ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
https://www.facebook.com/nay.tun2
နိုင်ငံခြားသားအုပ်ချုပ်တဲ့ ပြည်တွင်းကုမ္ပဏီတွေမှာ လူငယ်နဲ့ ပတ်သက်လို့ ဦးစားပေးတာမျိုး တွေ့ရတယ် ။ လူငယ်တွေရဲ့  အကြံ ၊ လူငယ်တွေရဲ့  အိုင်ဒီယာနဲ့ သူတို့ရဲ့  သုံးသပ်ချက်ကို ပေါင်းစပ်ပြီး အသုံးချလေ့ရှိတယ် ။ လုပ်ငန်းတစ်ခု လုပ်ဆောင်မှု အောင်မြင်သွားရင်လည်း ဂုဏ်ပြုပြောဆိုလေ့ရှိပြီး လူငယ်တွေကို စိတ်ဓာတ်ပိုင်း မြင့်အောင် လုပ်ဆောင်ပေးတာမျိုး တွေ့ရတယ် ။ လူငယ်တွေကို
နေရာပေးပြီး အတွေ့အကြုံ အမြင်တွေ ဖလှယ်လေ့ရှိတယ် ။
မြန်မာလူမျိုးအုပ်ချုပ်တဲ့ ကုမ္ပဏီအများစုမှာကျတော့ လူငယ်တွေကို ဦးစားပေးမှု အရမ်းနည်းတာ တွေ့ ရတယ် ။ မြန်မာလူမျိုးတွေရဲ့  အသက်အရွယ်နဲ့ ရာထူးတွေကို အဆင့်အတန်း ခွဲခြားပြီး သတ်မှတ်တဲ့ အကျင့်ကြောင့်လားလို့ စဉ်းစားကြည့်မိတယ် ။ ရာထူးတစ်ခု နေရာတစ်ခု ရလာပြီဆိုရင် ကိုယ်ထက်နိမ့်တဲ့သူတွေက ကိုယ့်လောက် အတွေးအခေါ် မရှိဘူးလို့ ထင်ကြတယ် ။ အသက်အရွယ်နဲ့ ပတ်သက်လို့ နိမ့်ချ ပြောဆိုတာမျိုးလည်း တွေ့ရတယ် ။ ကိုယ်က အသက်ကြီးလို့ ကိုယ့်ထက်ငယ်တဲ့သူက ကိုယ်လောက် မတွေးနိုင်ဘူးလို့ ထင်မြင်ယူဆ တာမျိုးတွေ့ ရတယ် ။ အဲ့လိုစိတ်နဲ့ အသက်လည်းကြီး ရာထူးကလည်း နေရာတစ်ခုမှာရှိထားဆိုရင်တော့ လူငယ်တွေကိုမှမဟုတ်ပါဘူး ရွယ်တူတွေကိုတောင် ကိုယ့်လောက် အတွေးအခေါ် မမြင့်ဘူး ၊ ကိုယ့်လောက် အတွေ့အကြုံ မရှိဘူးလို့ သတ်မှတ်လိုက်ကြတယ် ။ ဆက်ဆံရေးအပိုင်းမှာ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိတာမျိုးထက် ကိုယ့်လောက်မသိပါဘူးဆိုတဲ့ စိတ်ကြီးဝင်မှုတွေ သတိမထားမိပဲ ဖြစ်သွားကြတယ် ။ ဒီလို ကိစ္စတွေကြောင့် ပြည်တွင်း ကုမ္ပဏီတွေ မှာ လူငယ်တွေကို ဦးစားပေးမှုအရမ်းနည်းသွားတယ် လို့ ထင်မိတယ် ။
ဥပမာတစ်ခု ပေးရမယ်ဆိုရင် ပြည်တွင်း ကုမ္ပဏီတွေမှာ အစည်းအဝေး ကျင်းပတဲ့အခါ လူငယ်တွေကို ဆွေးနွေးပြောဆိုဖို့ အခွင့်အရေး ပေးလေ့မရှိသလို ပြောဆိုခွင့်ပေးလို့ ပြောတော့လည်း ငြင်းပယ်ခံရလေ့ရှိပြီး လူကြီးတွေရဲ့ ဆုံးဖြတ်ချက်သာ အတည် ဖြစ်သွားတယ် ။
ဒီလိုအချက်တွေကြောင့် ရှေ့ ဆက်လျှောက်လှမ်းရမယ့် လူငယ်တွေကို စောစောစီးစီး ယုံကြည်မှုမဲ့အောင် ၊ စိတ်ခွန်အား ကျအောင်လုပ်ဆောင် ပေးလိုက်သလိုဖြစ်စေတယ် ။ လူကြီးတွေက လူငယ်တွေထက် ပိုသိတယ်ဆိုတာ ဟုတ်ပေမယ့် အတွေးအသစ် ၊ အမြင်သစ်တွေနဲ့ ပြောင်းလဲမှုရှိတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို လက်မခံရင်တောင် ဆွေးနွေးပေးသင့်တယ် ။ ဆွေးနွေးမှုမှားသွားမယ်ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းကို ညွှန့်ပြပေးတတ်ဖို့လိုတယ် ။
အသက်အရွယ်ကြောင့် ၊ ယူထားတဲ့ဘွဲ့ ကြောင့် ၊ ရာထူးကြောင့် အဆင့်အတန်း ခွဲချင် ခွဲလို့ရနိုင်တယ် ။ ဒါပေမယ့် လူတိုင်းမှာ သူ့အတွေး ၊ သူ့အမြင်နဲ့ ၊ သူ့ပတ်ဝန်းကျင် နယ်ပယ်မှာတော့ တူညီတဲ့ ဂုဏ်သိက္ခာတွေ ရှိတယ်ဆိုတာကိုတော့ သိစေချင်ပါတယ် ။

https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3