Thursday, November 19, 2015


Innlay Media's photo.ပြီးခဲ့တဲ့ သောကြာနေ့ည ISIS တွေရဲ့  ပဲရစ်အကြမ်းဖက်မှုမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပြီး ပြင်သစ်ရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ရပါတယ် ။ သေဆုံးခဲ့တဲ့ထဲမှာ လူကြီး ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး ပေါင်းစုံပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ဝမ်းနည်း ထိန့်လန့်စရာ ကောင်းခဲ့ရသလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေရဲ့  ကျန်ရစ်မိသားစုတွေ ယူကျုံးမရ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ရပါတယ် ။ ကျန်ရန်ရစ်သူမိသားစုတွေထဲက Antoine Leiris လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး သေနတ်ဒါဏ်ရာနဲ့ သေဆုံးသွားတဲ့အမျိုးသမီးဖြစ်သူ Helen Muyel-Leiris အတွက် ISIS တွေကို " ငါမင်းကိုမမုန်းဘူး " ဆိုတဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စာကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့ည ISIS တွေရဲ့  ပဲရစ်အကြမ်းဖက်မှုမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပြီး ပြင်သစ်ရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ရပါတယ် ။ သေဆုံးခဲ့တဲ့ထဲမှာ လူကြီး ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး ပေါင်းစုံပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ဝမ်းနည်း ထိန့်လန့်စရာ ကောင်းခဲ့ရသလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေရဲ့  ကျန်ရစ်မိသားစုတွေ ယူကျုံးမရ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ရပါတယ် ။ ကျန်ရန်ရစ်သူမိသားစုတွေထဲက Antoine Leiris လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး သေနတ်ဒါဏ်ရာနဲ့ သေဆုံးသွားတဲ့အမျိုးသမီးဖြစ်သူ Helen Muyel-Leiris အတွက် ISIS တွေကို " ငါမင်းကိုမမုန်းဘူး " ဆိုတဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စာကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ် ။
“ သောကြာနေ့ညက ငါ့ဘဝမှာ တန်ဖိုးအထားရဆုံးဖြစ်တဲ့ အသက် တစ်ချောင်းကို မင်းတို့ယူသွားတယ် ။ အဲ့ဒီ အသက်ပိုင်ရှင်ဟာ ငါ့ရင်သွေးလေးရဲ့ မိခင် ၊ ငါ့ဘဝနဲ့ရင်းပြီးချစ်ရတဲ့သူ ။ မင်းတို့ ဘယ်သူလဲငါမသိဘူး ။ မင်းတို့ဘယ်မှာရှိတယ်ဆိုတာလဲငါမသိဘူး ။ အသက်ရှင်ပြီး ဘဝသေနေတဲ့ မင်းတို့ဘယ်သူဆိုတာ ငါသိလိုစိတ်လည်း မရှိဘူး ။ ယခုလုပ်ရက်ဟာ မင်းတို့ဘုရားအတွက်ဆိုရင် ငါ့အမျိုးသမီးရဲ့  ကိုယ်ပေါ်က ကျည်ဆံရာ တစ်ချက်ဆီဟာ မင်းတို့ ဘုရားရဲ့ နှစ်လုံးသားမှာ ဒါဏ်ရာတစ်ချက်ဆီ ဖြစ်စေလိမ့်မယ် ။ ဒါကြောင့်ငါ မင်းတို့ကို မမုန်းဘူး ။ မင်းတို့တောင်းဆိုနေတဲ့ အမုန်းတရားကို ငါမပေးဘူး ။ အမုန်းတရားတွေကို လက်ကိုင်ထားပြီး ဒီလိုလုပ်ရပ်တွေ ကျူးလွန်တဲ့ မင်းတို့ကို ငါက အမုန်းနဲ့မတုန့်ပြန်ဘူး ။ ငါ့ကိုကြောက်စေချင်တယ် ၊ ငါ့နိုင်ငံသားတွေကို ယုံမှားသံသယဖြစ်စေချင်တယ် ၊ လုံခြုံမှုတွေအတွက် ငါတို့ရဲ့ လွတ်လပ်ခွင့်ကို စတေးချင်တယ်ဆိုရင် မင်းတို့ရှုံးပြီးသားပါ ။ နေ့တွေညတွေ စောင့်ခဲ့ပြီး ဒီနေ့မနက်မှ ငါ့ဇနီးရုပ်အလောင်းကိုတွေ့လိုက်ရတယ် ။ ခုချိန်ထိသူမဟာ သောကြာနေ့ည အိမ်ကမထွင်ခင်လို လှပဲနေတုန်းပဲ ။ လွန်ခဲ့တဲ့ ဆယ်နှစ် သူမကိုမြတ်မြတ်နိုးနိုး စချစ်ခဲ့ရတုံးကလို လှပဲနေဆဲပဲ ။ ငါရဲ့ နာကျင်မှုတွေကို မင်းတို့ရဲ့  ယာယီအောင်မြင်မှုအနေနဲ့ ငါပေးလိုက်မယ် ။ ဒါပေမယ့် ဒီနာကျင်မှုက ပြီးဆုံးသွားမှာပါ ။ သူမရဲ့  အငွေ့အသက် ၊ ဝိဥာဏ်တွေဟာ ငါတို့နဲ့အတူအမြဲရှိနေပြီး နောင်တစ်ချိန်ငါတို့ ပြန်ဆုံဆည်းမယ်ဆိုတာ ငါသိနေလို့ပဲ ။ အခုငါရဲ့ ၁ နှစ်ခွဲသားလေးရယ် ၊ ငါရယ် နှစ်ယောက်ပဲ ကျန်တော့တယ် ။ ဒါပေမယ့် နှစ်ယောက်တည်းလည်း ငါတို့ဟာ စပ်တပ်တွေထက် ကြံ့ကြံ့ခံနိုင်တယ် ။ ခဏနေငါ့သားလေး နိုးလာတော့မယ် ။ မင်းတို့အတွက် ငါအချိန်ထပ်ကုန်ခံစရာမရှိတော့ဘူး ။ ငါးသားလေးနိုးလာရင် အရင်လို ပျော်ပျော်ရွှင်ရွင် လွတ်လပ်စွာဖြတ်သန်းလို့မင်းတို့ကို တုန်လှုပ်စေမှာပါ ။ စိတ်ချ ငါ့သားလေးလည်းမင်းတို့ကို ဘယ်တော့မှ မမုန်းစေရဘူး ။ “

" Antoine Leiris "
(ဘာသာပြန် ဝေဖြိုးမောင်ရဲ့ ကောက်နုတ်ချက်ကို ကိုးကားလို့ ဖော်ပြပေးလိုက်ပါတယ်)

ခွန်နေ - Khun Nay

Thursday, November 12, 2015

Innlay Media's photo.



ခွန်နေ - Khun Nay

ဘဝကပေးတဲ့သင်ခန်းစာဆိုတာ
ကျောင်းကနေလူတိုင်းကိုပေးလိုက်တဲ့
သင်ခန်းစာနဲ့တူမနေဘူး ။ ကျောင်းကပေးတဲ့
တူညီသင်ခန်းစာကို ထူးချွန်နေပါစေဦးတော့
ဘဝအတွေ့အကြုံလို့ခေါ်တဲ့ သင်ခန်းစာမှာ လူတိုင်းထူးချွန်ချင်မှထူးချွန်နေလိမ့်မယ် ။
ဘဝသင်ခန်းစာဆိုတာ ကျွန်တော်တို့စားနေတဲ့ ထမင်းလိုပဲ ။
အစာမကျေရင် အဟာရမဖြစ်ဘူး ။
ဘဝသင်ခန်းစာမကျေရင်လည်း
ဘယ်တော့မှ လူတော်တစ်ယောက် မဖြစ်ဘူး ။
ဘဝသင်ခန်းစာတိုင်းက ယူတတ်သူတွေအတွက်
အတွေ့အကြုံကောင်းပဲ ။ အတွေ့အကြုံဆိုတာကလည်း ပညာပဲ ။
ဒီပညာကို ကောင်းကောင်းအသုံးချတတ်ရင်
ပညာတတ်တစ်ယောက် ဖြစ်လာမှာပဲ ။
ဘွဲ့ ရမှ ပညာတတ်မဟုတ်ဘူး ။
အတွေ့အကြုံက သင်ခန်းစာကိုရှာဖွေပြီး
ကောင်းကောင်းအသုံးချတတ်ရင် ပညာတတ်ပဲ ။
ဒါကြောင့် ပညာတတ်ဆိုတဲ့အရာကို
ဘွဲ့ရလို့ခေါ်တဲ့ စံချိန်းစံညွှန်းနဲ့ သတ်မှတ်လို့မရဘူး ။
ဘွဲ့ရ ပညာတတ်ရှိတယ် ၊ ဘွဲ့မရ ပညာတတ်ရှိတယ် ၊
ဘွဲ့ရ ပညာမတတ်ရှိတယ် ။ ကွဲကွဲပြားပြား သိစေချင်ပါတယ် ။


ခွန်နေ - Khun Nay




လူတစ်ယောက်မှာ အရေးကြီးဆုံးက ဘာပဲလုပ်လုပ် ရည်မှန်းချက် ၊
ခံယူချက် နဲ့ ကိုယ်ပိုင် အတွေးအခေါ်ကောင်းရှိဖို့ အရေးကြီးပါတယ် ။ အလုပ်တစ်ခုကိုလုပ်တဲ့အခါ ရည်ရွယ်ချက် ရည်မှန်းချက်မရှိရင် ကိုယ်သွားမယ့် ပန်းတိုင်ကို ရေရေရာမသိနိုင်သလို ခံယူချက် ဆိုတာလဲရှိလာမှာမဟုတ်ပါဘူး ။ ခံယူချက်ဆိုတာလည်း မရှိတဲ့အတွက် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းလည်း အားနည်းလာပါတယ် ။ ဒါကြောင့် ဘယ်အရာကိုပဲလုပ်လုပ် ရည်မှန်းချက်ထားပြီး ၊ ဘဝအတွက် ခံယူချက်နဲ့ ကိုယ်ပိုင်တွေးမြင်နိုင်စွမ်း အတွေးအခေါ်ကောင်းရှိမှသာ တန်ဖိုးရှိတဲ့ လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ် ။

ခွန်နေ - Khun Nay

Thursday, November 5, 2015


လောကမှာ အလွယ်ဆုံးအလုပ် ၂ မျိုးရှိတယ် ။
သူများမကောင်းကြောင်းပြောခြင်းနဲ့
အပျင်းကြီးခြင်းဆိုတဲ့အလုပ်တွေပဲ ။
ဒီလိုလွယ်ကူတဲ့အရာတွေကို စွဲစွဲမြဲမြဲလုပ်နေသေးသ၍
ဘယ်တော့မှတိုးတက်တဲ့ 
လူတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး ။
တိုးတက်ချင်စိတ်ရှိတဲ့ သူတွေဟာ
သူတို့စိတ်ထဲမှာရှိတဲ့ မကောင်းတဲ့အကျင့်ဆိုးတွေကို
ကိုယ်ကိုတိုင်ပဲ ပြောင်းလဲခဲ့ရတာပါ ။
ဒါပေမယ့် လူတွေက ပြောင်းလဲခြင်းသဘောတရားကို 
အင်မတန်ကြောက်ကြတယ် ။
လက်ရှိအနေအထားအတိုင်းလေးပဲ
မပြောင်းမလဲနေရတာကိုပဲ ပျော်မွေ့နေကြသူတွေဖြစ်တယ် ။
ကိုယ့်ဆီမှာရှိတဲ့ အကျင့်ဆိုးတွေကို
ကိုယ်ကိုတိုင် မပြောင်းနိုင်သေးသ၍
ဘဝကလဲ ဘယ်တော့မှ
တိုးတက်ပြောင်းလဲလာမှာမဟုတ်ဘူး ။

ခွန်နေ - Khun Nay

Tuesday, November 3, 2015



ပြိုင်ဆိုင်မှုရှိတဲ့သူတွေကြားမှာပဲဖြစ်ဖြစ်
စီးပွားရေးနယ်ပယ်မှာပဲဖြစ်ဖြစ်
တကယ်တော်တဲ့လူတွေဟာ သူတို့ကိုယ်သူတို့ အသေးစိတ်မိတ်ဆက်လေ့မရှိပဲ
တစ်ဖက်လူရဲ့ ပြောစကားကိုသာ
အရင်နားထောင် တတ်သူတွေဖြစ်တယ် ။
လိုအပ်မှသာ စကားနည်းနည်းနဲ့ ထိထိမိမိပြောတတ်သူတွေဖြစ်ပြီး
စကားတိုင်းဟာလဲ နားထောင်သူတွေအတွက် အလွန်စိတ်ဝင်စားဖို့ကောင်းလေ့ရှိတယ် ။
ဒီလို စကားကောင်းကောင်း ပြောတတ်တဲ့သူတွေနဲ့ ပတ်သက်လို့
ဂန္တဝင် စာရေးဆရာ ပညာရှင် Christopher Morley က “ လူတွေကို သိမ်းသွင်းစည်းရုံးပြီး
စကားအပြောကောင်းသူ ဖြစ်ဖို့ လိုက်နာရမယ့် ဥပဒေက တစ်ခုပဲရှိတယ် ။ များများ နားထောင်ပေးဖို့ပါပဲ “


ခွန်နေ - Khun Nay

Monday, November 2, 2015



လူဆိုတာ ကိုယ့်ရဲ့  ကိုယ်ရည်ကိုယ်သွေးကို 
တစ်နှစ်ထက်တစ်နှစ် upgrade လုပ်နေရပါတယ် ။
လက်ရှိအနေအထားတိုင်း အဆင်ပြေနေလို့ 
ဒီတိုင်းပဲ နေနေလို့မရပါဘူး ။ 
ပတ်ဝန်းကျင်က အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက် 
ကိုယ်နဲ့ အံ့ကိုက်အံဝင်ခွင်ကျဖြစ်အောင် 
ကိုယ့်ဆီမှာရှိတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ပိုပိုပြီးတိုးလာအောင်လုပ်ထားဖို့လိုပါတယ် ။ 
ဥပမာ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတောင် 
သူတို့ရဲ့ software တွေကို တစ်နှစ်ပြီးတစ်နှစ် 
ပိုပိုပြီးကောင်းလာအောင် upgrade လုပ်နေရပါတယ် ။ 
upgrade လုပ်လာတာနဲ့အမျှ အသုံးပြုတဲ့သူတွေအတွက်
ပိုပိုပြီးအဆင်ပြေလာတယ် ။ software တွေကို Upgrade မလုပ်ပဲ 
ဒီတိုင်းပဲထားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ upgrade လုပ်ထားတဲ့ 
ကွန်ပျူတာလောက် အသုံးတည့်တော့မှာ မဟုတ်ပါဘူး ။ 
ကွန်ပျူတာ ဥပမာလိုပဲ ကျွန်တော်တို့ သိနေတဲ့ အသိပညာ ၊ 
အတတ်ပညာတွေဟာ အမြဲ upgrade ဖြစ်မနေနိုင်ပါဘူး ။ 
အသက်တွေကြီးလာတာနဲ့ အတူ ကိုယ့်ရဲ့  
ကိုယ်ရည်ကိုယ်သွေးတွေတိုးဖို့ လိုအပ်တယ် ။ 
ဒါကြောင့် အမြဲ သင်ယူလေ့လာဖို့လိုသလို 
သင်ယူလို့ပြီးမြောက်သွားရင်လဲ ဒီတိုင်းထားလို့မရသေးပါဘူး ။ 
အလေ့အကျင့်ရှိဖို့လဲ လိုပါသေးတယ် ။ Aristotle ပြောသလို 
“ အရည်အသွေးဆိုတာ မွေးရာပါ မဟုတ်ပါဘူး ။ အလေ့အကျင့်ပါပဲ “ ။ 
ဒါကြောင့် ကိုယ့်ရဲ့  အရည်အသွေးတွေကို upgrade လုပ်ဖို့အတွက် 
သင်ယူလေ့လာပြီး အမြဲတမ်းလေ့ကျင့်နေနိုင်စေဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ် ။

ခွန်နေ - Khun Nay


Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook