Monday, January 25, 2016

Shwe Innlay's photo.





www.khunnaymedia.com

လူတစ်ယောက်က သင့်ကိုအမှန်တကယ်ချစ်ပါတယ်လို့ဆိုရင် သင်သူ့ကိုယုံကြည်နိုင်မလား သူ့ဆန္ဒပြည့်ဝစေဖို့/ သူ့တစ်ဖက်တည်းအတွက်သာကြည့်တဲ့ အတ္တဆန်တဲ့ ချစ်ခြင်းမျိုးမှာမနစ်မွန်းစေဖို့ အလွယ်တကူခေါင်းညိတ်ချစ်ခရီး
မဆက်မီ ချစ်သင့်၊မချစ်သင့်ကို အချိန်ပေးဆန်းစစ်ဖို့လိုပါတယ်။ အချစ်ဆိုတာ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အချစ်နဲ့ပတ်သက်တဲ့အဆုံးအဖြတ်ဟာလည်း ကြီးကျယ်ခမ်းနားသင့်ပါတယ်။ တွဲလက်တွေကြာရှည်တဲ့ ခိုင်မြဲသောချစ်ခြင်းကိုပိုင်ဆိုင်ရဖို့ သေချာ ဆုံးဖြတ်ရွေးချယ်ကြရမှာပါ။


(၁)ပေးဆပ်ခြင်း။
ပေးဆပ်ခြင်းဆိုတဲ့အရာဟာ လူတိုင်းမလုပ်နိုင်တဲ့ ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ ပေးဆပ်ခြင်းဆိုရာမှာ အဖြူသက်သက်ပေးဆပ်ခြင်းနဲ့ မျှော်လင့်ချက်ဖြင့် ပေးဆပ်ခြင်း ဆိုပြီးနှစ်မျိုးရှိပါတယ်။ ဘာကိုမှပြန်ရဖို့ မမျှော်လင့်ဘဲ အဖြူသက်သက်ပေးဆပ်တတ်မှသာ ခိုင်မြဲသော ချစ်ခြင်းကို တည်ဆောက်နိုင်မှာပါ။

(၂)အကောင်းအဆိုးအားလုံးကိုလက်ခံခြင်း။
အကောင်းနဲ့အဆိုးဆိုတာ အမြဲဒွန်တွဲနေတာပါ။ အပြစ်ကင်းလူရယ်လို့ လောကမှာမရှိပါဘူး။ ကောင်းတဲ့အချက်လေးတွေကြောင့် ချစ်လာတာဆိုရင် မကြိုက်တဲ့ဆိုးတဲ့အချက်တွေကိုလည်း လက်ခံတတ်ရမှာပါ။ ထိုမှသာ ခိုင်မြဲသောချစ်ခြင်းကို တည်ဆောက်နိုင်မှာပါ။

(၃)ဖြည့်စွက်ပေးခြင်း။
တစ်ယောက်အားနည်းချက်ကို တစ်ယောက်ကအပြစ်မတင်ဘဲ တတ်နိုင်သလောက် အပြန်အလှန်ကူညီဖြည့်စွက်ပေးမယ်ဆိုရင် ခိုင်မြဲသောချစ်ခြင်းကို တည်ဆောက်နိုင်မှာပါ။

(၄)လျှို့ဝှက်ပေးသင့်တာကိုလျှို့ဝှက်ပေးခြင်း။
ချစ်သူသမီးရည်းစားတွေဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် အနည်းနဲ့အများ လျှို့ဝှက်ချက်တွေဖွင့်ပြောဖြစ်ကြမှာပါ။
ချစ်လို့၊ယုံကြည်လို့ ဖွင့်ပြောတာဖြစ်တဲ့အတွက် ယုံကြည်ထိုက်အောင် နေပေးရမှာပါ။ ချစ်သူအတွက်လျှို့ဝှက်ပေးသင့်တာကို လျှို့ဝှက်ပေးနိုင်မှ ခိုင်မြဲသောချစ်ခြင်းကိုတည်ဆောက်နိုင်မှာပါ။

(၅)မာနမထားခြင်း။
ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမယ်၊အနိုင်အရှုံးတွက်နေမယ်ဆိုရင် ရေရှည်လက်တွဲနိုင်လိမ့်မှာမဟုတ်ပါဘူး။ နှစ်ဦးကြား မာနတွေခဝါချနိုင်ရင် ခိုင်မြဲသောချစ်ခြင်းကို တည်ဆောက်နိုင်မှာပါ။

(၆)မျှဝေခံစားခြင်း။
ချစ်သူတွေဖြစ်လာပြီဆိုရင် တစ်ယောက်ထဲနေတုန်းကလို တစ်ကိုယ်ကောင်းဆန်လို့မရတော့ပါဘူး။ အေးအတူ၊ပူအမျှ အတူအကွခံစားလို့ နှစ်ကိုယ့်တစ်စိတ်တို့၊ နှစ်ယောက်တစ်အိမ်မက်တို့ ဆိုတာတွေဖြစ်လာမယ်ဆိုရင် ခိုင်မြဲသောချစ်ခြင်းကို တည်ဆောက်နိုင်မှာပါ။

ခမ်းမူး(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook