Tuesday, March 15, 2016


Shwe Innlay's photo.


လူတချို့က ကိုယ့်ကိုလိုအပ်တဲ့ အချိန်ကျရင်ကိုယ့်အနားကို
မျက်နှာချိုသွေး စကားချိုချိုတွေ ပြောပြီးရောက်လာတတ်ကြတယ်။
ကိုယ့်ကိုမလိုအပ်တဲ့ အချိန်ကျတော့ ကိုယ့်ရင်ဝကိုအချိန်မရွေး ဆောင့်ကန် ရိုင်းရိုင်းစိုင်းဆက်ဆံပြီး ထွက်သွားတတ်ကြပြန်တယ်။


ကိုယ်က ကောင်းပေးခဲ့တဲ့အချိန်တွေမှာ ကိုယ့်အနားကပ်ပြီး ကိုယ့် ဆီက ရနိုင်မယ့်အဆင်ပြေမှုတွေ၊ အရေးပေးနိုင်မှုတွေကို တောင်းခံ တတ်ကြပြီး ကိုယ်က မကောင်းနိုင်တဲ့အချိန်တွေရောက်တော့ ကိုယ့် ကောင်းခဲ့တဲ့ အချိန်တွေအတွက် မသိကျိုးကျွံပြုပြီး ရိုင်းစိုင်းစော်ကား ပြန်တတ်ကြတယ်။

လောကဓံလို့ ဆိုတဲ့အထဲမှာ ဒီလိုအကြောင်းအရာတွေလည်း ပါဝင် လာတတ်ပါတယ် ။ လူတွေထဲက အသိဥာဏ်နည်းတဲ့သူ၊ စိတ် ဓာတ်အဆင့်အတန်း နိမ့်ပါးတဲ့သူတွေက ဒီလို ကိုယ်ကျိုးရှာတစ် ကိုယ်ကောင်းသမားတွေ ဖြစ်နေတတ်ကြတယ်။ ကိုယ့်ကိုကျိုး လောက်သာ သိကြပြီး တစ်ပါးသူအကျိုးတွက် မစဉ်းစားပေးတတ် ကြဘူး။ ဒီလိုစိတ်ဓာတ်မျိုး၊ လုပ်ရပ်မျိုးက အသက်ကြီးတယ်၊ ငယ်တယ်။ ပညာရှိတယ်၊ ပညာမဲ့တယ်နဲ့ မဆိုင်ပါဘူး။

အဓိကက သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့ ကျင်လည်လာတဲ့ပတ်ဝန်းကျင်အသိုင်း အဝိုင်း၊ ထိန်းကျောင်းပဲ့ပြင်ဆုံးမမှုတွေနဲ့ မူတည်လာပါတယ်။ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်မှာ သူနဲ့ဆက်ဆံလာခဲ့တဲ့သူ တွေအပေါ် ဒီလိုမျိုးတစ် ကိုယ်ကောင်းလုပ်ရပ်တွေပဲ လုပ်ကိုင်လာခဲ့လို့ပါ။

ဒီလူတွေအတွက် ပြန်ပြီးလက်စားတုန့်ပြန်ဖို့ မတွေးလိုက်ပါနဲ့။ လောကကြီးရဲ့ ကျန်သေးတဲ့ သက်တမ်းတလျှောက် ကိုယ်မဟုတ်တဲ့ အခြားသူတွေက သူတို့တွေအပေါ် ဒီလုပ်ရပ်နဲ့တူညီတဲ့ အရာတွေ ပြန်ခံစားစေမှာပါ။ အဲ့ဒီအချိန် ကျမှ တခြားသူတွေအပေါ် သူတို့ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ပြန်လည် အမှတ်ရ နေကြပါလိမ့်မယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook