Thursday, May 26, 2016



တစ်ခါတစ်လေမှာအလျှော့ပေးညှိနှိုင်းပေးလိုက်တာ၊ ခေါင်းငုံ့ခံ အောက်ကျို့တောင်းပန်လိုက်တာက တစ်ဖက်လူကမှန်ပြီး သင့်ဘက်ကမှားနေလို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့အတ္တတွေထက် သင်တို့နှစ်ယောက်ကြား က ပြေလည်တဲ့ဆက်ဆံရေးကို ပိုပြီးတန်ဖိုးထားလိုက်လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဘာမှမဟုတ်တဲ့ အငြင်းအခုံကိစ္စလေးတစ်ခုအတွက်နဲ့ တန်ဖိုးရှိလှ တဲ့ ကြာရှည်ပေါင်းသင်းခင်မင်လာတဲ့ ဆက်ဆံရေးတွေကို မဖျက်ဆီး ချင်ဘူးလေ။ ဒီအမှားအမှန်အတွက် ကိုယ်ဘက်ကအသာစီးရသွား ချင်လို့၊ သူ့ဘက်က ရှုံးနိမ့်သွားစေချင်လို့ ထိတိုက်တွေ့ပြီး ပျက်စီးစေမယ့်အစား ကိုယ်မှန်သည့် တိုင်အောင် သူ့ဘက်ကိုအမှန်ပေးပြီး အ လျှော့ပေးလိုက်တာ စိတ်ငြိမ်းချမ်း ပါတယ်။ သူလည်းစိတ်လျှော့သွားပါလိမ့်မယ်။

နောက်အေးဆေးဖြစ်တဲ့ အချိန်၊ အခွင့်အရေးရတဲ့အချိန်ကျမှ ဘယ်ဟာအမှား အမှန်ဆိုတာ ပြန်လည်ဖြေရှင်းလို့ရပါတယ်။သူလည်း လက်တွေ့သိသွား တဲ့အခါကျမှ သူမှားမှန်းဆိုတာလည်း နားလည် သွားပါလိမ့်မယ်။ ဒီလိုဆိုရင် သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အချိန်တွေကြာသည့်တိုင်အောင်ဆက် လက်ပေါင်းသင်းဆက်ဆံသွားလို့ အဆင်ပြေသွားနိုင်ပါလိမ့်မယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook