲ့အဆိုပါ
ရေခဲတိုက်မှာ ဟန်းနီးမွန်းထွက်ချင်သူများအဖို့ အသင့်တော်ဆုံး Icehotel အဖြစ်
ဖော်ပြပေးလိုက်ပါတယ် ။







ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook