Tuesday, April 26, 2016




နေ့သစ်တစ်နေ့ရဲ့အစမနက်ခင်းကို သင်ဘယ်လိုဖြတ်သန်းလေ့ရှိသလဲ? လူတစ်ယောက်အောင်မြင်ဖို့ဆိုတာ ကျန်းမာရေးကအရေးကြီးသောအရာတစ်ခုအဖြစ်
ပါဝင်တာကြောင့် ကျန်းမာရေးကိုဂရုစိုက်ဖို့တော့လိုအပ်ပါတယ်။ အလုပ်တွေများနေတာနဲ့ပဲ နေ့လည်စာမစားပဲကော်ဖီတွေချည်းသောက်တာမျိုး စတဲ့ကျန်းမာရေးကို အလေးမထားတာမျိုးတွေမလုပ်မိပါစေနဲ့။ ကျန်းမာမှအလုပ်လုပ်နိုင်မှာပါ။ 
အလုပ်လုပ်နိုင်မှသာ အောင်မြင်သောဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် ပျော်ရွှင်ကျန်းမာပြီးအောင်မြင်သောဘဝတစ်ခုရရှိဖို့အတွက် သင့်ရဲ့မနက်ခင်းတွေကို အောက်ဖော်ပြမဲ့အရာတွေနဲ့ကိုက်ညီအောင်ပြုမူလိုက်ပါ။

(၁) ဖုန်းတွေကို ပိတ်ထားပါ။
လူအတော်များများဟာ ဖုန်းကိုဘေးမှာထားပြီးအိပ်တတ်ကြပြီး
နိုးလာချိန်မှာသူတို့ပထမဆုံးလုပ်တာက ဖုန်းကိုဖွင့်ဖုန်းအဝင်၊ မက်ဆစ်၊ အီးမေးလ်စစ်၊ ဖေ့စ်ဘုတ်နဲ့အခြားသောလူမှုကွန်ယက်တွေကိုစတင်သုံးစွဲပါတော့တယ်။ ဒါဟာ လူသားတွေမိုဘိုင်းဖုန်းကိုစွဲလန်းနေကြခြင်းဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ ၆၇ရာခိုင်နှုန်းသောလူတွေဟာ ဖုန်းမြည်သံမကြားဘဲနဲ့တောင် မကြာခဏ သူတို့ဖုန်းကိုဖွင့်ကြည့်စစ်ဆေးကြပါတယ်လို့ သိရပါတယ်။ 
ဒါဟာ ကောင်းသောလက္ခဏာမဟုတ်ပါဘူး။ ဖုန်းလွတ်သွားမှာစိုးရိမ်ပူပန်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတာကြောင့် မိမိကိုစိတ်ဖိစီးမှု၊စိုးရိမ်ပူပန်မှုတွေကိုမြင့်တက်စေပါတယ်။

(၂) အစိမ်းရောင်တွေကိုရယူပါ။
အစိမ်းရောင်ရှိသောအသီးအရွက်တွေဟာ ကျန်းမာရေးကိုအလွန်ကောင်းမွန်စေပါတယ်။ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်များစွာပါဝင်တာကြောင့် အစိမ်းရောင်ရှိသောအသီးအရွက်များကို စားသုံးပေးဖို့လိုအပ်ပါတယ်။ အစားစားတိုင်းမှာ အစိမ်းရောင်အသီးအရွက်တွေပါဝင်အောင် စားသုံးပေးသင့်ပါတယ်။ မနက်စာအတွက် အစိမ်းရောင်အသီးအရွက်တွေကိုဒီအတိုင်းမစားချင်ဘူးဆိုရင် ဖျော်ရည်လုပ်ပြီးသုံးဆောင်ပေးပါ။

(၃) ကိုယ်လက်လှုပ်ရှားပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူသားတွေအတွက်ရုပ်ပိုင်းဆိုင်ရာအရကော၊စိတ်ပိုင်းဆိုင်ရာအရမှာပါ များစွာအကျိုးပြုပါတယ်။ ယောဂကစားခြင်း၊ကခုန်ခြင်း၊တောင်တက်ခြင်း၊ရေကူးခြင်း၊
စက်ဘီးစီးခြင်းစသဖြင့် နည်းမျိုးစုံရှိတဲ့အထဲက မနက်ခင်းမှာမိမိနဲ့အဆင်ပြေတာရွေးချယ်ပြုလုပ်လိုက်ပါ။

(၄) တရားထိုင်ပါ။
တရားထိုင်ခြင်းဟာ စိတ်တည်ငြိမ်စေတယ်၊စိတ်ဖိစီးမှုကိုလျော့ကျစေတယ်၊ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ပျော်ရွှင်မှုကိုမြင့်တက်စေတယ် စသဖြင့်အကျိုးများစွာရှိတာကို လေ့လာမှုပေါင်းများစွာကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေအပြင် ကျန်းမာရေးကိုအထောက်အကူပြုပါသေးတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး နာကျင်ခံစားမှုကိုလျော့နည်းစေပါတယ်။ ဒါကြောင့် မနက်ခင်းတိုင်းမှာ တရားထိုင်ဖို့အချိန်အနည်းငယ်ပေးပါ။

(၅) တစ်နေ့တာအလုပ်အတွက်အစီအစဉ်ချပါ။
မိမိရဲ့အလုပ်တွေကိုအချိန်မှီလုပ်ဆောင်နိုင်ဖို့အတွက် အချိန်ကိုစီမံခန့်ခွဲပြီး 
အသုံးချတတ်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာအလုပ်တာဝန်တွေမလုပ်ဆောင်မှီ
မနက်ခင်းအချိန်မှာ တစ်နေ့တာပြီးမြောက်ရမဲ့တာဝန်တွေကို 
အချိန်နဲ့စနစ်တကျအစီအစဉ်ချထားလိုက်ပါ။

(၆) အလုပ်ကိုစောစောသွားပါ။
အိမ် ကနေအလုပ်ကိုစောစောသွားခြင်းဟာ အလုပ်နောက်ကျမှာပူပန်စရာမလိုတာကြောင့် စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ထို့အပြင် ရုံးခန်း ကိုအများသူငှာမရောက်မှီ တစ်နာရီလောက်စောရောက်ပြီးအလုပ်လုပ်ခြင်းဟာ တိတ်ဆိတ်သော အဆောက်အဦး ပတ်ဝန်းကျင် အနေအထားမှာလုပ်ဆောင်ရတာကြောင့် တစ်နာရီထက်မကသောအလုပ်တွေကို ပြီးမြောက်စေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိထားပါတယ် ။

ခမ်းမူ(ရွှေအင်းလေး)
www.khunnaymedia.com







Thursday, April 7, 2016

သင်္ကြန်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ ပွဲတော်တစ်ခုဖြစ်တယ်။ သင်္ကြန်ကို မဆင်နွှဲဘူး တဲ့သူမရှိလောက်ပါဘူး။ ရေကစားမယ်၊လျှောက်လည်မယ်လို့ စဉ်းစားထားတဲ့သူတွေ အတွက် ကြိုတင်ဆောင်ရွက်သင့်တာလေးတွေကို kaymu က တတ်နိုင်သမျှ စုစည်းတင်ပြလိုက်ပါတယ်။

မဏ္ဍပ်ဘွတ်ကင်လုပ်ပါ
သင်္ကြန်မှာရေကစားမယ်လို့ ဆုံဖြတ်ပြီး ကိုယ်တိုင်ရေက ရေပတ်ချင်တဲ့သူတွေအတွက် အခုချိန်ဟာ ပြင်ဆင်မှုရှိသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒီနှစ် ရန်ကုန်မှာ မဏ္ဍပ်နည်းတယ်ဆိုတဲ့ အသံကြောင့်လည်း အခုချိန်ကတည်း ကြိုဝယ်ထားမှအဆင်ပြေမယ်ထင်တယ်နော်။

ရေစိုခံအိတ်
ဖုန်း၊လက်ပတ်နာရီတို့ဟာ မပါမဖြစ်ပစ္စည်းတွေဖြစ်တဲ့အတွက် သွားလေရမှာ သယ်ဆောင်သွားကြ မှာဖြစ်တယ်။ ဒီပစ္စည်းတွေက ရေစိုခံလို့မရတဲ့ပစ္စည်းတွေဖြစ်တဲ့အတွက် ရေစိုခံအိတ်လေးတွေ ဆောင် သွားဖို့ လိုပါမယ်။ အခုဆိုရင် ဖက်ရှင်ကျတဲ့ ရေစိုခံအိတ်ကလေးတွေက သင့်အတွက်ဆွဲဆောင် မှုတစ်ခု ပိုမိုလာစေပါမယ်။အခုပဲ ရေစိုခံအိတ်ကလေးတွေ kaymu မှာ ရှာဝယ်လိုက်ကြရအောင်နော်။





အသားအရေကို ကာကွယ်ပါ
ပူပြင်းတဲ့နေရောင်ခြည်အောက်မှာ ရေအချိန်ကြာကြာကစားတာလောက် အသားအရေကို ပျက်စီးစေတာရှိမယ်မထင်ပါဘူး။ ဒီနှစ် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းက ခါတိုင်းနှစ်တွေထက် ပိုမိုနေတဲ့အတွက် အထူးဂရုစိုက်သင့်ပါတယ်။ နေရောင်ခြည်ကို ကောင်းကောင်း ကာကွယ်နိုင်ဖို့ ဘယ်လိုပစ္စည်းမျိုးအလှကုန်ပစ္စည်းဝယ်ရမလဲ စဉ်းစားလို့မရဖြစ်နေရင် Kaymu အွန်လိုင်းကနေပဲ ရှာဝယ်လိုက်ပါ။ သင်္ကြန်ကာလ မတ် ၃၁ ရက်ကနေပြီး ဧပြီ ၂၁ ရက်အထိ Thingyan Week ကျင်းပမှာဖြစ်တဲ့အတွက် ပစ္စည်းအတော်များများ Discount ရနိုင်ပါတယ်။



ပေါ့ပေါ့ပါးပါးဖက်ရှင်
ပေါ့ပါးပွယောင်တဲ့ အ၀တ်အစားများဟာ သင်္ကြန်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ပဲဖြစ်ပါတယ်။ ရေစိုလေ အ၀တ်အစားက ထူထဲပြီး လေးလာလေဖြစ်မှာဖြစ်တဲ့အတွက် ရေစုပ်အားကောင်းတဲ့ အ၀တ်အစားတွေကို မ၀တ်မိရင် ထူထူထဲထဲဝတ်ဆင်လာသူထက် ကိုယ်အတွက် ရေကစားရင် ခံစားရမယ့် စိတ်ကျေနပ်မှု တစ်ခုကို ခံစားလာရမှာပါ။ ဒီလိုပါပဲ ကိုယ်စီးမယ် ဖိနပ်ဟာ ရေစိုခံတဲ့ ပေါ့ပါးတဲ့ ဖိနပ်မျိုးလေးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ပုံမှာပါတဲ့ ဖိနပ်မျိုးလေးကတော့ သင်္ကြန်နဲ့ လိုက်ဖက်အောင် အရောင်ရော ဖက်ရှင်ရော ပြောစရာမလိုပါဘူး။ All Star တွေထဲမှာ ရှားရှားပါး ဒီဇိုင်းလေးဖြစ်ပါတယ်။ ဒီမှာဝယ်လို့ရပါတယ်။




ရေဗူးဆောင်ပါ
ရေတွင်းတူရင်း ရေငတ်ဆိုတဲ့ မြန်မာစကားပုံကို သတိရပါ။ သင်္ကြန်မှာ ရေကစားမှာဆိုပြီး ရေဗူးသယ် သွားဖို့ မေ့နေတာမျိုးဖြစ်တတ်ပါတယ်။ ရေတကယ်သောက်ချင်လာလို့ ဆက်မကစားနိုင်တော့တာမျိုး မကြုံရအောင် ရေဗူးဆောင်သွားပါ။ဒီနှစ်က အခြားနှစ်တွေထက် ပိုပူမယ်လို့ပြောနေကြအတွက် ကြိုတင်ပြင်ဆင်တာမမှားလောက်ပါဘူး။ kaymu မှာအစားအသောက်အစုံဝယ်လို့ရတယ်ဆိုလည်း မမေ့နဲ့နော်။



Kaymu အကြောင်း
နိုင်ငံပေါင်း ၃၀ ကျော်တွင် Online Marketplace လုပ်ငန်းများ လည်ပတ်လုပ် ကိုင်လျက်ရှိသော ဂျာမနီနိုင်ငံအခြေစိုက် Rocket Internet က မြန်မာနိုင်ငံတွင် kaymu အမည်ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် တရားဝင်အွန်လိုင်း ဈေးရောင်းဈေးဝယ် ၀က်ဆိုဒ် ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး လက်ဝတ်ရတနာနှင့် နာရီများ၊ စာအုပ်များ၊အနုပညာဖျော်ဖြေရေးပစ္စည်များ၊ ကွန်ပျူတာနှင့် လပ်တော့ပ်နှင့် ဂိမ်များ၊တီဗီနှင့် ဆက်စပ်ပစ္စည်းများ၊ ကင်မရာများ၊စားသောက်ကုန်ပစ္စည်းများ၊ ကျန်းမာရေးနှင့် အလှအပပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းများ၊ အမျိုးသား၊အမျိုးသမီ ဖက်ရှင်များ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊အား စားပစ္စည်းများနှင့် လက်ကားရောင်းဝယ်ရေး ပစ္စည်းပေါင်းများစွာကို အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူရရှိနိုင်ပါသည်။


Kaymu ၏ အလုပ်လုပ်ပုံ
ရောင်းချသူမှ လေလံတင်ရောင်းချခြင်း (လေလံစနစ်) (သို့) ဝယ်သူများမှပစ္စည်းများကိုပုံသေဈေး နှုန်းဖြင့် တိုက်ရိုက်ဝယ်ယူနိုင်အောင်ပုံသေဈေးနှုန်းသတ်မှတ်ပြီး ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။
ပုံသေဈေးနှုန်းသတ်မှတ်ထားသော စာရင်းတွင် ပထမဆုံး ဝယ်ယူသူမှရောင်းချသူတင်ထားသော ဈေးပေး၍ ၀ယ်ယူခွင့် ရရှိမည်ဖြစ်သည်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com



Monday, April 4, 2016



ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲလ်ကုမ္ပဏီ ဖြစ်သော SAP မှ ထိပ်တန်းအရာရှိ ၁၂ ယောက်သည် ရန်ကုန်မြို့ရှိ လူမှုအကျိုးပြု အဖွဲ့အစည်း ၄ ခုနှင့် တစ်လကြာတွေ့ဆုံကာ နည်းပညာပိုင်းဆိုင်ရာများကို ကူညီအားပေး ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာ လိုက်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝရင်းမြစ် ဖွံ့ဖြိုးကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်စည်များ တင်ပို့နိုင်စွမ်း အမြောက်အများလည်း ရှိနေပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ၈ % အထိ တိုးတက်လာခြင်းကြောင့် ကမ္ဘာပေါ်ရှိ စီးပွားရေး ဖွံဖြိုးတိုးတက်မှု အမြန်ဆန်ဆုံး နိုင်ငံတစ်ခု ဖြစ်ကာ အရှေ့တောင်အာရှ၏ အနာဂါတ်အတွက် အင်အားကြီး စီးပွားရေး နိုင်ငံတစ်ခု ဖြစ်ပါသည်။

Charity Oriented Myanmar (ဒါနရှေ့ဆောင်မြန်မာ), အာရုဏ်ဦး လူမှု တိုးတက်ရေး အဖွဲ့အစည်း၊ ကျေးလက်ဖွံ့ဖြိုးရေး Community Agency နှင့် KT Care စသည့် အဖွဲ့အစည်း ၄ ခုမှ SAP နှင့် အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထို့ပြင် SAP အင်ဒိုချိုင်းနား၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Liher Urbizu Sierra မှလည်း “ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဆိုပါ လူမှုအကျိုးပြု အဖွဲ့အစည်း ၄ ခုကို အားပေးထောက်ပံ့ပြီး SAP ရဲ့ ထူးချွန်ဝန်ထမ်းတွေနဲ့အတူ လိုအပ်ချက်၊ ရည်မှန်းချက်များကို အတူတကွ အကောင်အထည် ဖော်နိုင်ဖို့ပါ။ ယခုလို Social Sabbatical အစီအစဉ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း အားဖြင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကူညီပြီး လူသားနေထိုင်မှု ဘ၀များကိုလည်း ပိုမိုတိုးတက် အဆင်ပြေစေရေး ဆိုတဲ့ SAP ရဲ့ ရည်မှန်းချက်တစ်ခုကို သက်သေထူနိုင် ခဲ့ပါတယ်။ နည်းစနစ်တကျ လူမှုကူညီရေးတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ တာကြောင့်လည်း လူမှုအဖွဲ့အစည်း အသိုင်းအ၀ိုင်းအတွက်လည်း ရေရှည်အသုံးဝင်တဲ့ ရလဒ်အကျိုးတွေ ဖြစ်ပေါ်ခံစား ရမှာပါ” ဟု ရှင်းပြခဲ့ပါသည်။

SAP အကြောင်း
======
စီးပွားရေးသုံး ဆော့ဖ်ဝဲဈေးကွက်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နေသူ SAP အနေဖြင့် အရွယ်စုံ ကုမ္ပဏီများ၊ နယ်ပယ်များအတွက် အစဉ်သဖြင့် ကူညီပေးလျက် ရှိပါသည်။ SAP ၏ အပ်ပလီကေးရှင်းနှင့် ၀န်ဆောင်မှုများသည်လည်း Customer အယောက် သုံးသိန်း ၃၀၀,၀၀၀ ကျော်အတွက် အကျိုးရှိရှိဖြင့် လုပ်ငန်းဆောင်တာများ ပိုမိုထိရောက် မြန်ဆန်သွက်လက်စေရန် လုပ်ဆောင်ပေးလျက် ရှိပါသည်။ အသေးစိတ် ပိုမိုသိရှိလိုပါက www.sap.com တွင် လေ့လာနိုင်ပါသည်။


ခွန်နေ(ရွှေအင်းလေး)
www.khunnaymedia.com 

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook