Thursday, January 8, 2015


ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2



ဆရာတစ်ယောက်မှာ ပညာအတူ သင်ကြားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ရှိတယ် ။ ပညာစုံ အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ကြတယ် ။ ၂ နှစ်လောက်ကြာတဲ့ အချိန် သူငယ်ချင်း ၃ ယောက်ပြန်စုံကြတယ် ။ ၁ ယောက်ကအောင်မြင်ပြီး ကျန် ၂ ယောက်က သာမန်ဝန်ထမ်းဘဝနဲ့ တူညီတဲ့အဆင့်မှာပဲရှိနေခဲ့တယ် ။
အောင်မြင်တဲ့ သူငယ်ချင်းကိုကြည့်ပြီး ကျန် ၂ ယောက်က အားကျနေရတာပေါ့ ။ ဒါနဲ့ သူငယ်ချင်းတွေ တွေ့တုန်းဆုံတုန်း ငယ်ငယ်က ပညာသင်ယူ လေ့လာ ဆည်းပူးခဲ့တဲ့ ဆရာ့ အိမ်ကိုအလည် သွားကြတယ် ။ အလည်လာတဲ့ တပည့်ဟောင်း သုံးယောက်ကို ဆရာက သူကိုယ်တိုင်ပြုလုပ်ထားတဲ့
ဝိုင်နဲ့ ဧည့်ခံတယ် ။ သုံးယောက်လုံး တစ်ပြိုင်တည်း ဆရာပေးတဲ့ ဝိုင်ကို သောက်လိုက်ကြတယ် ။
ကျန်နှစ်ယောက်ကတော့ ဝိုင်ရဲ့ အရသာ အရမ်းကောင်းတယ်ဆိုတဲ့
အကြောင်း ၊ ဆရာ့ကိုကျေးဇူးတင်လို့ နောက်တစ်ခွက်ထပ်သောက်တယ် ။
အောင်မြင်တဲ့ တစ်ယောက်ကျတော့ ဝိုင်ကိုသောက်ချပြီးလိုက်တဲ့ အချိန်မှာပဲ
ဆရာ့ကို မေးခွန်းတွေမေးပါတော့တယ် ။
" အရမ်းအရသာရှိတဲ့ ဝိုင်ကို ဆရာဘယ်လိုလုပ်ခဲ့တာလဲ ကျွန်တော့်ကို ရှင်းပြပါလား"
ဒီလိုနဲ့ဆရာကသူပြုလုပ်ခဲ့ပုံ အဆင့်ဆင့် တနေရာပြီးတနေရာ ရှင်းပြတယ် ။ ကျန် ၂ ယောက်ကတော့ ဝိုင်သောက်ရင်း စကားကောင်းနေလို့ပေါ့ ။
ဆရာရှင်းပြလို့ ပြီးတဲ့အချိန်မှာ အောင်မြင်တဲ့တစ်ယောက်က အချိန်သိပ်မရှိလို့ အားလုံးကိုနှုတ်ဆက်ပြီး စောစောပြန်သွားတယ် ။

ဒါနဲ့ ကျန်တဲ့ တပည့်နှစ်ယောက်က ဆရာ့ကို မေးပါတော့တယ် -

" ဆရာ့ဆီမှာ ပညာသင်တာ ချင်းအတူတူ ကျွန်တော်တို့ကျတော့ မအောင်မြင်ပဲ သူကျဘာလို့ အောင်မြင်သွားရတာလဲ "
" ကဲ..မင်းတို့ကို ငါမေးခွန်းမေးမယ်နော် ။ ခုနက ငါတိုက်တဲ့ ဝိုင်ကောင်းသလား ၊ အရသာရှိသလား "
တပည့် ၂ ယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက်ကြောင်ကြည့်လို့ ၊ ဘာများဆိုင်လဲ ပေါ့ ။ ဒီလိုနဲ့ မေးခွန်းကို ပြိုင်တူဖြေလိုက်ပါတယ် ။
" ကောင်းပါတယ်ဆရာ ၊ အရသာလဲရှိပါတယ် "
" မင်းတို့နောက်တစ်ခွက် ထပ်သောက်တော့ရော ၊ အတူတူပဲမလား "
" တစ်ပုလင်းထဲလာတဲ့ဟာကို အတူတူပဲပေါ့ဆရာရဲ့  "
" အဲ့ဒီရဲ့ ဥပမာလိုပဲ မင်းတို့က ဝိုင်ဘယ်လောက်ကောင်းတယ် ၊ အရသာဘယ်လောက်ရှိတယ် ဆိုတာကိုပဲ ခံစားကြတယ် ၊ ဒီလိုအရသာရှိတဲ့ ဝိုင်ကို ဘယ်လိုဖန်တီးယူသလဲ ၊ ဘယ်လောက်ပြုစုခဲ့ရသလဲ ဆိုတဲ့ စူးစမ်းလိုစိတ် မေးမြန်းလိုစိတ် တွေဟာအောင်မြင်နေတဲ့ မင်းတို့ သူငယ်ချင်းလို မရှိခဲ့ကြလို့ပဲ ၊ မင်းတို့က ရလာတဲ့ ရလဒ်တစ်ခုမှာ နစ်မျောနေခဲ့ကြတာကိုး "

သင်ခန်းစာ -
လုပ်ငန်းခွင်မှာ ကိုယ်က ဒီလောက်လစာရတယ် ၊ လစာ တိုးတောင်းတယ် ၊ ဘာလို့မရတာလဲ ။
ဒီကုမ္ပဏီမှာလဲ ရုံးဝန်ထမ်း ၊ သုံးနှစ်ကြာလို့ အလုပ်ပြောင်းတော့လဲ
အခြားကုမ္ပဏီမှာ ရုံးဝန်ထမ်း ၊ ဘယ်လောက်မှ မကွာဟတဲ့ ဒီလစာက ဒီလစာပဲ ။ ဒုံရင်းက ဒုံရင်းပဲ ။ ကိုယ်ဘာတွေ လိုအပ်နေသလဲ ။ ဆရာပေးတဲ့ ဝိုင်တစ်ခွက်က သင့်ကို သင်ခန်းစာရစေမှာပါ ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook