Sunday, March 15, 2015


ခွန်နေ - Khun Nay



Huawei ရဲ့  Honor တွေဟာ ဈေးနှုန်းနည်းပေမယ့် သုံးစွဲသူတွေကို
ထိုက်တန်တဲ့ Specs တွေအသုံးပြုပေးထားတာကြောင့် လူအများစု စိတ်ဝင်စားတဲ့ စီးရီးတစ်ခုလို့ သတ်မှတ်လို့ရတယ် ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၊ ၂၀၁၄ ကထွက်ရှိထားတဲ့ Honor 4X ဟာ လက်ရှိပြည်တွင်းဈေး ၁၈၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး စွမ်းဆောင်ရည်မြင့်ဖုန်းကို ကိုင်ချင်သူများ အတွက် အဆင်ပြေတဲ့ဖုန်းလို့ ဆိုနိုင်တယ် ။

မျက်နှာပြင်

မျက်နှာပြင်ကျယ် အသုံးပြုချင်သူတွေမျာအတွက် Honor 4X က
၅.၅ လက်မ ကျယ်ဝန်းပြီး IPS LCD capacitive Multi-touchscreen , 16M colors အသုံးပြုပေးထားတယ် ။ ထိတွေ့မျက်နှာပြင် ရုပ်ထွက် အရောင်းအသွေး စွဲဆောင်မှုရှိဖို့အတွက် Emotion 3.0 UI အထိ အသုံးပြုပေးထားပြီး Resolution 720 x 1280 pixels နှင့် Density သိပ်သည်းဆ 267 ppi pixel ထပ်မံပေါင်းစပ်ပေးထားတယ် ။ ဒါကြောင့် MTV , Movies ကြည့်ချင်သူများအတွက် ဖျော်ဖြေမှုရသအပြည့်အဝ ရုပ်ထွက်ကောင်းကောင်း စွမ်းဆောင်ပေးနိုင်တယ် ။

သိုလှောင်သိမ်းဆည်းနိုင်မှု နှင့် စွမ်းဆောင်ရည်

မှတ်ဥာဏ်သိုလှောင်သိမ်းဆည်းထားနိုင်မှုပမာဏ internal 8 GB အထိအသုံးပြုနိုင်ပြီး မလုံလောက်ပါက external memory 32 GB အထိ ထပ်တိုးအသုံးပြုနိုင်တယ် ။ ဒါကြောင့် သိုလှောင်မှုများများ သိမ်းဆည်းချင် သူများ အတွက် လုံလောက်တဲ့ပမာဏရှိပြီး စွမ်းဆောင်ရည်မြန်စေရန်နှင့် ဂိမ်းကောင်းကောင်းဆော့ချင်သူများအတွက် RAM 2 GB ပါဝင်တယ် ။ နောက်ဆုံးထွက် Android OS 4.4.4 Kitkat အသုံးပြုပေးထားတဲ့အပြင် ဂိမ်းကစားရာမှာရုပ်ထွက်ကောင်းမွန်စေဖို့ GPU Adreno 306 အသုံးပြု ပေးထားတယ် ။ Quad-core 1.2 GHz Cortex-A53 CPU အသုံးပြုပေး ထားပြီး Chipset Snapdragon 410 ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်မြင့်တဲ့ ဂိမ်းအကြီးစားတွေကို ပေါ့ပါးသွက်လက်စွာ ဆော့ကစားနိုင်တယ် ။

ကင်မရာ နှင့် ဘက်ထရီ
ဖုန်းတစ်လုံးမှာ လူစိတ်ဝင်စားမှုများတဲ့ ကင်မရာစွမ်းဆောင်ရည်ကလည်း
မနိမ့်တာကိုတွေ့ရတယ် ။ အနောက်ဘက်ကင်မရာ 13MP အထိ အသုံးပြုပေးထားပြီး ရှေ့ ကင်မရာ 5MP အသုံးပြုထားတယ် ။ ဒါကြောင့်ဖုန်းနဲ့ ဓာတ်ပုံရိုက်ရတာဝါသနာပါသူတွေရယ် Selfie ဝါသနာပါသူတွေ အတွက် လုံလောက်တဲ့ Pixels ရှိတယ်လို့ သတ်မှတ်လို့ရတယ် ။ ကင်မရာရဲ့  အရေးကြီးတဲ့ Features တွေဖြစ်တဲ့ Geo-tagging , touch focus , face detection , panorama အစရှိတာတွေကို အသုံးပြုလို့ရတယ် ။ ဘက်ထရီပမာဏ Li-Po 3000 mAh ရှိတဲ့အတွက်တာရှည် အသုံးခံနိုင်ပြီး Stand-by နာရီ ၂၀၀ နှင့် Talk time အသုံးပြုမယ်ဆိုရင် ၁၅ နာရီ အထိ အသုံးခံ နိုင်တယ် ။

အခြားသော ထူးခြားစွမ်းဆောင်ရည်များ

4G Network အထိအသုံးပြုနိုင်ပြီး Dual-sim အမျိုးအစား WCDMA နှင့် GSM နှစ်ကဒ်အသုံးပြုနိုင်တယ် ။ ဘက်ထရီ အသေဖြစ်ပြီး Multi screen အသုံးပြုနိုင်တယ် ။ ဘက်ထရီကုန်ခါနီး အရေးပေါ်အသုံးပြုလို့ရအောင်
Ultra Battery စနစ်ပါဝင်တဲ့အတွက် ဖုန်းပါဝါ မပိတ်သည်အထိ စွမ်းဆောင်ပေးနိုင်တယ် ။ Ultra Battery စနစ်အသုံးပြုသည့် အချိန် အခြားသာ App များကိုအသုံးပြုနိုင်မှာမဟုတ်ပဲ ဖုန်းခေါ်ဆိုမှုနှင့် မက်ဆေ့စ်များကိုသာ အသုံးပြုနိုင်တယ် ။ Suspend button ပါဝင်တဲ့အတွက် easy touch app ထပ်မံ ထည့်သွင်းစရာမလိုဘူး ။ မျက်နှာပြင်ကို လက်နှင့် နှစ်ချက် တောက်တာနဲ့ ပါဝါခလုတ်နှိပ်စရာမလိုပဲ မျက်နှာပြင်လင်းသည့် Double touch to turn on the screen စနစ်ပါဝင်တယ် ။ မျက်နှာပြင် ပိတ်ထားသည့် အချိန် သီချင်းနားဆင်လိုပါက M ဟုရေးဆွဲစေခိုင်း
ဒါနဲ့ သီချင်းအလိုအလျောက်ပွင့်စေသည့် Draw Letter စနစ်ပါဝင်တယ် ။ Draw Letter စနစ်မှာ မိမိကြိုက်နှစ်သက်တဲ့ အက္ခရာကို စိတ်ကြိုက် app များ
သတ်မှတ်စေခိုင်းလို့ရတယ် ။ ဖုန်းချင်းပူးတာနဲ့ ဓာတ်ပုံများ ၊ သီချင်းများကို အလွယ်တကူ ကူးယူနိုင်တဲ့ NFC စနစ်ပါဝင်တယ် ။

အကြံပေး မှတ်ချက်

ဈေးနှုန်းတန်တယ် ။ အာမခံ ၁ နှစ် ပါဝင်တဲ့အတွက် စိတ်ချလက်ချ တန်အောင်အသုံးပြုနိုင်တယ် ။ ဂိမ်းတွေကို မထစ်မငေါ့ ကစားနိုင်မှာဖြစ်ပြီး သွက်လက်မှုရှိတယ် ။ Sound System ကောင်းမွန်တယ် ။ Android ဖုန်းတွေထဲမှာ ဈေးနှုန်းနည်းနည်းနဲ့ စွမ်းဆောင်ရည်မြင့်ကိုချင်သူများအတွက် Huawei Honor 4X က သင့်တယ်လို့ အကြံပြုချင်တယ် ။ သတိပြုရမှာက Honor 4X မှာ RAM 1GB နဲ့ 2GB နှစ်မျိုးလာတယ်လို့ သိရတယ် ။ ကျွန်တော်ယခုတင်ဆက်ပေးထားတဲ့ Honor 4X 4G LTE အမျိုးအစားက RAM 2GB အမျိုးအစားဖြစ်ပါတယ် ။ နောက်တစ်ပတ်တွေမှာလည်း အခြား စီးရီးတွေထဲက ဈေးကွက်အတွင်းလူကြိုက်များတဲ့ ဖုန်းများကို ဆက်လက် တင်ဆက်ဖော်ပြ ပေးသွားပါဦးမယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook