Monday, May 11, 2015
11:05 PM
Unknown
လူငယ္ႏွင့္လုပ္ငန္းခြင္
No comments
Zawgyi Font
ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2
၁). အလုပ္ကုိအေၾကြးထားျခင္း
တစ္ေန႔ လုပ္ေဆာင္ရမယ့္ အလုပ္ေတြကုိ ေန႔စဥ္ပုံမွန္ၿပီးေျမာက္ေအာင္ မလုပ္ေဆာင္ပဲ ေနာက္တေန႔အထိ သယ္ေဆာင္သြားျခင္းက အလုပ္ေတြပိၿပီး စိတ္ဖိစီးမႈ ျဖစ္ေပၚေစပါတယ္ ။
၂). မႏုိင္ဝန္ထမ္းျခင္း
မႏုိင္ဝန္ထမ္းျခင္းမွာ ကုိယ္က အလုပ္ကုိေလာဘႀကီးလုိ႔ အလုပ္အမ်ားအျပား လုပ္ေဆာင္ ေနရတာေတြရွိသလုိ ၊ အထက္လူႀကီးက အလုပ္ေတြ ပုံေအာၿပီး ခုိင္းတဲ့ အခါျဖစ္လာႏုိင္တဲ့ အက်ဳိးဆက္ေတြပါ ။ ဒါေၾကာင့္ မိမိလုပ္မယ့္ အလုပ္ေတြကုိ မႏုိင္ရင္ မႏုိင္တဲ့ အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာဖုိ႔ လိုအပ္သလုိ ကုိယ္လုပ္ေဆာင္ႏုိင္တဲ့ အတုိင္းအတာအထိသာ
လုပ္ေဆာင္ဖုိ႔ရန္ လိုအပ္ပါတယ္ ။ ဒီလုိမွမဟုတ္ရင္ မႏုိင္ဝန္ထမ္းရသလုိ အလုပ္ေတြပိၿပီး ကုိယ့္ရဲ ႔ ဖန္တီးႏုိင္စြမ္းေတြကုိပါ ထိခုိက္ႏုိင္ပါတယ္ ။
၃). လူမႈေရးကိစၥႏွင့္လုပ္ငန္းခြင္ မခြဲျခားထားျခင္း
လူမႈေရးကိစၥ အရႈပ္အရွင္းေတြကုိ လုပ္ငန္းခြင္အထိသယ္ေဆာင္လာျခင္း ၊
အိမ္တြင္းေရးအဆင္မေျပမႈေတြကုိ လုပ္ငန္းခြင္ပတ္ဝန္းက်င္ႏွင့္ ေရာေထြးျခင္း စတဲ့ အက်ဳိးဆက္ေတြက လုပ္ငန္းခြင္ အဆင္မေျပမႈနဲ႔ အတူ စိတ္ဖိစီးမႈ ႏွစ္ဆပိုၿပီး မ်ားေစႏုိင္ပါတယ္ ။
၄). ညဥ္႔နက္သည္အထိ အလြန္အကြ်ံ ႔ေပ်ာ္ပါးျခင္း
လုပ္ငန္းခြင္ဝင္ အမ်ဳိးသားေတြ အမ်ားဆုံး ႀကဳံေတြ႔ရတဲ့ ျပႆနာပါ ။ ညဥ္႔နက္တဲ့အထိ အေပါင္းအသင္းေတြနဲ႔ ေတြ႔ဆုံေပ်ာ္ပါးၿပီး ေနာက္တေန႔ လုပ္ငန္းခြင့္ဝင္တဲ့အခါ အလုပ္ကုိ ေကာင္းေကာင္းမလုပ္ေဆာင္ႏုိင္ျခင္း ၊
အိပ္ေရးပ်က္ထားတဲ့အတြက္ ဖန္တီးႏုိင္မႈစြမ္းရည္ ေလ်ာ့က်လာျခင္း စတဲ့ အက်ဳိးဆက္ေတြက လုပ္ငန္းခြင္ စိတ္ဖိစီး မႈေတြကုိ ျဖစ္ေပၚေစပါတယ္ ။
၅).မၾကာခဏ ခြင့္ယူျခင္း
ရုံးတက္ခ်ိန္မမွန္ ၊ အပ်က္အကြက္မ်ား မၾကာခဏ ခြင့္ယူျခင္းက မိမိရဲ ႔ လုပ္ငန္းခြင္အတြင္း ရင္းႏွီးမႈ ေလ်ာ့က်ေစသလုိ ၊ လုပ္ငန္းခြင္ ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေစဖုိ႔ ခက္ခဲလာေစႏုိင္ပါတယ္ ။ ဒါေၾကာင့္ အလုပ္ မၾကာခဏ ပ်က္ကြက္ တတ္တဲ့သူေတြဟာ လုပ္ငန္းခြင္ ပတ္ဝန္းက်င္ အဆင္မေျပမႈေတြနဲ႔အတူ စိတ္ဖိစီးမႈ ျဖစ္ေပၚေစႏုိင္ပါတယ္ ။
၆). က်န္မာေရး ျပႆနာအနည္းငယ္ရွိေနျခင္း
လုပ္ငန္းခြင္ဝင္ အလုပ္ လုပ္ကုိင္တဲ့သူေတြဟာ က်န္းမာတက္ၾကြတဲ့ လူတစ္ေယာက္ျဖစ္ေနဖုိ႔ အလြန္ကုိအေရးႀကီးပါတယ္ ။ မိမိရဲ ႔က်န္မာေရးကုိ အထူးဂရုစိုက္ဖုိ႔လိုအပ္သလုိ တစ္ကုိယ္ရည္သန္႔ရွင္းေရးရွိဖုိ႔ လုိပါတယ္ ။ က်န္မာေရး ျပႆနာ ႀကီးႀကီးေသးေသး ၊ အနည္းငယ္ရွိေနတာကလည္း စိတ္မၾကည္လင္မႈႏွင့္အတူ အက်ဳိးဆက္အေနနဲ႔ လုပ္ငန္းခြင္ စိတ္ဖိစီး မႈကုိ ျဖစ္ေပၚလာေစႏုိင္ပါတယ္ ။
၇). လုပ္ငန္းခြင္ မိတ္ေဆြႏွင့္ ကေတာက္ကဆရွိျခင္း
ဒါကအေရးအႀကီးဆုံးအခ်က္ပါ ။ လုပ္ငန္းခြင္ မိတ္ေဆြလုိ႔ေခၚတဲ့ အထက္လူႀကီး ၊ ေအာက္ငယ္သား ၊ ေနရာတူ လုပ္ကုိင္ေနရတဲ့
ဝန္ထမ္း အခ်င္းခ်င္း အဆင္မေျပမႈကလည္း လုပ္ငန္းခြင္ စိတ္ဖိစီးမႈ ျဖစ္ေပၚေစပါတယ္ ။ စိတ္ရွည္သည္းခံၿပီး အေကာင္းျမင္ႏုိင္တဲ့
postive thinking ရွိဖုိ႔ အလြန္အေရးႀကီးပါတယ္ ။
အထက္အပါ ေဖာ္ျပထားတဲ့ အခ်က္ (၇) ခ်က္ကေတာ့ ကြ်န္ေတာ္တုိ႔ႏွင့္
အတူ လုပ္ငန္းခြင္ဝင္တဲ့ သူေတြ အမ်ားဆုံး ႀကဳံေတြ႔ႏုိင္တဲ့ စိတ္ဖိစီးေစႏုိင္တဲ့ အခ်က္ေတြျဖစ္ပါတယ္ ။ သတိျပဳ မိရန္အတြက္ ေရးသားေပးလိုက္ရပါတယ္ ။
ခြန္ေန - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
Unicode Font
လုပ်ငန်းခွင်စိတ်ဖိစီးမှု ဖြစ်ရခြင်း အကြောင်းအရင်း ၇ ချက်
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
၁). အလုပ်ကိုအကြွေးထားခြင်း
တစ်နေ့ လုပ်ဆောင်ရမယ့် အလုပ်တွေကို နေ့စဉ်ပုံမှန်ပြီးမြောက်အောင် မလုပ်ဆောင်ပဲ နောက်တနေ့အထိ သယ်ဆောင်သွားခြင်းက အလုပ်တွေပိပြီး စိတ်ဖိစီးမှု ဖြစ်ပေါ်စေပါတယ် ။
၂). မနိုင်ဝန်ထမ်းခြင်း
မနိုင်ဝန်ထမ်းခြင်းမှာ ကိုယ်က အလုပ်ကိုလောဘကြီးလို့ အလုပ်အများအပြား လုပ်ဆောင် နေရတာတွေရှိသလို ၊ အထက်လူကြီးက အလုပ်တွေ ပုံအောပြီး ခိုင်းတဲ့ အခါဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေပါ ။ ဒါကြောင့် မိမိလုပ်မယ့် အလုပ်တွေကို မနိုင်ရင် မနိုင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုအပ်သလို ကိုယ်လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအထိသာ
လုပ်ဆောင်ဖို့ရန် လိုအပ်ပါတယ် ။ ဒီလိုမှမဟုတ်ရင် မနိုင်ဝန်ထမ်းရသလို အလုပ်တွေပိပြီး ကိုယ့်ရဲ ့ ဖန်တီးနိုင်စွမ်းတွေကိုပါ ထိခိုက်နိုင်ပါတယ် ။
၃). လူမှုရေးကိစ္စနှင့်လုပ်ငန်းခွင် မခွဲခြားထားခြင်း
လူမှုရေးကိစ္စ အရှုပ်အရှင်းတွေကို လုပ်ငန်းခွင်အထိသယ်ဆောင်လာခြင်း ၊
အိမ်တွင်းရေးအဆင်မပြေမှုတွေကို လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် ရောထွေးခြင်း စတဲ့ အကျိုးဆက်တွေက လုပ်ငန်းခွင် အဆင်မပြေမှုနဲ့ အတူ စိတ်ဖိစီးမှု နှစ်ဆပိုပြီး များစေနိုင်ပါတယ် ။
၄). ညဉ့်နက်သည်အထိ အလွန်အကျွံ ့ပျော်ပါးခြင်း
လုပ်ငန်းခွင်ဝင် အမျိုးသားတွေ အများဆုံး ကြုံတွေ့ရတဲ့ ပြဿနာပါ ။ ညဉ့်နက်တဲ့အထိ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံပျော်ပါးပြီး နောက်တနေ့ လုပ်ငန်းခွင့်ဝင်တဲ့အခါ အလုပ်ကို ကောင်းကောင်းမလုပ်ဆောင်နိုင်ခြင်း ၊
အိပ်ရေးပျက်ထားတဲ့အတွက် ဖန်တီးနိုင်မှုစွမ်းရည် လျော့ကျလာခြင်း စတဲ့ အကျိုးဆက်တွေက လုပ်ငန်းခွင် စိတ်ဖိစီး မှုတွေကို ဖြစ်ပေါ်စေပါတယ် ။
၅).မကြာခဏ ခွင့်ယူခြင်း
ရုံးတက်ချိန်မမှန် ၊ အပျက်အကွက်များ မကြာခဏ ခွင့်ယူခြင်းက မိမိရဲ ့ လုပ်ငန်းခွင်အတွင်း ရင်းနှီးမှု လျော့ကျစေသလို ၊ လုပ်ငန်းခွင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ခက်ခဲလာစေနိုင်ပါတယ် ။ ဒါကြောင့် အလုပ် မကြာခဏ ပျက်ကွက် တတ်တဲ့သူတွေဟာ လုပ်ငန်းခွင် ပတ်ဝန်းကျင် အဆင်မပြေမှုတွေနဲ့အတူ စိတ်ဖိစီးမှု ဖြစ်ပေါ်စေနိုင်ပါတယ် ။
၆). ကျန်မာရေး ပြဿနာအနည်းငယ်ရှိနေခြင်း
လုပ်ငန်းခွင်ဝင် အလုပ် လုပ်ကိုင်တဲ့သူတွေဟာ ကျန်းမာတက်ကြွတဲ့ လူတစ်ယောက်ဖြစ်နေဖို့ အလွန်ကိုအရေးကြီးပါတယ် ။ မိမိရဲ ့ကျန်မာရေးကို အထူးဂရုစိုက်ဖို့လိုအပ်သလို တစ်ကိုယ်ရည်သန့်ရှင်းရေးရှိဖို့ လိုပါတယ် ။ ကျန်မာရေး ပြဿနာ ကြီးကြီးသေးသေး ၊ အနည်းငယ်ရှိနေတာကလည်း စိတ်မကြည်လင်မှုနှင့်အတူ အကျိုးဆက်အနေနဲ့ လုပ်ငန်းခွင် စိတ်ဖိစီး မှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ် ။
၇). လုပ်ငန်းခွင် မိတ်ဆွေနှင့် ကတောက်ကဆရှိခြင်း
ဒါကအရေးအကြီးဆုံးအချက်ပါ ။ လုပ်ငန်းခွင် မိတ်ဆွေလို့ခေါ်တဲ့ အထက်လူကြီး ၊ အောက်ငယ်သား ၊ နေရာတူ လုပ်ကိုင်နေရတဲ့
ဝန်ထမ်း အချင်းချင်း အဆင်မပြေမှုကလည်း လုပ်ငန်းခွင် စိတ်ဖိစီးမှု ဖြစ်ပေါ်စေပါတယ် ။ စိတ်ရှည်သည္းခံပြီး အကောင်းမြင်နိုင်တဲ့
postive thinking ရှိဖို့ အလွန်အရေးကြီးပါတယ် ။
အထက်အပါ ဖော်ပြထားတဲ့ အချက် (၇) ချက်ကတော့ ကျွန်တော်တို့နှင့်
အတူ လုပ်ငန်းခွင်ဝင်တဲ့ သူတွေ အများဆုံး ကြုံတွေ့နိုင်တဲ့ စိတ်ဖိစီးစေနိုင်တဲ့ အချက်တွေဖြစ်ပါတယ် ။ သတိပြု မိရန်အတွက် ရေးသားပေးလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
https://www.facebook.com/KhunNayTunMedia
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။