Tuesday, April 26, 2016




နေ့သစ်တစ်နေ့ရဲ့အစမနက်ခင်းကို သင်ဘယ်လိုဖြတ်သန်းလေ့ရှိသလဲ? လူတစ်ယောက်အောင်မြင်ဖို့ဆိုတာ ကျန်းမာရေးကအရေးကြီးသောအရာတစ်ခုအဖြစ်
ပါဝင်တာကြောင့် ကျန်းမာရေးကိုဂရုစိုက်ဖို့တော့လိုအပ်ပါတယ်။ အလုပ်တွေများနေတာနဲ့ပဲ နေ့လည်စာမစားပဲကော်ဖီတွေချည်းသောက်တာမျိုး စတဲ့ကျန်းမာရေးကို အလေးမထားတာမျိုးတွေမလုပ်မိပါစေနဲ့။ ကျန်းမာမှအလုပ်လုပ်နိုင်မှာပါ။ 
အလုပ်လုပ်နိုင်မှသာ အောင်မြင်သောဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် ပျော်ရွှင်ကျန်းမာပြီးအောင်မြင်သောဘဝတစ်ခုရရှိဖို့အတွက် သင့်ရဲ့မနက်ခင်းတွေကို အောက်ဖော်ပြမဲ့အရာတွေနဲ့ကိုက်ညီအောင်ပြုမူလိုက်ပါ။

(၁) ဖုန်းတွေကို ပိတ်ထားပါ။
လူအတော်များများဟာ ဖုန်းကိုဘေးမှာထားပြီးအိပ်တတ်ကြပြီး
နိုးလာချိန်မှာသူတို့ပထမဆုံးလုပ်တာက ဖုန်းကိုဖွင့်ဖုန်းအဝင်၊ မက်ဆစ်၊ အီးမေးလ်စစ်၊ ဖေ့စ်ဘုတ်နဲ့အခြားသောလူမှုကွန်ယက်တွေကိုစတင်သုံးစွဲပါတော့တယ်။ ဒါဟာ လူသားတွေမိုဘိုင်းဖုန်းကိုစွဲလန်းနေကြခြင်းဖြစ်ပါတယ်။ လေ့လာချက်တစ်ခုအရ ၆၇ရာခိုင်နှုန်းသောလူတွေဟာ ဖုန်းမြည်သံမကြားဘဲနဲ့တောင် မကြာခဏ သူတို့ဖုန်းကိုဖွင့်ကြည့်စစ်ဆေးကြပါတယ်လို့ သိရပါတယ်။ 
ဒါဟာ ကောင်းသောလက္ခဏာမဟုတ်ပါဘူး။ ဖုန်းလွတ်သွားမှာစိုးရိမ်ပူပန်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာတာကြောင့် မိမိကိုစိတ်ဖိစီးမှု၊စိုးရိမ်ပူပန်မှုတွေကိုမြင့်တက်စေပါတယ်။

(၂) အစိမ်းရောင်တွေကိုရယူပါ။
အစိမ်းရောင်ရှိသောအသီးအရွက်တွေဟာ ကျန်းမာရေးကိုအလွန်ကောင်းမွန်စေပါတယ်။ မိမိခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဓာတ်များစွာပါဝင်တာကြောင့် အစိမ်းရောင်ရှိသောအသီးအရွက်များကို စားသုံးပေးဖို့လိုအပ်ပါတယ်။ အစားစားတိုင်းမှာ အစိမ်းရောင်အသီးအရွက်တွေပါဝင်အောင် စားသုံးပေးသင့်ပါတယ်။ မနက်စာအတွက် အစိမ်းရောင်အသီးအရွက်တွေကိုဒီအတိုင်းမစားချင်ဘူးဆိုရင် ဖျော်ရည်လုပ်ပြီးသုံးဆောင်ပေးပါ။

(၃) ကိုယ်လက်လှုပ်ရှားပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူသားတွေအတွက်ရုပ်ပိုင်းဆိုင်ရာအရကော၊စိတ်ပိုင်းဆိုင်ရာအရမှာပါ များစွာအကျိုးပြုပါတယ်။ ယောဂကစားခြင်း၊ကခုန်ခြင်း၊တောင်တက်ခြင်း၊ရေကူးခြင်း၊
စက်ဘီးစီးခြင်းစသဖြင့် နည်းမျိုးစုံရှိတဲ့အထဲက မနက်ခင်းမှာမိမိနဲ့အဆင်ပြေတာရွေးချယ်ပြုလုပ်လိုက်ပါ။

(၄) တရားထိုင်ပါ။
တရားထိုင်ခြင်းဟာ စိတ်တည်ငြိမ်စေတယ်၊စိတ်ဖိစီးမှုကိုလျော့ကျစေတယ်၊ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ပျော်ရွှင်မှုကိုမြင့်တက်စေတယ် စသဖြင့်အကျိုးများစွာရှိတာကို လေ့လာမှုပေါင်းများစွာကဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါတွေအပြင် ကျန်းမာရေးကိုအထောက်အကူပြုပါသေးတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး နာကျင်ခံစားမှုကိုလျော့နည်းစေပါတယ်။ ဒါကြောင့် မနက်ခင်းတိုင်းမှာ တရားထိုင်ဖို့အချိန်အနည်းငယ်ပေးပါ။

(၅) တစ်နေ့တာအလုပ်အတွက်အစီအစဉ်ချပါ။
မိမိရဲ့အလုပ်တွေကိုအချိန်မှီလုပ်ဆောင်နိုင်ဖို့အတွက် အချိန်ကိုစီမံခန့်ခွဲပြီး 
အသုံးချတတ်ဖို့လိုအပ်ပါတယ်။ တစ်နေ့တာအလုပ်တာဝန်တွေမလုပ်ဆောင်မှီ
မနက်ခင်းအချိန်မှာ တစ်နေ့တာပြီးမြောက်ရမဲ့တာဝန်တွေကို 
အချိန်နဲ့စနစ်တကျအစီအစဉ်ချထားလိုက်ပါ။

(၆) အလုပ်ကိုစောစောသွားပါ။
အိမ် ကနေအလုပ်ကိုစောစောသွားခြင်းဟာ အလုပ်နောက်ကျမှာပူပန်စရာမလိုတာကြောင့် စိတ်ဖိစီးမှုကိုသက်သာစေပါတယ်။ ထို့အပြင် ရုံးခန်း ကိုအများသူငှာမရောက်မှီ တစ်နာရီလောက်စောရောက်ပြီးအလုပ်လုပ်ခြင်းဟာ တိတ်ဆိတ်သော အဆောက်အဦး ပတ်ဝန်းကျင် အနေအထားမှာလုပ်ဆောင်ရတာကြောင့် တစ်နာရီထက်မကသောအလုပ်တွေကို ပြီးမြောက်စေနိုင်ပါတယ်လို့ လေ့လာတွေ့ရှိထားပါတယ် ။

ခမ်းမူ(ရွှေအင်းလေး)
www.khunnaymedia.com







0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook