
လူတိုင်းအမှားတွေနဲ့ မကင်းကြပါဘူး။ အသက်အရွယ်အပိုင်းအခြား အလိုက် မှားယွင်းလုပ်ကိုင်မိတတ်တဲ့ အရာလေးတွေရှိနေနိုင်ပါ တယ်။ အသက် ငယ်ငယ်ကလေးဘဝတုန်းကလည်း မှားခဲ့ဖူးတယ်။ ဆယ်ကျော်သက် အရွယ်ရောက်တော့လည်း မှားခဲ့တယ်။ လူလတ်ပိုင်းလူကြီးအ ရွယ်ရောက်တော့လည်း မှားနေဆဲပဲ။ ဒီလိုအမှားတွေ ကြားထဲကနေပဲ အမှန်တွေပြင်ယူရတယ်။ ထပ်တူညီတဲ့အမှားမျိုး တွေ ထပ်မကျူးလွန် မိအောင် နေထိုင်ရတယ်။
တချို့အမှားတွေကဘဝသင်ခန်းစာအတွက် ကောင်းကောင်းကြီး လေ့လာသင်ယူခွင့်ရသွားတယ်။ အမှားတွေကနေ အမှန်ပြင်ပြီးမှန် ကန်စွာနေထိုင်တတ် သွားတယ်။ အကျိုးကျေးဇူးတွေရရှိသွားတယ်။ ဒီ အမှားတွေထဲက အများစု မှားတတ်တဲ့ အမှားတွေနဲ့ ဘဝတစ်လျှောက် သင်ခန်းစာရနိုင်တဲ့ အမှားလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်….
၁။ အလွယ်လမ်းလိုက်ခဲ့မိတဲ့ အမှားတွေ
လုပ်ဆောင်တာတစ်ခုခုအတွက် မြန်မြန်ပြီးချင်တဲ့စိတ်၊ သက်သာချင် တဲ့စိတ်နဲ့ အလွယ်လမ်းတွေ၊ မသမာတဲ့လမ်းတွေလိုက်ခဲ့မိကြတယ်။ အဲ့ဒီလမ်းတွေကမှ တကယ်လည်းလုပ်ဆောင်တာပြီးမြောက်ရော အ ဆင်မပြေမှုတွေ ကြုံတွေ့ လာရပါတယ်။ ဒီတော့မှ မှားယွင်းစွာလုပ် ကိုင်လိုက်မိပါလား လို့ နောင်တ ရတတ်ကြတယ်။ ဒါပေမယ့် ဒီအမှား ကတော့ တစ်သက်တာ သင်ခန်း စာပေးပြီး နောင်မှာအလွယ်လမ်းမလိုက်ကြဖို့ သတိပေးလိုက်တာဖြစ်လို့ အကျိုးရှိပါတယ်။
၂။ တစ်ကိုယ်ကောင်းဆန်တဲ့ ဆုံးဖြတ်ချက်ချမိတဲ့ အမှားတွေ
လူတိုင်းကတော့ တစ်ကိုယ်ကောင်းဆန်ကြတာ သဘာဝပါပဲ။ ကိုယ် လိုချင်တာတစ်ခု၊ ကိုယ်အဆင်ပြေချင်တာတစ်ခု၊ ကိုယ့်ဆန္ဒတစ်ခု တည်းကိုပဲ ကြည့်ပြီး လုပ်ဆောင်ခဲ့မိတဲ့ အရာတွေရှိကောင်းရှိနိုင်ပါ တယ်။ ငယ်ငယ်တုန်း ကတော့ နားမလည်ခဲ့လို့ မှားကောင်းမှားခဲ့ပေမယ့် အသက်အရွယ်ကြီးလာတဲ့ အခါ၊ ရင့်ကျက်လာတဲ့အခါမျိုးတွေ ကျ တစ်ကိုယ်ကောင်းဆန်ခြင်းက မကောင်းတဲ့စိတ်နေသဘောထား ဆိုတာ သိလာရမှာပါ။
၃။ မကောင်းတဲ့လူတွေကို ယုံကြည်ခဲ့မိတဲ့ အမှားတွေ
လူကောင်းနဲ့ လူဆိုးဆိုတာ အလွယ်တကူခွဲခြားလို့ မရနိုင်လို့ ပေါင်း သင်းလိုက်မိတယ်။ လူကောင်းတွေနဲ့လည်း အပေါင်းအသင်းလုပ် ဖြစ်တယ်။ မကောင်းတဲ့လူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံမိတယ်။ ကောင်းတဲ့လူတွေနဲ့ ပေါင်းသင်းဆက်ဆံမိတဲ့ အကျိုးရလာဒ်က ကိုယ့်အတွက် အကျိုးမယုတ်ပေ မယ့် လူဆိုး၊ မကောင်းတဲ့လူတွေနဲ့ ပေါင်းသင်းမိလိုက်တဲ့အတွက်တော့ ကိုယ့်အတွက်များစွာ အကျိုးယုတ်သွားတာမျိုးတွေ၊ ပျက်စီးသွားတာမျိုးတွေ ရှိခဲ့ဖူးကြမှာပါ။ မ ကောင်းတဲ့သူတွေကို အလွယ်တကူယုံကြည်လိုက်မိတဲ့ ကိုယ့်အ မှားကြောင့် နောင်မှာ လူတွေအားလုံးကို မယုံကြည်ဖို့နဲ့ လူကောင်း နဲ့ လူဆိုးကိုခွဲခြားပေါင်းသင်းတတ်ဖို့ အတွေ့အကြုံရရှိပြီးသားဖြစ်သွားမှာပါပဲ။
၎။ ငွေကြေးပိုက်ဆံ ဖြုန်းတီးမိခဲ့တဲ့ အမှားတွေ
လူတိုင်းနီးပါး မှားခဲ့ဖူးတဲ့အမှားတွေပါပဲ။ ကိုယ့်လက်ထဲမှာရှိ ပိုက်ဆံ တွေကို တကယ်အသုံးလို လိုအပ်တဲ့နေရာတွေမှာမဟုတ်ပဲ အပျော် အပါး၊ အသုံး အဖြုန်းတွေအတွက် ဖြုန်းတီးသုံးပစ်လိုက်တဲ့ အချိန် တွေရှိကောင်း ရှိကြမှာ။ နောက်တကယ်လိုအပ်တဲ့ နေရာတွေမှာကျ တော့ ကိုယ့်လက် ထဲပိုက်ဆံမရှိလို့ မသုံးရတဲ့အချိန် နောင်တရမိတာမျိုးတွေ ကြုံတွေ့ဖူးကြမှာပါ။ အဲ့ဒီအချိန်ကျမှ ငွေကြေး သုံးစွဲခြင်းနဲ့ ဖြုန်းတီးခြင်းအကြောင်းကို ကွဲ ကွဲပြားပြားနားလည်သွားပါလိမ့်မယ်။
၅။ အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်မှု မှားယွင်းခြင်း
အရေးကြီးပြီး သင်ခန်းစာအများကြီးရတဲ့ အမှားတစ်ခုပါ။ ဝင်ငွေရှာ ဖွေခြင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ဝါသနာစိတ်ဝင်စားတာနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေက ထပ်တူမညီပဲ မှားယွင်းနေ တာမျိုးတွေ ရှိနေတတ်ပါတယ်။ ဝါသနာပါတဲ့အ လုပ်မဟုတ်ပဲ လက်တလော အဆင်ပြေမယ့် အလုပ်အကိုင်မျိုးကို ရွေးချယ်လုပ်ကိုင်မိ လိုက်တဲ့နောက် ရေ ရှည်မှာ အဆင်မပြေမှုတွေ ကြုံတွေ့လာနိုင်ပါတယ်။ ဒီ့အတွက်ကြောင့်မို့လို့ ကိုယ့်တစ်ဘဝလုံး စာ အသက်မွေးဝမ်းကြောင်း အဆင်ပြေနိုင်မယ့် အလုပ်အကိုင်မျိုးကို ရွေးချယ်သင့်တာကို သိလာရပါလိမ့်မယ်။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။