ကမ္ဘာ့ထိပ်တန်း ဆော့ဖ်ဝဲလ်ကုမ္ပဏီ ဖြစ်သော SAP မှ ထိပ်တန်းအရာရှိ ၁၂ ယောက်သည် ရန်ကုန်မြို့ရှိ လူမှုအကျိုးပြု အဖွဲ့အစည်း ၄ ခုနှင့် တစ်လကြာတွေ့ဆုံကာ နည်းပညာပိုင်းဆိုင်ရာများကို ကူညီအားပေး ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ကြေညာ လိုက်ပါသည်။
မြန်မာနိုင်ငံသည် သဘာဝရင်းမြစ် ဖွံ့ဖြိုးကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သည့် အားလျော်စွာ အလုပ်လုပ်နိုင်စွမ်းနှင့် ကုန်စည်များ တင်ပို့နိုင်စွမ်း အမြောက်အများလည်း ရှိနေပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ၈ % အထိ တိုးတက်လာခြင်းကြောင့် ကမ္ဘာပေါ်ရှိ စီးပွားရေး ဖွံဖြိုးတိုးတက်မှု အမြန်ဆန်ဆုံး နိုင်ငံတစ်ခု ဖြစ်ကာ အရှေ့တောင်အာရှ၏ အနာဂါတ်အတွက် အင်အားကြီး စီးပွားရေး နိုင်ငံတစ်ခု ဖြစ်ပါသည်။
Charity Oriented Myanmar (ဒါနရှေ့ဆောင်မြန်မာ), အာရုဏ်ဦး လူမှု တိုးတက်ရေး အဖွဲ့အစည်း၊ ကျေးလက်ဖွံ့ဖြိုးရေး Community Agency နှင့် KT Care စသည့် အဖွဲ့အစည်း ၄ ခုမှ SAP နှင့် အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့ပြင် SAP အင်ဒိုချိုင်းနား၏ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Liher Urbizu Sierra မှလည်း “ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဆိုပါ လူမှုအကျိုးပြု အဖွဲ့အစည်း ၄ ခုကို အားပေးထောက်ပံ့ပြီး SAP ရဲ့ ထူးချွန်ဝန်ထမ်းတွေနဲ့အတူ လိုအပ်ချက်၊ ရည်မှန်းချက်များကို အတူတကွ အကောင်အထည် ဖော်နိုင်ဖို့ပါ။ ယခုလို Social Sabbatical အစီအစဉ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း အားဖြင့် ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကူညီပြီး လူသားနေထိုင်မှု ဘ၀များကိုလည်း ပိုမိုတိုးတက် အဆင်ပြေစေရေး ဆိုတဲ့ SAP ရဲ့ ရည်မှန်းချက်တစ်ခုကို သက်သေထူနိုင် ခဲ့ပါတယ်။ နည်းစနစ်တကျ လူမှုကူညီရေးတွေမှာ ရင်းနှီးမြှုပ်နှံခဲ့ တာကြောင့်လည်း လူမှုအဖွဲ့အစည်း အသိုင်းအ၀ိုင်းအတွက်လည်း ရေရှည်အသုံးဝင်တဲ့ ရလဒ်အကျိုးတွေ ဖြစ်ပေါ်ခံစား ရမှာပါ” ဟု ရှင်းပြခဲ့ပါသည်။
SAP အကြောင်း
======
စီးပွားရေးသုံး ဆော့ဖ်ဝဲဈေးကွက်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နေသူ SAP အနေဖြင့် အရွယ်စုံ ကုမ္ပဏီများ၊ နယ်ပယ်များအတွက် အစဉ်သဖြင့် ကူညီပေးလျက် ရှိပါသည်။ SAP ၏ အပ်ပလီကေးရှင်းနှင့် ၀န်ဆောင်မှုများသည်လည်း Customer အယောက် သုံးသိန်း ၃၀၀,၀၀၀ ကျော်အတွက် အကျိုးရှိရှိဖြင့် လုပ်ငန်းဆောင်တာများ ပိုမိုထိရောက် မြန်ဆန်သွက်လက်စေရန် လုပ်ဆောင်ပေးလျက် ရှိပါသည်။ အသေးစိတ် ပိုမိုသိရှိလိုပါက www.sap.com တွင် လေ့လာနိုင်ပါသည်။
ခွန်နေ(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။