အမျိုးသမီးက မွေးဖွားပေးတယ် ။ ကျောင်းတက်ချိန်ရောက်တော့
အသိပညာတွေ တိုးပွားလာအောင် ဆရာမဆိုတဲ့ အမျိုးသမီးကပဲ စာသင်ပေးပြန်တယ် ။
အရွယ်ရောက်လာတော့လည်း အမျိုးသမီးတွေအပေါ် ချစ်စိတ်ဝင်တယ် ။
ပြီးတော့ ပါရမီဖြည့်ဖက်ဖြစ်တဲ့ အမျိုးသမီးနဲ့ပဲ အိမ်ထောင်ကျရပြန်တယ် ။
တကယ်တော့ကျွန်တော်တို့ အမျိုးသားတွေဟာ အမျိုးသမီးတွေကြောင့်သာ
အဓိပ္ပာယ်ရှိရှိ ရှင်သန်နေထိုင်ရတာပါ ။ အမျိုးသမီးတွေဟာလည်း

လောကကြီးကို ပြည့်စုံလှပအောင် ဖန်တီးပေးတဲ့ ပါရမီရှင်ကောင်းတွေပါ ။
ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးကို တန်ဖိုးထားချစ်မြတ်နိုးပါ ။
အမျိုးသမီးတွေကလည်း ကိုယ့်ကို တန်ဖိုးထားမြတ်နိုးရတဲ့ သူတွေရဲ့လက်ထဲမှာပဲ ပျော်ရွှင်စွာရှင်သန်နေထိုင်ပါ ။
ခွန်နေ(ရွှေအင်းလေး)
#KN
www.khunnaymedia.com

0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။