Tuesday, March 22, 2016


Shwe Innlay's photo.


တစ်ခါက အရမ်းခင်ကြတဲ့ ကောင်လေးနဲ့ကောင်မလေးသူငယ်ချင်းနှစ်ယောက် ရှိကြပါတယ်။ တက္ကသိုလ်ကျောင်းစတက်တဲ့ အချိန်ကနေ နောက်ဆုံးနှစ်ရောက်တဲ့အထိ ခင်မင်လာကြသူတွေဆိုတော့ သူတို့ကြားက သူငယ်ချင်းသံယောဇဉ်ဟာလည်း နက်ရှိုင်းလှပါတယ်။ နှစ်ယောက်စလုံးရဲ့စိတ်မှာလည်း ခင်မင်မှုစည်းဘောင်ကိုကျော်လွန်ပြီး တစ်စတစ်စအရောင်ပြောင်းလဲလာလို့ပေါ့။

တစ်နေ့မှာတော့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများစုပေါင်းပြီး အပျော်ခရီးထွက်ကြပါတယ်။ ခရီးစဉ်ကို မဲပေးစနစ်နဲ့ မဲအများဆုံးဖြစ်တဲ့ အင်းလေးကန်ကိုရွေးချယ်လိုက်ကြပါတယ်။ လူငယ်တွေချည်းစုထွက်ကြတာဆိုတော့ စကြနောက်ကြနဲ့ လမ်းတစ်လျှောက်စကားသံတွေ 
တညံညံနဲ့ပေါ့။ မော်တော်စီးလိုက်၊ ဘုရားတက်ဖူးရင်းနားလိုက်ဆိုတော့ အကုန်လုံးရဲ့စိတ်ဟာ လွတ်လပ်ပေါ့ပါးနေကြပါတယ်။ နေ့ခင်းရောက်တော့ စားသောက်ဆိုင်မှာနေ့လည်စာစားပြီး ဖောင်တော်ဦးဘုရားကို ခရီးဆက်လာကြပါတယ်။ ဖောင်တော်ဦးဘုရားရောက်တော့ ဘုရားဖူးသူဖူး၊ ဈေးတန်းပတ်ပြီး အမှတ်တရပစ္စည်းတွေဝယ်သူဝယ်၊ နားသူနားနဲ့ လူစုကွဲနေကြတာပေါ့။ ကောင်မလေးကတော့ ဘုရားတက်ဖူးပြီးလို့ စောင်းတန်းလှေကားမှာထိုင်ပြီး သူငယ်ချင်းတွေကိုစောင့်နေပါတယ်။

ဒီအချိန်မှာ ကောင်လေးဆင်းလာပြီး သူမအနားမှာမှာထိုင်လိုက်ပါတယ်။ သူမဆီက ရနေကျရေမွှေးနံ့သင်းသင်းလေးကြောင့် စိတ်တွေလှုပ်ရှားလို့လာပါတယ်။ ဒါနဲ့ သူထိုင်ရာကရုတ်တရက်ထရပ်လိုက်ပြီး သူမကိုပြောလိုက်ပါတယ်။
“ ငါနင့်ကို ဓာတ်ပုံတစ်ပုံလောက်ရိုက်လို့ ရမလား ’’ ။ “ ဘာလုပ်ဖို့လဲ ”။ သူမကိုစူးစိုက်ကြည့်ပြီး ပြောင်စပ်စပ်နဲ့သူပြန်ဖြေလိုက်ပါတယ်။ “ တစ်နေ့ကျရင် ငါ့ကလေးတွေကို သူတို့အမေငယ်ငယ်တုန်းက ဘယ်လောက်ချောတယ်ဆိုတာ ပြရအောင်လို့ ” ။ ကောင်မလေးက စိတ်ကောက်တဲ့ပုံစံနဲ့ မျက်စောင်းလှမ်းထိုးလိုက်ပါတယ်။ “ ငါနင့်ကိုချစ်တယ် ” ကောင်လေးပြောအပြီးမှာပဲ သူငယ်ချင်းတွေဆင်းလာကြလို့ သူတို့နှစ်ယောက်စကားစပြတ်သွားရပါတယ်။

ခရီးကပြန်လာပြီးတစ်နေ့ ရာသီဥတုသာယာတဲ့ ညနေခင်းတစ်ခုမှာ ကောင်လေးကကောင်မလေးအိမ်ကို ရောက်လာပါတယ်။ အပြင်အလည်ထွက်ဖို့ခေါ်တာကြောင့် ကောင်မလေးအလှပြင်ခြယ်သပြီး သူ့ဆိုင်ကယ်နောက်မှာဝင်ထိုင်လိုက်ပါတယ်။

ကောင်မလေး- အရှိန်နည်းနည်းလျှော့ပါအုံး။ ငါကြောက်တယ်…
ကောင်လေး- မလျှော့ဘူး။ ပျော်စရာကောင်းတာကို နင်ကလည်း …
ကောင်မလေး- ဒါပျော်စရာမဟုတ်ဘူး။ လုပ်ပါဟာ… ငါကြောက်လို့ပါ..
ကောင်လေး- ဒါဆို ငါ့ကိုချစ်တယ်လို့ပြော…
ကောင်မလေး- အင်း..ငါနင့်ကိုချစ်တယ်။ အရှိန်လျှော့တော့..
ကောင်လေး- ခုငါ့ကိုတင်းတင်းဖက်ထားပေး.. (ကောင်လေးကို ကောင်မလေးဖက်ထားလိုက်ပါတယ်)
ကောင်လေး- ငါ့ခေါင်းကဦးထုပ်ကို ချွတ်ပြီးနင်ဆောင်းထားလိုက်ပါလား။ 
ဦးထုပ်ဆောင်းထားရတာ ခေါင်းရှုပ်သလိုခံစားရလို့…

နောက်တစ်နေ့သတင်းစာမှာ သတင်းတစ်ခုပါလာပါတယ်။ ဆိုင်ကယ်တစ်စီးဘရိတ်ပေါက်ပြီး အဆောက်အအုံတစ်ခုကိုဝင်တိုက်မိခဲ့ပါတယ်။ ဆိုင်ကယ်စီးသူနှစ်ယောက်မှာ တစ်ယောက်သေပြီး တစ်ယောက်သာအသက်ရှင်တယ် ဆိုတဲ့သတင်းပါ။

အမှန်မှာတော့ အဆင်းလမ်းတစ်ဝက်ရောက်နေတဲ့ သူတို့ဆိုင်ကယ်ဟာ ဘရိတ်ပေါက်နေပြီဆိုတာကို ကောင်လေးသတိထားသိရှိခဲ့ပါတယ်။ ဒါကို ကောင်မလေးကိုအသိမပေးခဲ့ပါဘူး။ ကောင်မလေးဆီက ချစ်တယ်ဆိုတဲ့စကားနဲ့ ပွေ့ဖက်ခြင်းကို နောက်ဆုံးအကြိမ်အဖြစ်တောင်းဆိုပြီး ကောင်မလေးအသက်ရှင်နိုင်အောင် ပရိယာရ်နဲ့ သူ့ခေါင်းကဆိုင်ကယ်ဦးထုပ်ကို ယူဆောင်းခိုင်းခဲ့တာသာဖြစ်ပါတယ်။

ခမ်းမူး (ရွှေအင်းလေး)
www.khunnaymedia.com
‪#‎Khammu_shweinnlay‬

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook