သူငယ်ချင်းနှစ်ယောက် အဆင်မပြေလို့ပဲဖြစ်ဖြစ် ၊
အရမ်းချစ်ရတဲ့ ချစ်သူနှစ်ယောက် အဆင်မပြေလို့ပဲဖြစ်ဖြစ်
တစ်ယောက်နဲ့ တစ်ယောက် အဓိကဖြစ်ရတာ ကြားခံပြဿနာတစ်ခုကြောင့်ပါ ။
ဘယ်လို ပြဿနာမျိုးကြောင့်ပဲ ဖြစ်ဖြစ် ပြဿနာရဲ့လာရာ အရင်းမြစ်ကိုကြည့်ပြီး
ပြန်လည်သင့်မြတ်အောင် ညှိယူဖို့လိုပါတယ် ။ ပြန်လည်ညှိယူတာမျိုးလဲမရှိ
အနိုင်လိုချင်ယုံသက်သက် မကြိုက်ဘူးဆိုတဲ့အရာကို ပြဿနာဖြစ်နေချိန်
တမင်လုပ်ယူပြီး ဖန်တီးတာဟာ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့
ယုံကြည်မှုကို ဖျက်ဆီးပစ်တာပါ ။ ချစ်သူနဲ့အဆင်မပြေလို့ အခြားသူတစ်ယောက်ကို
အစားထိုးအရွဲ့တိုက်တာမျိုး ၊ သူမကြိုက်တဲ့နေရာကို သွားတာမျိုး ၊ သူမကြိုက်တဲ့ အပေါင်းအသင်းကိုပြန်ပေါင်းပြတာမျိုး တစ်ဖက်လူကို အနိုင်ယူချင်တဲ့လုပ်ရပ်ဆိုပေမယ့် ဒါဟာလူနှစ်ယောက်တည်ဆောက်
ထားတဲ့ ယုံကြည်မှုကို ဖျက်ဆီးတဲ့ သစ္စာဖောက်ခြင်းသက်သက်ပါပဲ ။
ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။