Thursday, November 19, 2015


Innlay Media's photo.ပြီးခဲ့တဲ့ သောကြာနေ့ည ISIS တွေရဲ့  ပဲရစ်အကြမ်းဖက်မှုမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပြီး ပြင်သစ်ရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ရပါတယ် ။ သေဆုံးခဲ့တဲ့ထဲမှာ လူကြီး ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး ပေါင်းစုံပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ဝမ်းနည်း ထိန့်လန့်စရာ ကောင်းခဲ့ရသလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေရဲ့  ကျန်ရစ်မိသားစုတွေ ယူကျုံးမရ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ရပါတယ် ။ ကျန်ရန်ရစ်သူမိသားစုတွေထဲက Antoine Leiris လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး သေနတ်ဒါဏ်ရာနဲ့ သေဆုံးသွားတဲ့အမျိုးသမီးဖြစ်သူ Helen Muyel-Leiris အတွက် ISIS တွေကို " ငါမင်းကိုမမုန်းဘူး " ဆိုတဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စာကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ် ။

ပြီးခဲ့တဲ့ သောကြာနေ့ည ISIS တွေရဲ့  ပဲရစ်အကြမ်းဖက်မှုမှာ လူပေါင်းရာနဲ့ချီသေဆုံးခဲ့ကြပြီး ပြင်သစ်ရဲ့ သမိုင်း တစ်လျှောက် အဆိုးရွားဆုံး အကြမ်းဖက်မှုတစ်ခုဖြစ်ခဲ့ရပါတယ် ။ သေဆုံးခဲ့တဲ့ထဲမှာ လူကြီး ၊ လူငယ် ၊ အမျိုးသား ၊ အမျိုးသမီး ပေါင်းစုံပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း ဝမ်းနည်း ထိန့်လန့်စရာ ကောင်းခဲ့ရသလို အကြမ်းဖက်မှုမှာ သေဆုံးသွားသူတွေရဲ့  ကျန်ရစ်မိသားစုတွေ ယူကျုံးမရ ဝမ်းနည်းဒေါသ ဖြစ်ခဲ့ရပါတယ် ။ ကျန်ရန်ရစ်သူမိသားစုတွေထဲက Antoine Leiris လို့ခေါ်တဲ့ အမျိုးသားတစ်ယောက်လည်း အပါအဝင်ဖြစ်ပြီး သေနတ်ဒါဏ်ရာနဲ့ သေဆုံးသွားတဲ့အမျိုးသမီးဖြစ်သူ Helen Muyel-Leiris အတွက် ISIS တွေကို " ငါမင်းကိုမမုန်းဘူး " ဆိုတဲ့ ရင်နင့်ဖွယ် ရင်ဖွင့်စာကို ကောက်နုတ်ဖော်ပြ ပေးလိုက်ပါတယ် ။
“ သောကြာနေ့ညက ငါ့ဘဝမှာ တန်ဖိုးအထားရဆုံးဖြစ်တဲ့ အသက် တစ်ချောင်းကို မင်းတို့ယူသွားတယ် ။ အဲ့ဒီ အသက်ပိုင်ရှင်ဟာ ငါ့ရင်သွေးလေးရဲ့ မိခင် ၊ ငါ့ဘဝနဲ့ရင်းပြီးချစ်ရတဲ့သူ ။ မင်းတို့ ဘယ်သူလဲငါမသိဘူး ။ မင်းတို့ဘယ်မှာရှိတယ်ဆိုတာလဲငါမသိဘူး ။ အသက်ရှင်ပြီး ဘဝသေနေတဲ့ မင်းတို့ဘယ်သူဆိုတာ ငါသိလိုစိတ်လည်း မရှိဘူး ။ ယခုလုပ်ရက်ဟာ မင်းတို့ဘုရားအတွက်ဆိုရင် ငါ့အမျိုးသမီးရဲ့  ကိုယ်ပေါ်က ကျည်ဆံရာ တစ်ချက်ဆီဟာ မင်းတို့ ဘုရားရဲ့ နှစ်လုံးသားမှာ ဒါဏ်ရာတစ်ချက်ဆီ ဖြစ်စေလိမ့်မယ် ။ ဒါကြောင့်ငါ မင်းတို့ကို မမုန်းဘူး ။ မင်းတို့တောင်းဆိုနေတဲ့ အမုန်းတရားကို ငါမပေးဘူး ။ အမုန်းတရားတွေကို လက်ကိုင်ထားပြီး ဒီလိုလုပ်ရပ်တွေ ကျူးလွန်တဲ့ မင်းတို့ကို ငါက အမုန်းနဲ့မတုန့်ပြန်ဘူး ။ ငါ့ကိုကြောက်စေချင်တယ် ၊ ငါ့နိုင်ငံသားတွေကို ယုံမှားသံသယဖြစ်စေချင်တယ် ၊ လုံခြုံမှုတွေအတွက် ငါတို့ရဲ့ လွတ်လပ်ခွင့်ကို စတေးချင်တယ်ဆိုရင် မင်းတို့ရှုံးပြီးသားပါ ။ နေ့တွေညတွေ စောင့်ခဲ့ပြီး ဒီနေ့မနက်မှ ငါ့ဇနီးရုပ်အလောင်းကိုတွေ့လိုက်ရတယ် ။ ခုချိန်ထိသူမဟာ သောကြာနေ့ည အိမ်ကမထွင်ခင်လို လှပဲနေတုန်းပဲ ။ လွန်ခဲ့တဲ့ ဆယ်နှစ် သူမကိုမြတ်မြတ်နိုးနိုး စချစ်ခဲ့ရတုံးကလို လှပဲနေဆဲပဲ ။ ငါရဲ့ နာကျင်မှုတွေကို မင်းတို့ရဲ့  ယာယီအောင်မြင်မှုအနေနဲ့ ငါပေးလိုက်မယ် ။ ဒါပေမယ့် ဒီနာကျင်မှုက ပြီးဆုံးသွားမှာပါ ။ သူမရဲ့  အငွေ့အသက် ၊ ဝိဥာဏ်တွေဟာ ငါတို့နဲ့အတူအမြဲရှိနေပြီး နောင်တစ်ချိန်ငါတို့ ပြန်ဆုံဆည်းမယ်ဆိုတာ ငါသိနေလို့ပဲ ။ အခုငါရဲ့ ၁ နှစ်ခွဲသားလေးရယ် ၊ ငါရယ် နှစ်ယောက်ပဲ ကျန်တော့တယ် ။ ဒါပေမယ့် နှစ်ယောက်တည်းလည်း ငါတို့ဟာ စပ်တပ်တွေထက် ကြံ့ကြံ့ခံနိုင်တယ် ။ ခဏနေငါ့သားလေး နိုးလာတော့မယ် ။ မင်းတို့အတွက် ငါအချိန်ထပ်ကုန်ခံစရာမရှိတော့ဘူး ။ ငါးသားလေးနိုးလာရင် အရင်လို ပျော်ပျော်ရွှင်ရွင် လွတ်လပ်စွာဖြတ်သန်းလို့မင်းတို့ကို တုန်လှုပ်စေမှာပါ ။ စိတ်ချ ငါ့သားလေးလည်းမင်းတို့ကို ဘယ်တော့မှ မမုန်းစေရဘူး ။ “

" Antoine Leiris "
(ဘာသာပြန် ဝေဖြိုးမောင်ရဲ့ ကောက်နုတ်ချက်ကို ကိုးကားလို့ ဖော်ပြပေးလိုက်ပါတယ်)

ခွန်နေ - Khun Nay

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook