Saturday, January 24, 2015



ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

ဆဲဆိုနေကြတဲ့ ကွန်မက် တွေကြားထဲမှာ လူတစ်ယောက်ရေးထားတဲ့ ကွန်မက် လေးကို သဘောကျမိလို့ ကျွန်တော်ကိုးကားပြီး ပြင်ဆင် ဖြည့်စွက် ရေးသားပေးလိုက် ပါတယ် ။

သတင်း ပိုစ်တစ်ခုရဲ့ အောက်မှာ ဘာသာခြားတွေနဲ့ ဆဲဆိုနေတာတွေ ၊ သံဃာတော် တွေကိုယ်တိုင်ရော ကွန်မက်မှာ ဆဲဆိုနေတာတွေ မြင်ရ ၊ တွေ့ရ ၊ ကြားရတာ စိတ်မကောင်းဖြစ်မိတယ် ။ အားလုံးက အမျိုးဘာသာ ၊ သာသနာအတွက် လုပ်တယ်ဆိုပေမယ့် အစွန်းရောက်တဲ့နည်းနဲ့မလုပ်ပဲ ၊ ကိုယ့်လူမျိုးတွေ ဘာသာပေါ်ယုံကြည် လာအောင် ၊ ရိုသေကိန်းရှိုင်း တတ်လာအောင် ၊ အတွေးအခေါ်အသိပညာလေးတွေ ထည့်ပေးတတ်ကြရင် သိပ်ကောင်းမိမယ်လို့ ကျွန်တော်ထင်တယ် ။

ကိုယ့်အမျိုးဘာသာကို အခြားသူထိခိုက်လာရင် ဘယ်သူမဆို မခံရပ်နိုင်
ပေါက်ကွဲတတ်ကြတာ သဘာဝပါ ။ ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ မူလရည်မှန်း ချက်ကြီးကိုတော့ သတိပြုစေချင်ပါတယ် ။ ကံ အကြောင်းနဲ့ အကျိုးပေါ်မှာ အခြေခံတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို လျှစ်လျူရှုခဲ့ရင်တော့ သံသရာမှာ ခံစားရမှာကို သတိကလေးတစ်ချက် သူတို့ကိုသိစေချင်တယ် ။ ကံအကြောင်းနဲ့ အကျိုးကို နားမလည်ပဲ ကိုယ်ပါ ရောယောင်ပြီး ရောင်တော် ပြန်လွှတ်နေမယ် ဆိုရင် ကိုယ်ဟာလည်း ဒီပုတ်ထဲက ဒီပဲဆိုတာ သတိပြုတတ်ဖို့ လိုအပ်ပါတယ် ။

အခုတော့ ကြမ်းတမ်းတဲ့ ဆဲရေးတိုင်းထွာမှုတွေပဲ မြင်နေရတယ် ၊ ကြားနေရ တယ် ။ နိုင်ငံတကာက ကိုယ့်လူမျိုး ၊ ကိုယ့်ဘာသာကို ဝေဖန်ချင်စရာတွေဖြစ်လာတယ် ။

ဆဲရေးခြင်း(၁၀)မျိုးရှိပါတယ် -
၁။ ဇာတိ = ဇာတ်ကိုထိပါး၍ ဆဲရေးခြင်း
၂။ နာမ = နာမည်ကို ဖော်၍ ဆဲရေးခြင်း
၃။ ဂေါတ္တ = မျိုးနွယ်ကို ထိပါး၍ ဆဲရေးခြင်း
၎။ ကမ္မ = အလုပ်ကိုထိပါး၍ ဆဲရေးခြင်း
၅။ သိပ္ပ = အတတ်ပညာကိုထိပါး၍ ဆဲရေးခြင်း
၆။ အာဗာဓ = အနာရောဂါကို စွဲ၍ ဆဲရေးခြင်း
၇။ လိင်္ဂ = အသွင်ကို ဖော်၍ ဆဲရေးခြင်း
၈။ ကိလေသ = ကိလေသာ တစ်ပါးပါးကို စွဲ၍ ဆဲရေးခြင်း
၉။ အာပတ္တိ = အာပတ်ဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
၁၀။ အက္ကောသ = ယုတ်ညံ့မှုအားဖြင့် စွပ်စွဲ၍ ဆဲရေးခြင်း
[Source: ဝိနည်းပိဋက ပါစိတ်ပါဠိတော် ဘိက္ခုဝိဘင်း]

ဒီတော့ လူပဲဖြစ်ဖြစ် ၊ သံဃာတော်ပဲဖြစ်ဖြစ် ဘယ်လောက်ဒေါသထွက်ထွက် ဆဲရေးတိုင်းထွာမှုမပြုလေ ကောင်းလေပါ ။ မအေနဲ့တပ်ပြီး ဆဲခဲ့လို့ မိခင်ကမယားကြီး ၊ သမီးကမယားငယ် ၊ သားက လင်လုပ်ပြီး ဘဝတစ်ခုတည်းမှာ ပြန်လည် ပေးဆပ်နေကြရတဲ့ ပိဋကတ်သုံးပုံထဲက ထေရီမကြီးအကြောင်း ဖတ်လိုက်ရတော့ မျိုးချစ်စိတ်ရှိသူတွေ အမျိုးဘာသာသာသနာ စိတ်ရှိသူတွေအတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်။ ၀ဇီကံရဲ့ အကျိုးအပြစ်ဥပမာ များစွာတွေထဲက ဒီတစ်ခုကို ထုတ်ပြပေးတာပါ။ ဘုရားရှင်ကလည်း ပါးစပ်ကထွက်တဲ့ စကားလုံးတိုင်းဟာ အကျိုးမခံစားရပဲ ပျောက်ပျက်မသွားဘူးလို့  ဟောထားပါတယ် ။ မျိုးချစ်စိတ်ရှိလို့ ပဲဖြစ်ဖြစ် ဘာသာသာသနာစိတ် ရှိလို့ ပဲဖြစ်ဖြစ် ဒေါသနဲ့  ဆဲလိုက်ပြီဆိုတာနဲ့  သုံးခါရှုံးပါတယ် ။
၁ ၊ ကိုယ်ဒေါသထွက်လို့  ပူလောင်ရမှာကတစ်ခါ
၂ ၊ ကိုယ့်လူမျိုးကိုယ့်ဘာသာကို အထင်သေးခံ ရမှာကတစ်ခါ ၊
၃ ၊ သံသရာမှာ ပြန်လည်ပေးဆပ်ရမှာကတစ်ခါ ။
အားလုံးသတိနောက်က အသိကလေး ရှိရအောင် မျှဝေရေးသား လိုက်ရပါတယ် ။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ ။ ငြိမ်းချမ်းမှု ကိုရှာဖွေနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ရပါတယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook