ခွန်နေ - Khun Nay
ပြည်သူတွေကို အုပ်ချုပ်တဲ့အခါမှာ လွယ်ကူဖို့အတွက် တိုင်းပြည်ကို ပညာမဲ့တွေများလာအောင် မွေးထုတ် ၊ လူမိုက်လူရမ်းကားတွေ များအောင် ဖန်တီး ထားရတယ် ။ လူတွေ ပညာမဲ့တော့ ဆင်ခြင်တုံတရား မရှိဘူး ။ ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်တယ် ။ တစ်ဖက်နဲ့ တစ်ဖက် ရန်တိုက်ပေးဖို့လဲ လွယ်တယ် ။ ဒါကြောင့်တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက်ထပ်မှာ လူတွေကို ရှင်လျက်နဲ့ အတွေးအခေါ်တွေသေအောင် ပညာရေးစနစ်ကိုနိမ့်ချ ၊ စာဝတ်နေရေး ကျပ်တည်းအောင် တမင်ဖန်တီးလို့ လူတွေကို အမိုက်ဇာတ် သွင်းပေးခဲ့တယ် ။ စားလောက်ယုံ လစာလေးနဲ့ စာဝတ်နေရေး ရုန်းကန်ရတဲ့ လူတစ်ယောက်အတွက် ဝါသနာကို လေ့လာလိုက်စားဖို့ မဆိုထားနဲ့ မိသားစုအရေး ၊ ဝမ်းရေးအတွက် ရုန်းကန်နေရတာနဲ့ အချိန်ကုန်အောင် တမင် ဖန်တီးပေးခဲ့တယ် ။ ငွေရေးကြေးရေး လုံလောက်နေရင် ဝါသနာထုံရာ လေ့လာလိုက်စားရင်း လူတော်တွေ များလာမှာဆိုးလို့ တမင်ဖန်တီး အကွက်ချပေးခဲ့တယ် ။ အဲ့ဒီရဲ့  ခေတ်စနစ်ရဲ့  မျိုးဆက်တွေကိုလည်း လက်ရှိ အစိုးရအထိ ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့တယ် ။ လက်ပတ်နီ ဝတ် "တာဝန်" ဆိုတဲ့ လူရမ်းကားတွေက စစ်အစိုးရလက်ထက်က အကောင်းဆုံး မွေးဖွားပေးနိုင်ခဲ့တဲ့ လူရှင်လျက် အတွေးခေါ်သေနေတဲ့ လူမိုက် စစ်စစ်တွေ ရှိနေသေးတယ်ဆိုတာပါပဲ ။ ဒီလိုလူတွေ အနာဂတ်မှာ များလေလေ တိုင်းပြည်ကို အုပ်ချုပ်ရ လွယ်ကူ လေလေပဲ ။
ဒီ စနစ်က အလုပ်အရမ်း ဖြစ်တဲ့အတွက် နိုင်ငံရေး အမြတ်ထုတ်တဲ့ လူတွေကအစ အတွေးခေါ်သေနေတဲ့ လူငယ်တွေကို စုလုံးစည်းရုံးပြီး အမြတ်ထုတ် လာတာကိုတွေ့ရတယ် ။ လှုံ့ ဆော်ဖန်တီးတယ် ။ တစ်ခုခုဖြစ်ရင် မကြောက်နဲ့ ဝန်းရံပေးထားတယ် ။ တကယ်လည်းဖြစ်ရော ဘယ်ရောက်လို့ ရောက်ကုန်မှန်းမသိ ။ တကယ်ဖြစ်တော့ မြေစာပင် လေးတွေက ခံရတယ် ။ အချိန်တန်တော့ သတင်းစာရှင်းလင်းပွဲလုပ် ၊ စာမျက်နှာထက်မှာ နေရာယူ ၊ ဆန်ကျင့်ကြောင်း ရှုတ်ချ ၊ လုပ်ရပ်တွေက ကြည့်နေရတာနဲ့တင် စတေးခံလူငယ်တွေအတွက် စိတ်မကောင်းဖြစ်မိတယ် ။
ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ်ကိုယ်တိုင် သိထားရမှာက
နိုင်ငံရေးမကောင်းကြောင်း ပြောချင်ရင် ကိုယ်ကိုယ်တိုင် နိုင်ငံရေးကို နားလည်ထားဖို့ လိုတယ် ။ ပညာရေးမကောင်းကြောင်းပြောချင်ရင် ပညာရေးနဲ့ပတ်သက်လို့ ကိုယ်ကိုယ်တိုင် နားလည်ထားဖို့ လိုတယ် ။ ဒီလိုမှမဟုတ်ပဲ သူများယောင်လို့ ကိုယ်လည်း ရောပြီးလိုက်ယောင် နေမယ်ဆိုရင် နိုင်ငံရေး အမြတ်ထုတ်တဲ့ လူတွေအတွက် မြေစာပင်တွေ ဖြစ်သွားလိုက်မယ် ဆိုတာပါပဲ ။
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။