Monday, June 29, 2015





[Zawgyi]
ခြန္ေန - Khun Nay
https://www.facebook.com/nay.tun2

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပတ္သက္လုိ႔ လူငယ္အခ်ဳိ ႔နဲ႔ ေဆြးေႏြးၾကည့္တဲ့ အခါမႀကဳိက္ၾကပဲ လက္ရွိ သမၼတ ဦးသိန္းစိန္ ကုိ သေဘာက်ေနတာမ်ဳိး ေတြ႔ရတယ္ ။ သူ႔အႀကဳိက္ ကုိယ့္အႀကဳိက္ လြတ္လပ္စြာ ႀကဳိက္ခြင့္ရွိတာ လူ႔အခြင့္အေရးမုိ႔လုိ႔ေစာဒက မတက္ခ်င္ေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ကုိ ဆန္႔က်င္ၾကတဲ့ လူငယ္အမ်ားစုကုိ ကြ်န္ေတာ္ ဥာဏ္ရည္မွီသေလာက္ နည္းနည္းေလး ေဆြးေႏြးၾကည့္ခ်င္တယ္ ။
ေဒၚေအာင္ဆန္းစုၾကည္ကုိ ဘာေၾကာင့္ မႀကဳိက္ၾကသလဲလုိ႔ ေမးခြန္း ထုတ္တဲ့အေပၚမွာ လူငယ္ေတြ ျပန္ေျပာတဲ့အေျဖက တူညီေလ့ ရွိတာကုိေတြ႔ရတယ္ ။
၁ . ဒုကၡသည္ ေတြကုိ လက္ခံခဲ့လုိ႔
၂ . ရခုိင္ ၊ ရုိဟင္ဂ်ာ အေရးအခင္းမွာ ထိထိေရာက္ေရာက္ မေျဖရွင္းေပးႏုိင္ခဲ့လုိ႔
၃ . မထၳီလာအေရးအခင္းမွာလည္း ဆုံးျဖတ္ခ်က္မျပတ္သားလုိ႔
၄ . ႏုိင္ငံေရးနဲ႔ ပတ္သက္ၿပီး လက္ရွိ အခ်ိန္ထိ သူဘာမွမလုပ္ေပးထားလုိ႔ ဆုိၿပီး အထက္ပါ ေလးခ်က္ကုိ အဓိက မီးေမာင္းထုိး ေျပာဆုိၾကတာကုိ ေတြ႔ရတယ္ ။

နံပါတ္ ၁ အခ်က္ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဒုကၡသည္ေတြကုိ လက္ခံဖုိ႔ ဆုိတဲ့အရာကုိမေျပာခင္ ဒီရုိဟင္ဂ်ာ ဒုကၡသည္ေတြက ခုသမၼတ ဦးသိန္းစိန္ လက္ထက္မွာမွ မဟုတ္ဘူး ။ အရင္ စစ္အစုိးရလက္ထပ္ ေခတ္အဆက္ဆက္မွာ ကတည္းကရခုိင္ျပည္ကုိ နည္းမ်ဳိးစုံနဲ႔ ဝင္ေရာက္ ေနထုိင္လာခဲ့တာ ၾကာၿပီ ။ အဲ့ဒီအခ်ိန္ကာလေတြတုန္းက ပြင့္လင္းျမင္သာမႈ မရွိေသးတာရယ္ လာဘ္ေပး လာဘ္ယူမႈ ႀကီးႀကီးမားမားရွိခဲ့မႈေတြေၾကာင့္ ျပည္သူေတြမသိရွိႏုိင္ခဲ့တာပါ ။ ရုိဟင္ဂ်ာတစ္ဦးကုိ သုံးသိန္းနဲ႔ ႏုိင္ငံသားအျဖစ္ မွတ္ပုံတင္ေတြ ထုတ္ေပးခဲ့ၿပီး ရခုိင္ျပည္ တစ္ျပည္လုံး ရုိဟင္ဂ်ာေတြ တုိးပြားေစခဲ့တယ္ ။ အဲ့လုိ ေခတ္အဆက္ဆက္ကာလေတြမွာ ကတည္းက ရုိဟင္ဂ်ာေတြကုိ နည္းမ်ဳိးစုံ ႏုိင္ငံသားျဖစ္ေအာင္ က်င့္သုံးလာခဲ့ၾကတာ လက္ရွိ ေဒၚေအာင္ဆန္းစုၾကည္က ဒုကၡသည္ေတြမုိ႔လုိ႔ ေခတၱခန ေစာင့္ေရွာက္ဖုိ႔ ေမတၱာရပ္ခံ လုိက္မိတဲ့အထိပဲ ။ လက္ခံလိုက္တဲ့အေပၚမွာ ေဒၚစုကုိျမင္တဲ့ အျမင္ေတြ ဆန္႔က်င္ဘက္ ျဖစ္လာခဲ့တယ္ ။ လက္ရွိအခ်ိန္လည္း ဒုကၡသည္ေတြကုိ စိစစ္ၿပီး မိခင္ႏုိင္ငံဆီကုိ ျပန္လႊတ္ေန တာမ်ဳိးေတြရွိတယ္ ။

ၿပီးေတာ့ နံပါတ္ ၂ အခ်က္ျဖစ္တဲ့ ရခုိင္ ၊ ရုိဟင္ဂ်ာအေရးအခင္း ကိစၥမွာလည္း ေဒၚစုက မေျဖရွင္းေပးႏုိင္ခဲ့ဘူးလုိ႔ဆုိတယ္ ။ ႏွစ္ေပါင္းမ်ားစြာ အတူတကြ ယွဥ္တြဲေနထုိင္လာခဲ့တယ္ ။ စစ္အစုိးရ ကုိယ္တုိင္ လက္ခံခြင့္ျပဳခဲ့တဲ့ ႏုိင္ငံသား ရုိဟင္ဂ်ာေတြနဲ႔ ရခုိင္ျပည္သူေတြ ျဖစ္လာတဲ့
ျပႆနာအေပၚ လႊတ္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကုိ ျပည္သူ႔လႊတ္ေတာ္ တရားဥပေဒစုိးမုိးေရးႏွင့္ တည္ၿငိမ္ ေအးခ်မ္းေရးေကာ္မတီ ဥကၠဌဆုိၿပီး ခန္႔အပ္လိုက္ျပန္တယ္ ။ အစုိးရအေနနဲ႔ ကုိယ္တုိင္ တာဝန္ယူမႈ ရွိရမယ့္အေနအထားမွာ အက်ဥ္းထဲအၾကပ္ထဲ ေဒၚေအာင္ဆန္းစုၾကည္ကုိ ထုိးေၾကြးလိုက္သလုိျဖစ္သြားတယ္ ။ ဒါေတြကုိလည္း လူငယ္ေတြ ျမင္တတ္ဖုိ႔ ၊ ထည့္သြင္းစဥ္းစားဖုိ႔လုိတယ္ ဆုိတာပါ ။

နံပါတ္ ၃ အခ်က္ျဖစ္တဲ့ မတၳီလာအေရးအခင္းမွာလည္း အလားတူပါပဲ ။ အဆုိပါ အေရးအခင္းမွာ ဘယ္သူမွားတယ္ ၊ ဘယ္သူမွန္တယ္ ဆုံးျဖတ္ခ်က္ ျပတ္သားတယ္ မျပတ္သားဘူးဆုိတာထက္ ေဒၚစုေျပာသြားတာရွင္းပါတယ္ ။ ဘယ္သူ႔ဘယ္သူပဲ ျဖစ္ေနပါေစ ဘယ္လုိနည္းနဲ႔မဆုိ ျဖစ္ေပၚလာတဲ့ အၾကမ္းဖက္မႈမ်ဳိးကုိ လက္ခံမွာ မဟုတ္ဘူးလုိ႔ ေျပာသြားတယ္ ။ ဘယ္သူမွားတယ္ ဘယ္သူမွန္တယ္ဆုိတာထက္ ျပတ္သားတဲ့ အေျဖလုိ႔ပဲ ရႈျမင္တယ္ ။

နံပါတ္ ၄ အခ်က္ ျဖစ္တဲ့ ေနအိမ္အက်ယ္ခ်ဳပ္က လြတ္ေျမာက္လာၿပီးတဲ့ အခုခ်ိန္ထိ ျပည္သူေတြအတြက္ ဘာမွမလုပ္ေပးထားႏုိင္ဘူးလုိ႔ ေျပာတယ္ ။ ဒီအေပၚမွာ လက္ရွိ တုိင္းျပည္ ျဖစ္ေပၚေနတဲ့အေျခအေန အခက္အခဲ တစ္ခုေပၚလာတုိင္း လူေတြက ေဒၚစုကုိသြားၿပီး အျပစ္ျမင္ၿပီး ပုံခ်ၾကတယ္ ။ အဲ့အတြက္ တစ္ခုပဲေျပာခ်င္ပါတယ္ ။ ျဖစ္ေပၚလာသမွ် အခက္အခဲ ျပႆနာအားလုံး ေဒၚစုကို လက္ညဳိးထုိး အျပစ္တင္ခ်င္တယ္ဆုိရင္ ေဒၚစုကုိ အာဏာ လႊဲေျပာင္းေပးလိုက္ၾကပါ ။ လက္ရွိ အာဏာရေနတာ
ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္ဘူးဆုိတာ ကြဲကြဲျပားျပား သိထားဖုိ႔လုိပါတယ္ ။

တုိးတက္တဲ့ ႏုိင္ငံတုိင္းမွာ အတုိက္အခံ ေခါင္းေဆာင္ေတြဆုိတာ ရွိၾကတယ္ ။ ႏုိင္ငံေရးအေျပာင္းအလဲ တစ္ခုျဖစ္ဖုိ႔အတြက္ စစ္မွန္တဲ့ အတုိက္အခံ ေခါင္းေဆာင္ေကာင္း တစ္ေယာက္မရွိရင္ အဲ့တုိင္းျပည္ဟာ အစုိးရ လုပ္ခ်င္တုိင္းလုပ္ ၊ ျဖစ္ခ်င္တုိင္းျဖစ္ ျပည္သူေတြ ဆင္းရဲ စုတ္ျပတ္တဲ့ ႏုိင္ငံတစ္ခုျဖစ္သြားလုိက္မယ္ဆုိတာပဲ ။ လက္ရွိ ေျမာက္ကုိးရီးယားႏုိင္ငံက
ျပည္သူေတြဟာ ျမန္မာျပည္က ေဒၚေအာင္ဆန္းစုၾကည္ကုိ ကန္႔ကြက္ေနၾကတဲ့ သူေတြအတြက္ အနီးဆုံး သာဓကပါပဲ ။

အႏွစ္ခ်ဳပ္အေနနဲ႔ ဆုိလုိခ်င္တာက အခုဒီစာေရးတဲ့ ကြ်န္ေတာ္ဟာ ႏုိင္ငံေရးသမားမဟုတ္ပါဘူး ။ ဒါေပမယ့္ ႏုိင္ငံေရးဟာ ကုိယ္နဲ႔ ဆုိင္သလုိေတာ့ ေနပါတယ္ ။ ျပည္သူတစ္ေယာက္အေနနဲ႔ ကုိယ္ေထာက္ခံမယ့္ သူဟာ မွန္သလား ၊ မွားသလား ကြဲကြဲျပားျပား သိဖုိ႔လုိတယ္ ။ ဒီအတြက္ သူမ်ားေျပာသမွ် နားေယာင္ေနရမယ့္ အခ်ိန္မဟုတ္ပါဘူး ။ ႏုိင္ငံေရးဟာ ကုိယ္နဲ႔ မဆုိင္သလုိေနေပမယ့္ တစ္နည္းမဟုတ္ တစ္နည္း တစ္ေန႔က်ရင္ ကုိယ္နဲ႔ဆုိင္လာပါလိမ့္မယ္ ။ အဲ့လုိေျပာလုိ႔ လူငယ္ေတြကုိ ႏုိင္ငံေရးလုပ္ပါလုိ႔ တုိက္တြန္းတာလည္း မဟုတ္ပါဘူး ။
ႏုိင္ငံေရးကုိ ေလ့လာသိရွိဖုိ႔ လုိအပ္တယ္ဆုိတာကုိ ေျပာခ်င္တာပါ ။ ေလ့လာသိရွိဖုိ႔အတြက္ ႏုိင္ငံေရးစာေပေတြ ေဆာင္းပါးေတြကုိ ဖတ္ရႈေပးပါ ၊ စာမ်ားမ်ား ဖတ္ပါလုိ႔သာ တုိက္တြန္းရင္း ကုိယ္စီးတဲ့ ျမင္း အထီးလား ၊ အမလား ခြဲျခားတတ္ႏုိင္ၾကပါေစလုိ႔ ေရးသားတင္ျပလိုက္ရပါတယ္ ။

ခြန္ေန - Khun Nay
www.khunnaymedia.com

[Unicode]
မျိုးဆက်သစ်လူငယ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမြင်သလဲ

ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လူငယ်အချို ့နဲ့ ဆွေးနွေးကြည့်တဲ့ အခါမကြိုက်ကြပဲ လက်ရှိ သမ္မတ ဦးသိန်းစိန် ကို သဘောကျနေတာမျိုး တွေ့ရတယ် ။ သူ့အကြိုက် ကိုယ့်အကြိုက် လွတ်လပ်စွာ ကြိုက်ခွင့်ရှိတာ လူ့အခွင့်အရေးမို့လို့စောဒက မတက်ချင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်ကြတဲ့ လူငယ်အများစုကို ကျွန်တော် ဉာဏ်ရည်မှီသလောက် နည်းနည်းလေး ဆွေးနွေးကြည့်ချင်တယ် ။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် မကြိုက်ကြသလဲလို့ မေးခွန်း ထုတ်တဲ့အပေါ်မှာ လူငယ်တွေ ပြန်ပြောတဲ့အဖြေက တူညီလေ့ ရှိတာကိုတွေ့ရတယ် ။
၁ . ဒုက္ခသည် တွေကို လက်ခံခဲ့လို့
၂ . ရခိုင် ၊ ရိုဟင်ဂျာ အရေးအခင်းမှာ ထိထိရောက်ရောက် မဖြေရှင်းပေးနိုင်ခဲ့လို့
၃ . မထ္ထီလာအရေးအခင်းမှာလည်း ဆုံးဖြတ်ချက်မပြတ်သားလို့
၄ . နိုင်ငံရေးနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ သူဘာမှမလုပ်ပေးထားလို့ ဆိုပြီး အထက်ပါ လေးချက်ကို အဓိက မီးမောင်းထိုး ပြောဆိုကြတာကို တွေ့ရတယ် ။

နံပါတ် ၁ အချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်တွေကို လက်ခံဖို့ ဆိုတဲ့အရာကိုမပြောခင် ဒီရိုဟင်ဂျာ ဒုက္ခသည်တွေက ခုသမ္မတ ဦးသိန်းစိန် လက်ထက်မှာမှ မဟုတ်ဘူး ။ အရင် စစ်အစိုးရလက်ထပ် ခေတ်အဆက်ဆက်မှာ ကတည်းကရခိုင်ပြည်ကို နည်းမျိုးစုံနဲ့ ဝင်ရောက် နေထိုင်လာခဲ့တာ ကြာပြီ ။ အဲ့ဒီအချိန်ကာလတွေတုန်းက ပွင့်လင်းမြင်သာမှု မရှိသေးတာရယ် လာဘ်ပေး လာဘ်ယူမှု ကြီးကြီးမားမားရှိခဲ့မှုတွေကြောင့် ပြည်သူတွေမသိရှိနိုင်ခဲ့တာပါ ။ ရိုဟင်ဂျာတစ်ဦးကို သုံးသိန်းနဲ့ နိုင်ငံသားအဖြစ် မှတ်ပုံတင်တွေ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည် တစ်ပြည်လုံး ရိုဟင်ဂျာတွေ တိုးပွားစေခဲ့တယ် ။ အဲ့လို ခေတ်အဆက်ဆက်ကာလတွေမှာ ကတည်းက ရိုဟင်ဂျာတွေကို နည်းမျိုးစုံ နိုင်ငံသားဖြစ်အောင် ကျင့်သုံးလာခဲ့ကြတာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်က ဒုက္ခသည်တွေမို့လို့ ခေတ္တခန စောင့်ရှောက်ဖို့ မေတ္တာရပ်ခံ လိုက်မိတဲ့အထိပဲ ။ လက်ခံလိုက်တဲ့အပေါ်မှာ ဒေါ်စုကိုမြင်တဲ့ အမြင်တွေ ဆန့်ကျင်ဘက် ဖြစ်လာခဲ့တယ် ။ လက်ရှိအချိန်လည်း ဒုက္ခသည်တွေကို စိစစ်ပြီး မိခင်နိုင်ငံဆီကို ပြန်လွှတ်နေ တာမျိုးတွေရှိတယ် ။

ပြီးတော့ နံပါတ် ၂ အချက်ဖြစ်တဲ့ ရခိုင် ၊ ရိုဟင်ဂျာအရေးအခင်း ကိစ္စမှာလည်း ဒေါ်စုက မဖြေရှင်းပေးနိုင်ခဲ့ဘူးလို့ဆိုတယ် ။ နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်လာခဲ့တယ် ။ စစ်အစိုးရ ကိုယ်တိုင် လက်ခံခွင့်ပြုခဲ့တဲ့ နိုင်ငံသား ရိုဟင်ဂျာတွေနဲ့ ရခိုင်ပြည်သူတွေ ဖြစ်လာတဲ့
ပြဿနာအပေါ် လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌဆိုပြီး ခန့်အပ်လိုက်ပြန်တယ် ။ အစိုးရအနေနဲ့ ကိုယ်တိုင် တာဝန်ယူမှု ရှိရမယ့်အနေအထားမှာ အကျဉ်းထဲအကြပ်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို ထိုးကြွေးလိုက်သလိုဖြစ်သွားတယ် ။ ဒါတွေကိုလည်း လူငယ်တွေ မြင်တတ်ဖို့ ၊ ထည့်သွင်းစဉ်းစားဖို့လိုတယ် ဆိုတာပါ ။

နံပါတ် ၃ အချက်ဖြစ်တဲ့ မတ္ထီလာအရေးအခင်းမှာလည်း အလားတူပါပဲ ။ အဆိုပါ အရေးအခင်းမှာ ဘယ်သူမှားတယ် ၊ ဘယ်သူမှန်တယ် ဆုံးဖြတ်ချက် ပြတ်သားတယ် မပြတ်သားဘူးဆိုတာထက် ဒေါ်စုပြောသွားတာရှင်းပါတယ် ။ ဘယ်သူ့ဘယ်သူပဲ ဖြစ်နေပါစေ ဘယ်လိုနည်းနဲ့မဆို ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောသွားတယ် ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာထက် ပြတ်သားတဲ့ အဖြေလို့ပဲ ရှုမြင်တယ် ။

နံပါတ် ၄ အချက် ဖြစ်တဲ့ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့ အခုချိန်ထိ ပြည်သူတွေအတွက် ဘာမှမလုပ်ပေးထားနိုင်ဘူးလို့ ပြောတယ် ။ ဒီအပေါ်မှာ လက်ရှိ တိုင်းပြည် ဖြစ်ပေါ်နေတဲ့အခြေအနေ အခက်အခဲ တစ်ခုပေါ်လာတိုင်း လူတွေက ဒေါ်စုကိုသွားပြီး အပြစ်မြင်ပြီး ပုံချကြတယ် ။ အဲ့အတွက် တစ်ခုပဲပြောချင်ပါတယ် ။ ဖြစ်ပေါ်လာသမျှ အခက်အခဲ ပြဿနာအားလုံး ဒေါ်စုကို လက်ညိုးထိုး အပြစ်တင်ချင်တယ်ဆိုရင် ဒေါ်စုကို အာဏာ လွှဲပြောင်းပေးလိုက်ကြပါ ။ လက်ရှိ အာဏာရနေတာ
ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြား သိထားဖို့လိုပါတယ် ။

တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အတိုက်အခံ ခေါင်းဆောင်တွေဆိုတာ ရှိကြတယ် ။ နိုင်ငံရေးအပြောင်းအလဲ တစ်ခုဖြစ်ဖို့အတွက် စစ်မှန်တဲ့ အတိုက်အခံ ခေါင်းဆောင်ကောင်း တစ်ယောက်မရှိရင် အဲ့တိုင်းပြည်ဟာ အစိုးရ လုပ်ချင်တိုင်းလုပ် ၊ ဖြစ်ချင်တိုင်းဖြစ် ပြည်သူတွေ ဆင်းရဲ စုတ်ပြတ်တဲ့ နိုင်ငံတစ်ခုဖြစ်သွားလိုက်မယ်ဆိုတာပဲ ။ လက်ရှိ မြောက်ကိုးရီးယားနိုင်ငံက
ပြည်သူတွေဟာ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်နေကြတဲ့ သူတွေအတွက် အနီးဆုံး သာဓကပါပဲ ။

အနှစ်ချုပ်အနေနဲ့ ဆိုလိုချင်တာက အခုဒီစာရေးတဲ့ ကျွန်တော်ဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး ။ ဒါပေမယ့် နိုင်ငံရေးဟာ ကိုယ်နဲ့ ဆိုင်သလိုတော့ နေပါတယ် ။ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ထောက်ခံမယ့် သူဟာ မှန်သလား ၊ မှားသလား ကွဲကွဲပြားပြား သိဖို့လိုတယ် ။ ဒီအတွက် သူများပြောသမျှ နားယောင်နေရမယ့် အချိန်မဟုတ်ပါဘူး ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်သလိုနေပေမယ့် တစ်နည်းမဟုတ် တစ်နည်း တစ်နေ့ကျရင် ကိုယ်နဲ့ဆိုင်လာပါလိမ့်မယ် ။ အဲ့လိုပြောလို့ လူငယ်တွေကို နိုင်ငံရေးလုပ်ပါလို့ တိုက်တွန်းတာလည်း မဟုတ်ပါဘူး ။
နိုင်ငံရေးကို လေ့လာသိရှိဖို့ လိုအပ်တယ်ဆိုတာကို ပြောချင်တာပါ ။ လေ့လာသိရှိဖို့အတွက် နိုင်ငံရေးစာပေတွေ ဆောင်းပါးတွေကို ဖတ်ရှုပေးပါ ၊ စာများများ ဖတ်ပါလို့သာ တိုက်တွန်းရင်း ကိုယ်စီးတဲ့ မြင်း အထီးလား ၊ အမလား ခွဲခြားတတ်နိုင်ကြပါစေလို့ ရေးသားတင်ပြလိုက်ရပါတယ် ။

ခွန်နေ - Khun Nay 
www.khunnaymedia.com



0 comments:

Post a Comment

လူငယ္စာေပ ၊ သုတ ၊ ရသ ၊ နည္းပညာ ၊ ဟာသ ၊ ထူးဆန္းေထြလာ သတင္းမ်ာကုိ
စုံလင္ေအာင္ ႀကဳိးစားတင္ဆက္ေပးသြားပါမယ္ ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ္ပတ္အတြင္းဖတ္ရႈမႈအမ်ားဆုံးစာမ်က္ႏွာ

Advertisement

Find Us On Facebook