လူအားကျလောက်တဲ့ ငွေကြေးချမ်းသာထားရုံ
လူရိုသေလေးစားလောက်တဲ့ ဘာသာတရားလိုက်စားရုံလောက်နဲ့ တော့
လူပီသပြီ လူသားဆန်ပြီလို့ ထင်မနေပါနဲ့။
လူမှန်ရင် တစ်ပါးသူတစ်ဖက်သားကို ကြင်နာသနားတတ်တဲ့စိတ်နဲ့ ကိုယ်ချင်းစာတရားထားတတ်တဲ့ စိတ်ရှိရမယ်။ ပညာတွေတတ်ထား ပြီး၊ ငွေကြေးတွေချမ်းသာပြီး၊ ဘုရားတရားအလုပ်လုပ်ပြီး ကိုယ့်ပတ် ဝန်းကျင်က လူတွေအပေါ် ကြင်နာသနားတတ်တဲ့စိတ် လုံးဝမရှိရင် ဒီလူ အလကားပဲ။
တစ်ဖက်သား ဒုက္ခရောက်နေချိန် ကိုယ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာတရားမထားပဲ မတရားအနိုင်ကျင့်နေမယ်ဆိုရင် ဒီလူက လူမပီသနိုင်ပါဘူး။
ဘုရားတရား အလုပ်လုပ်ပြီး မိမိအဆင်ပြေဖို့ တစ်ဖက်သားဆီကဘယ်လိုအနိုင်ယူရမလဲ။ ဘယ်လိုမျိုး အဆင်မပြေအောင်လုပ်မလဲဆိုတဲ့ အတွင်းစိတ်ယုတ် မာတွေ၊ မကောင်းတဲ့စိတ်တွေ မွေးနေသမျှတော့ ဒီဘာသာတရားကိုင်းရှိုင်းပါတယ် ဆိုတဲ့လူသားလည်း လူမပီသတော့ပါဘူး။
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။