Monday, May 11, 2015


Zawgyi font
ခြန္ေန - Khun Nay

၁ . မိမိလက္ေအာက္မွာရွိတဲ့ ဝန္ထမ္းေတြကုိေသခ်ာစီမံခန္႔ခြဲႏုိင္ၿပီလား
မိမိတာဝန္ယူထားရတဲ့ လုပ္ငန္းတစ္ခုလုံး ေအာင္ျမင္ဖုိ႔ ဆုိတာ
မိမိေအာက္မွာ ရွိတဲ့ ဝန္ထမ္းေတြကုိ ေသခ်ာစီမံခန္႔ခြဲ ဦးေဆာင္ႏုိင္ဖုိ႔ဟာ အလြန္ကုိ အေရးႀကီးပါတယ္ ။ ဝန္ထမ္းတစ္ေယာက္ခ်င္းစီရဲ ႔ကုိယ္ရည္ကုိယ္ေသြး ၊ အရည္အခ်င္းေတြကုိ နားမလည္ပဲ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းလြန္းရင္ေတာ့ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ဦးစီး
လုပ္ေဆာင္ေနရတဲ့ လုပ္ငန္းတစ္ခုလုံး က်ရႈံးသြားေစႏုိင္ပါတယ္ ။

၂ . ဝန္ထမ္းတစ္ေယာက္ခ်င္းစီ အားနည္းခ်က္ ၊ လုိအပ္ခ်က္ အခက္အခဲ မ်ားကုိ အျပည့္အဝကာကြယ္ေပးႏုိင္ၿပီလား
မိမိဝန္ထမ္းေတြရဲ ႔အားနည္းခ်က္ ၊ လိုအပ္ခ်က္မ်ားကုိ အထက္လူႀကီးေတြဆီ မန္ေနဂ်ာ(သုိ႔)ေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ ပါးနပ္စြာခ်ဥ္းကပ္ တတ္ဖုိ႔ လုိအပ္ပါတယ္ ။ ဒီေနရာမွာ ဝန္ထမ္းေတြရဲ ႔ လုပ္အားေပၚမူတည္ၿပီး ေက်ာသား ၊ ရင္သား မခြဲျခားပဲလစာ ခံစားခြင့္မ်ားအျပင္ ၊ လုပ္ငန္းခြင္အတြင္း ဝန္ထမ္းေတြရဲ ႔ လိုအပ္ခ်က္ေတြကုိ ေခါင္းေဆာင္ေကာင္းတစ္ေယာက္အေနနဲ႔
အျပည့္အဝ ကာကြယ္ေပးႏုိင္ဖုိ႔ လြန္စြာအေရးႀကီးပါတယ္ ။

၃ . အထက္လူႀကီးေတြရဲ ႔ တုံ႔ျပန္ေျပာဆုိမႈေတြကုိ နည္းလမ္းက်က် ေျဖရွင္းေပးႏုိင္ၿပီလား
ကုမၸဏီတစ္ခုမွာ မန္ေနဂ်ာ(သုိ႔)ေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာၿပီဆုိရင္ မိမိမွာ လက္ေအာက္ငယ္သားေတြရွိသလုိ အထက္မွာလဲ ကုမၸဏီရဲ ႔အႀကီးအကဲ ၊ MD ၊ လုပ္ငန္းရွင္ဆုိတာ ရွိစၿမဲပါ ။ လုပ္ငန္းရွင္ လူႀကီး တစ္ေယာက္အေနနဲ႔ ကုမၸဏီတစ္ခုလုံးရဲ ႔ လုပ္ငန္းပုိင္းဆုိင္ရာ စီမံခန္႔ခြဲမႈ ၊ သက္ဆုိင္ရာ ဌာနအလုိက္ ၊ မန္ေနဂ်ာ(သုိ႔)ေခါင္းေဆာင္ေတြကုိ အသီးသီး တာဝန္ေပးအပ္တတ္ပါတယ္ ။ ဒီေနရာမွာ လုပ္ငန္းအေၾကာင္းနားလည္တဲ့ လုပ္ငန္းရွင္နဲ႔ေတြ႔လုိ႔
ျပႆနာ မဟုတ္ေပမယ့္ ၊ လုပ္ငန္းအေၾကာင္းနားမလည္တဲ့ လုပ္ငန္းရွင္ေတြနဲ႔ ေတြ႔တဲ့ အခါ မန္ေနဂ်ာ(သုိ႔)ေခါင္းေဆာင္ လုိ႔ေခၚတဲ့သူေတြရဲ ႔ အေရးပါ အရာေရာက္မႈ အမ်ားႀကီး သက္ဆုိင္ပါတယ္ ။ လုပ္ငန္းအေၾကာင္းနားမလည္တဲ့ လူႀကီးေတြဟာ လုိခ်င္တာပဲသိတယ္ ၊ လုိအပ္မႈဘာေတြရွိလဲဆုိတာကုိ သူတုိ႔ သေဘာမေပါက္ၾကပါဘူး ။ ဒါကုိ မန္ေနဂ်ာ(သုိ႔)ေခါင္းေဆာင္ ေတြကုိေခၚယူၿပီး သူလုိခ်င္ရာကုိ ဇြတ္ေျပာေလ့ရွိပါတယ္ ။ ဒီအခ်ိန္မွာ မန္ေနဂ်ာ(သုိ႔)ေခါင္းေဆာင္ေတြ ရဲ ႔ နည္းလမ္းက်က် လုိအပ္ခ်က္မ်ားကုိ ေျဖရွင္းေျပာျပႏုိင္မႈ ဟာ အလြန္ကုိ အေရးႀကီးပါတယ္ ။ အကယ္လုိ႔ အထက္လူႀကီးေတြရဲ ႔ လုိခ်င္မႈေတြကုိပဲ ေခါင္းညိမ့္ၿပီး အေပၚကေထာင္းသမွ် ေအာက္ကုိ ဖိေနမယ္ဆုိရင္ ေတာ့ အထက္ကေျပာခဲ့တဲ့ အခ်က္ - ၂ ခ်က္ကုိ သင္ဟာ ေခါင္းေဆာင္(သုိ႔)မန္ေနဂ်ာ တစ္ေယာက္အေနနဲ႔ အျပည့္အဝ အကာအကြယ္ မေပးႏုိင္ဘူးဆုိတာ မုခ် မလႊဲပါပဲ ။

အေၾကာင္း အရာမ်ားအားလုံး ပါးနပ္စြာ ေျဖရွင္းႏုိင္ၾကပါေစလုိ႔ သတိေပး ဆႏၵျပဳလ်က္ ။

ခြန္ေန - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3


Unicode Font
ခွန်နေ - Khun Nay 

၁ . မိမိလက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကိုသေချာစီမံခန့်ခွဲနိုင်ပြီလား
မိမိတာဝန်ယူထားရတဲ့ လုပ်ငန်းတစ်ခုလုံး အောင်မြင်ဖို့ ဆိုတာ
မိမိအောက်မှာ ရှိတဲ့ ဝန်ထမ်းတွေကို သေချာစီမံခန့်ခွဲ ဦးဆောင်နိုင်ဖို့ဟာ အလွန်ကို အရေးကြီးပါတယ် ။ ဝန်ထမ်းတစ်ယောက်ချင်းစီရဲ ့ကိုယ်ရည်ကိုယ်သွေး ၊ အရည်အချင်းတွေကို နားမလည်ပဲ စီမံခန့်ခွဲမှု ညံ့ဖျင်းလွန်းရင်တော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဦးစီး
လုပ်ဆောင်နေရတဲ့ လုပ်ငန်းတစ်ခုလုံး ကျရှုံးသွားစေနိုင်ပါတယ် ။ 

၂ . ဝန်ထမ်းတစ်ယောက်ချင်းစီ အားနည်းချက် ၊ လိုအပ်ချက် အခက်အခဲ များကို အပြည့်အဝကာကွယ်ပေးနိုင်ပြီလား
မိမိဝန်ထမ်းတွေရဲ ့အားနည်းချက် ၊ လိုအပ်ချက်များကို အထက်လူကြီးတွေဆီ မန်နေဂျာ(သို့)ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါးနပ်စွာချဉ်းကပ် တတ်ဖို့ လိုအပ်ပါတယ် ။ ဒီနေရာမှာ ဝန်ထမ်းတွေရဲ ့ လုပ်အားပေါ်မူတည်ပြီး ကျောသား ၊ ရင်သား မခွဲခြားပဲလစာ ခံစားခွင့်များအပြင် ၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေရဲ ့ လိုအပ်ချက်တွေကို ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့
အပြည့်အဝ ကာကွယ်ပေးနိုင်ဖို့ လွန်စွာအရေးကြီးပါတယ် ။ 

၃ . အထက်လူကြီးတွေရဲ ့ တုံ့ပြန်ပြောဆိုမှုတွေကို နည်းလမ်းကျကျ ဖြေရှင်းပေးနိုင်ပြီလား
ကုမ္ပဏီတစ်ခုမှာ မန်နေဂျာ(သို့)ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဆိုရင် မိမိမှာ လက်အောက်ငယ်သားတွေရှိသလို အထက်မှာလဲ ကုမ္ပဏီရဲ ့အကြီးအကဲ ၊ MD ၊ လုပ်ငန်းရှင်ဆိုတာ ရှိစမြဲပါ ။ လုပ်ငန်းရှင် လူကြီး တစ်ယောက်အနေနဲ့ ကုမ္ပဏီတစ်ခုလုံးရဲ ့ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ၊ သက်ဆိုင်ရာ ဌာနအလိုက် ၊ မန်နေဂျာ(သို့)ခေါင်းဆောင်တွေကို အသီးသီး တာဝန်ပေးအပ်တတ်ပါတယ် ။ ဒီနေရာမှာ လုပ်ငန်းအကြောင်းနားလည်တဲ့ လုပ်ငန်းရှင်နဲ့တွေ့လို့
ပြဿနာ မဟုတ်ပေမယ့် ၊ လုပ်ငန်းအကြောင်းနားမလည်တဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့တဲ့ အခါ မန်နေဂျာ(သို့)ခေါင်းဆောင် လို့ခေါ်တဲ့သူတွေရဲ ့ အရေးပါ အရာရောက်မှု အများကြီး သက်ဆိုင်ပါတယ် ။ လုပ်ငန်းအကြောင်းနားမလည်တဲ့ လူကြီးတွေဟာ လိုချင်တာပဲသိတယ် ၊ လိုအပ်မှုဘာတွေရှိလဲဆိုတာကို သူတို့ သဘောမပေါက်ကြပါဘူး ။ ဒါကို မန်နေဂျာ(သို့)ခေါင်းဆောင် တွေကိုခေါ်ယူပြီး သူလိုချင်ရာကို ဇွတ်ပြောလေ့ရှိပါတယ် ။ ဒီအချိန်မှာ မန်နေဂျာ(သို့)ခေါင်းဆောင်တွေ ရဲ ့ နည်းလမ်းကျကျ လိုအပ်ချက်များကို ဖြေရှင်းပြောပြနိုင်မှု ဟာ အလွန်ကို အရေးကြီးပါတယ် ။ အကယ်လို့ အထက်လူကြီးတွေရဲ ့ လိုချင်မှုတွေကိုပဲ ခေါင်းညိမ့်ပြီး အပေါ်ကထောင်းသမျှ အောက်ကို ဖိနေမယ်ဆိုရင် တော့ အထက်ကပြောခဲ့တဲ့ အချက် - ၂ ချက်ကို သင်ဟာ ခေါင်းဆောင်(သို့)မန်နေဂျာ တစ်ယောက်အနေနဲ့ အပြည့်အဝ အကာအကွယ် မပေးနိုင်ဘူးဆိုတာ မုချ မလွှဲပါပဲ ။ 

အကြောင်း အရာများအားလုံး ပါးနပ်စွာ ဖြေရှင်းနိုင်ကြပါစေလို့ သတိပေး ဆန္ဒပြုလျက် ။ 

ခွန်နေ - Khun Nay 
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook