လူဆိုတာ ကိုယ့်ရဲ့ 
ကိုယ်ရည်ကိုယ်သွေးကို
တစ်နှစ်ထက်တစ်နှစ် upgrade လုပ်နေရပါတယ် ။
လက်ရှိအနေအထားတိုင်း အဆင်ပြေနေလို့
ဒီတိုင်းပဲ နေနေလို့မရပါဘူး ။
ပတ်ဝန်းကျင်က အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက်
ကိုယ်နဲ့ အံ့ကိုက်အံဝင်ခွင်ကျဖြစ်အောင်
ကိုယ့်ဆီမှာရှိတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ပိုပိုပြီးတိုးလာအောင်လုပ်ထားဖို့လိုပါတယ် ။
ဥပမာ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာတောင်
သူတို့ရဲ့ software တွေကို တစ်နှစ်ပြီးတစ်နှစ်
ပိုပိုပြီးကောင်းလာအောင် upgrade လုပ်နေရပါတယ် ။
upgrade လုပ်လာတာနဲ့အမျှ အသုံးပြုတဲ့သူတွေအတွက်
ပိုပိုပြီးအဆင်ပြေလာတယ် ။ software တွေကို Upgrade မလုပ်ပဲ
ဒီတိုင်းပဲထားမယ်ဆိုရင် အချိန်ကြာလာတဲ့အခါ upgrade လုပ်ထားတဲ့

ကွန်ပျူတာလောက် အသုံးတည့်တော့မှာ မဟုတ်ပါဘူး ။
ကွန်ပျူတာ ဥပမာလိုပဲ ကျွန်တော်တို့ သိနေတဲ့ အသိပညာ ၊
အတတ်ပညာတွေဟာ အမြဲ upgrade ဖြစ်မနေနိုင်ပါဘူး ။
အသက်တွေကြီးလာတာနဲ့ အတူ ကိုယ့်ရဲ့ 
ကိုယ်ရည်ကိုယ်သွေးတွေတိုးဖို့ လိုအပ်တယ် ။
ဒါကြောင့် အမြဲ သင်ယူလေ့လာဖို့လိုသလို
သင်ယူလို့ပြီးမြောက်သွားရင်လဲ ဒီတိုင်းထားလို့မရသေးပါဘူး ။
အလေ့အကျင့်ရှိဖို့လဲ လိုပါသေးတယ် ။ Aristotle ပြောသလို

“ အရည်အသွေးဆိုတာ မွေးရာပါ မဟုတ်ပါဘူး ။ အလေ့အကျင့်ပါပဲ “ ။
ဒါကြောင့်
ကိုယ့်ရဲ့  အရည်အသွေးတွေကို upgrade လုပ်ဖို့အတွက်
သင်ယူလေ့လာပြီး
အမြဲတမ်းလေ့ကျင့်နေနိုင်စေဖို့ တိုက်တွန်း ရေးသားလိုက်ရပါတယ် ။
ခွန်နေ - Khun Nay
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။