Tuesday, November 11, 2014



အကြောင်းအရာလေးတစ်ခုဆွေးနွေးချင်လို့ ဒီခေါင်းစဉ်တပ်လိုက်တာပါ ။ ကျွန်တော်တင်လိုက်တဲ့ ဒီပိုစ်
https://www.facebook.com/KhunNayTunMedia/photos/a.526946437419777.1073741828.526934494087638/661490603965359/?type=1&theater နဲ့ပတ်သက်ပြီးတော့ပါ ။ ပိုစ့်ကိုမပြောခင် ဒီမီဒီယာပေ့ခ်ျနဲ့ 
ပတ်သက်ပြီး အရင်ဆုံး သဲသဲကွဲကွဲသိသွားအောင် ရှင်းလင်းတင်ပြချင်ပါတယ် ။

ကျွန်တော့်ရဲ့  မီဒီယာပေ့ခ်ျဟာ စာဖတ်သူတွေထင်ထားသလို လူအင်အား ၊ ငွေအင်အားတွေနဲ့ တည်ထောင်ထားတဲ့ မီဒီယာ အဖွဲ့အစည်းတစ်ခုမဟုတ်ပါဘူး ။ ဝါသနာအရ ၊ လေ့လာသင်ယူခဲ့ရသမျှ ၊ ဖြတ်သန်းခဲ့ရသမျှ အတွေ့အကြုံ
နုနုလေးတွေကို တင်ပြဆွေးနွေး နေတဲ့ မီဒီယာပေ့ခ်ျလေးတစ်ခုပါ ။ ရေးသားသူ ကလည်း ကျွန်တော် ခွန်နေ တစ်ယောက်တည်းတင်ဆက်ရေးသားနေတာပါ ။ အခြားဘယ်သူ တစ်ဦးတစ်ယောက်မျှ ဝင်ရောက်ရေးသားခြင်းမရှိပါဘူး ။

ကျွန်တော့်အနေနဲ့ ဒီပေ့ခ်ျကနေပေးချင်တဲ့ အကြောင်းအရာက ကိုယ့်ကြောင့် ဒီနေရာကနေသုတ ၊ ရသ ၊ စိတ်အပန်းဖြေစရာလေးများတစ်ခုခုရရင် ဆိုတဲ့စိတ် ၊ ဝါသနာရ ဆွေးနွေးတင်ပြလိုတဲ့ စိတ်ရင်း တစ်ခုပဲရှိခဲ့ပါတယ် ။ မှားတာတွေလည်းပါမယ် ၊ မှန်တာတွေလည်းပါမယ် ၊ အကုန်လုံးကို လိုက်ယူနေ စရာမလိုပါဘူး ။ မှားတာလေးတွေတွေ့ရင်လည်း ယဉ်ကျေးစွာဝင်ရောက် ဆွေးနွေးထောက်ပြလို့ရသလို ၊ မှန်တာလေးတွေရှိလို့ အားပေး
ထောက်ခံခဲ့ရင်လည်း ကျေနပ်ပီသိ ဖြစ်ခဲ့ရပါတယ် ။

ဒါပေမယ့် ခုနကကျွန်တော်ပြောတဲ့ ပိုစ့်ဆိုတဲ့ဟာလေးပါ ။ အဲ့ပိုစ်မှာတင်ထားတဲ့ အချို့ အကြောင်းအရာတွေဟာ မှားတာတွေပါရင်ပါမယ် ၊ မှန်တာတွေ ပါရင်ပါမယ် ၊ လေ့လာသိမှတ်ခဲ့တဲ့အရာတစ်ခုကို ပြန်လည်မျှဝေတဲ့သဘောပါ ။ ကျွန်တော့်ဘက်က မျှဝေလိုက်တဲ့အရာတစ်ခု ကလည်း အစိတ်ဖြစ်သွားစေမယ့် ကြီးမားတဲ့ ထိခိုင်နစ်နာမှု တစ်စုံတစ်ရာမျိုးလည်းမရည်ရွယ်ခဲ့သလို ၊ ကျွန်တော်ရေးသားတင်ပြခဲ့ရသမျှအကြောင်းအရာတွေလည်း အစွန်းရောက်တိုက်ခိုင်ဝေဖန်တဲ့ ထိုးနက်ချက်တစ်ခုမှ မပါဝင်ပါဘူး ။

သို့ပေမယ့် မြင်တွေ့ရသော အချို့ သောကွန်မက်တွေက ရုပ်ဆိုး အကျည်းတန်စွာပဲ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုထားတာတွေရှိသလို
ဘာသာရေးကို ဝေဖန်ထားသယောင်ယောင် ကွန်မက်များတောင် ပါဝင်နေပါသေးတယ် ။ ဘာသာရေးနဲ့ဝေဖန်ထားတာ ဘယ်သူ
ဘယ်ဝါ မပြောချင်ပေမယ့် ကျွန်တော်ဟာ မြန်မာတိုင်းရင်းသား ဗုဒ္ဓဘာသာ လူမျိုးစစ်စစ်ပါ ။ ဒါပေမယ့် ကျွန်တော်ဟာ အစွန်းရောက်
ဗုဒ္ဓဘာသာ လူမျိုးတစ်ယောက်မဟုတ်သလို ၊ အခြားသော ဘာသာဝင်တွေကိုလည်း တစ်ခါမျှ မစော်ကားခဲ့ဖူးပါဘူး ။

အဲ့တော့ တင်တဲ့ပိုစ့်နဲ့ ဝေဖန်တဲ့အကြောင်အရာတွေဟာ ပိုစ်နဲ့လိုက်ဖက်ညီတဲ့ အကြောင်းအရာတွေပဲဖြစ်စေချင်ပါတယ် ။ ကျွန်တော်ပေး
ထားတဲ့ပိုစ့်လင့်ခ်မှာ အချို့ သောအကြောင်းအရာတွေဟာ ပိုစ်နဲ့သက်ဆိုင်မှု လုံးဝမရှိတာကိုလည်းမြင်တွေ့နိုင်ပါတယ် ။

အဲ့ဒါကိုကြည့်ပြီး အရင်က ဟာသနှော သရော်ထားတဲ့
ပိုစ့်ဟောင်းလေးတစ်ခုတောင်ပြန်သတိရမိပါသေးတယ် ။

၅ နှစ်အတွင်း Facebook မှာအများဆုံးမြင်ရသော ၅ မျိုး

Khun Nay Tun Media

၁. နိုင်ငံရေးသမားတွေ သိသိသာသာ ပိုများလာတယ်
(အပြင်မှာတော့သူတို့နဲ့မဆိုင်)

၂ .လူမျိုးရေးခွဲခြားမှု နေ့စဉ်ရှိလာတယ်
(အပြင်မှာကိုယ်တိုင်တော့ ဘာမှမလုပ်)

၃. ဗုဒ္ဓအမည်ခံ အစွန်းရောက်ဝါဒီသမားတွေ များလာတယ်
(အပြင်မှာဆိုရင်လှော်စပီကာကြီးတွေနဲ့)-အကုန်လုံးကိုမဆိုလို

၎. ဘာပြောပြောယုံတတ်တဲ့ နလပိန်းတုံးတွေ သိသိသာသာ ပိုတွေ့လာရတယ်
(အပြင်မှာဆိုရင် အငြင်းခုံသန်ပြီးအကုန်လုံးသူသိ)

၅. မြန်မာမော်ဒယ်လ်တွေရဲ့  အဖော်အချွတ်ပုံ ပေါ်ပေါ်ထင်ထင်မြင်တွေ့လာရတယ်
(အပြင်မှာဆိုရင်တော့ ပရဟိတလုပ်တယ်)

အကြောင်းအရာများအားလုံးကို ယဉ်ကျေးစွာဝင်ရောက်ဆွေးနွေးနိုင်ကြပါစေလို့ ဆန္ဒပြုလျက် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook