Wednesday, September 2, 2015
[Zawgyi]
ခွန်နေ - Khun Nay
https://www.facebook.com/nay.tun2
၇ ။ ဇွဲရှိဖို့လိုတယ်
ခွန်နေ - Khun Nay
www.khunnaymedia.com
[Unicode]
အောင်မြင်လိုသူများအတွက်
လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် အောင်မြင်ပြီးသား လုပ်ငန်းတွေကိုကြည့်ပြီး လေ့လာရပါတယ် ။ လေ့လာတယ်ဆိုတာက ကူးချခိုင်းတာမဟုတ်ပါဘူး ။ ယူသင့်သလောက်ယူလို့ရပါတယ် ၊ အလုံးစုံယူလိုက်ခြင်းကိုမဆိုလိုပါဘူး ။ သူလုပ်ခဲ့လို့ သူအောင်မြင်တာ မှန်ပေမယ့် ပုံစံတူလိုက်လုပ်လို့ ကိုယ်အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ် ။ အောင်မြင်ခဲ့မယ်ဆိုရင်လည်း ကြာရှည်တဲ့ အောင်မြင်မှုမျိုးအဖြစ် ရပ်တည်နိုင်မှာမဟုတ်ပါဘူး ။ လုပ်ငန်းခေါင်းစဉ်တူနေတယ်ဆိုရင်တောင် ကိုယ့်မူ ၊ ကိုယ့်စတိုင်နဲ့သွားတာ အကောင်းဆုံးပါပဲ ။ ဒါမှသာ ကိုယ့်လုပ်ငန်း ကိုယ့် brand ကတာရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ် ။ အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ ့ ဦးဆောင်သူတွေဟာ ကိုယ်ပိုင်မူ ၊ ကိုင်ပိုင်ဟန်နဲ့ ထိုးဖောက် အောင်မြင်လာသူတွေပါ ။ ပတ်ဝန်းကျင် အကြံအဉာဏ် ထိုက်သင့်သလောက် ယူတတ်မှုနဲဲ့ ကွန့်မြူးဖန်တီးနိုင်စွမ်း ရှိကြသူတွေဖြစ်တယ် ။ ဒါကြောင့် အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့ ၊ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့
၁ ။ လေ့လာနိုင်စွမ်းကောင်းဖို့လိုပါတယ်
၂ ။ ပုံစံတူကူးချခြင်းကို ရှောင်ကြဉ်နိုင်ရပါမယ်
၃ ။ ကိုယ်ပိုင်အမြင် ၊ ကိုယ်ပိုင်ခံယူချက်ရှိရပါမယ်
၄ ။ ဖန်တီးနိုင်စွမ်းရှိဖို့လိုပါတယ်
၅ ။ ကောင်မွန်တဲ့ အထောက်အပံ့ကောင်းရှိထားဖို့လိုပါတယ်
၆ ။ အရှုံးတွေကို လက်ခံနိုင်ရမယ် ၊ ဝေဖန်မှုဒါဏ်ကိုခံနိုင်ရည်ရှိရပါမယ်
၇ ။ ဇွဲရှိဖို့လိုတယ်
၈ ။ ကိုယ့်ကိုယ် ယုံကြည်မှုရှိ ရန်လိုအပ်ပါတယ် ။
အထက်ပါပြောခဲ့တဲ့ အချက်တွေအားလုံး အဆင်သင့်ဖြစ်နေပြီ ၊ သင့်ဆီမှာရှိနေပြီဆိုရင် အောင်မြင်တဲ့သူ ၊ လုပ်ငန်းတစ်ခုကိုအောင်မြင်စွာ ထူထောင်နိုင်သူအဖြစ် ရောက်ရှိလာပါလိမ့်မယ် ။
ခွန်နေ - Khun Nay
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။
Advertisement
Advertisement
Advertisment
Ad
Advertisment
Contact Us
09420112050
တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ
Advertisement
Find Us On Facebook