Tuesday, March 29, 2016


Shwe Innlay's photo.


ကိုယ့်ကို ချစ်တဲ့သူတွေကျတော့ ကိုယ်ဘာလုပ်လုပ် အကောင်းပဲ မြင်ကြ လိမ့်မယ်။
ကိုယ့်ကို မချစ်တဲ့သူတွေကျတော့ ကိုယ်ဘာလုပ်လုပ် မကောင်းတဲ့ဘက်ကနေ ပဲ မြင်ကြလိမ့်မယ်။


ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ့်အပေါ်ချစ်တဲ့စိတ်နဲ့ အကောင်းမြင်ပေး တာကို တန်ဖိုးထားအသိမှတ်ပြုပေးပါ။ ကျေးဇူးတင်ပေးပါ။ သူတို့ ဟာ ကိုယ့်အတွက် ကိုယ့်ကိုယ်ကျိုးကို လိုလားပေးတဲ့သူတွေပါ။ ဒီ လိုကိုယ့်ကိုချစ်တဲ့သူတွေကို တန်ဖိုးထားပါ။ ကိုယ်ကလည်း ပြန်ချစ်ခင်ပါ။ သူတို့ရှိနေလို့ ကိုယ့်ရဲ့အရာရာ တိုင်းဟာ လှပနေပါလိမ့်မယ်။

ကိုယ့်ကိုမချစ်တဲ့သူတွေ၊ ကိုယ့်ကို မုန်းတဲ့သူတွေရဲ့ ကိုယ့်အပေါ် မကောင်းမြင်တဲ့ စိတ်တွေ၊ ဝေဖန်ပုတ်ခတ်မှုတွေကို စိတ်ထဲကနေ ထုတ်ပစ်ပါ။ အချိန်တိုင်းကိုယ့်အပေါ်မကောင်းပြောနေတဲ့အ ကြောင်းတွေကြောင့် စိတ်ပျက် အားငယ်စရာလဲမလိုသလို၊ ဒေါသထွက်ပေါက်ကွဲစရာလည်းမလိုပါဘူး။ သူတို့ရဲ့ ဒီလိုမကောင်းမြင်တဲ့ စိတ်က ကိုယ့်ကိုပျက်စီးစေပါတယ်။ ကိုယ့် အပေါ်မနာလိုလို့၊ ကိုယ့်ကိုယ်ကျိုးကို မလိုလားလို့ ဖျက်ဆီးချင်တဲ့ မကောင်းစိတ်တွေလည်း ရှိကောင်းရှိနေနိုင်တာကြောင့် သူတို့တွေနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။

ကိုယ်ကဘယ်သူ့တွေအတွက် ရှင်သန်နေသလဲဆိုတာ ကိုယ့်ကို ကိုယ် ပြန်မေးပါ။
ကိုယ့်ကို ချစ်တဲ့သူတွေအတွက်သာ ရှင်သန်ပါ။ သူတို့အတွက် အသက်ရှင်ပေး ရတာ တန်ဖိုးရှိပါတယ်။
ကိုယ့်ကို မုန်းတဲ့သူတွေအတွက် ရှင်သန်ရတာမျိုးက တန်ဖိုးမဲ့ပါတယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook