Thursday, May 26, 2016



“ကျွန်မနဲ့အတူ ဇိမ်ခံကားစီးပြီး အပျော်ခရီးထွက်ချင်သူတွေများပေမယ့် လမ်းခုလတ်မှာ အဲ့ဒီဇိမ်ခံကားပျက်သွားတဲ့အခါကျ ဘတ်စ်ကားစီးပြီး အတူလိုက်ခဲ့ကြမယ့်သူတွေတော့ နည်းသွားလိမ့်မယ်”
အော်ပရာဝင်းဖရေး

ကျွန်မတို့ရဲ့ ဘဝတွေမှာအောင်မြင်ကြီးပွားမှုတွေ ရရှိလာခဲ့ကျတဲ့ အချိန်တွေ မှာဆိုရင် ကိုယ်ရဲ့အနားမှာ လက်ခုတ်သြဘာပေးပြီး ချီးကျူးကြမယ့် သူတွေများ ပါတယ်။ အောင်မြင်မှုဆိုတဲ့ စည်းစိမ်ကို အတူခံစားဖို့ ရောက်ရှိလာမယ့် သူတွေကလည်း ပြုံးလို့၊ ပျော်လို့နဲ့ ကိုယ့်ဆီစကားတွေ ဖောင်ဖွဲ့ပြောလာမယ်။ ကိုယ့်ဆီမှာအလိုလိုဝန်း ရံမယ့်သူတွေများလာလိမ့်မယ်။

အကယ်၍များ အဲ့ဒီအောင်မြင်မှု စည်းစိမ်တွေမရှိတော့တဲ့တစ်နေ့၊ ကျရှုံး သွားမယ့် တစ်နေ့ကျ အဲ့ဒီဝန်းရံပေးမယ့်သူတွေ ရှိနေလိမ့်မယ် ထင်နေလား။ ကိုယ့်အနားမှာ ကိုယ်ကလွဲပြီး ဘယ်သူမှမရှိတော့တာကို တွေ့လိမ့်မယ်။ ကိုယ့်အခက်အခဲတွေ ကူညီပြီး အတူရင်ဆိုင် ဖြေရှင်းပေးမယ့်သူမျိုးမပြောပါနဲ့။

ကိုယ့်အနားစိတ်အားငယ်နေတာကို အားပေးမယ့် သူတောင်မရှိတော့ပါဘူး။ ကိုယ်လဲကျနေတာကို မြင်နေရက် ရှောင်ဖယ်သွားတဲ့သူတွေ ရှိသလို၊ မသိသလိုကျော် သွားကြတဲ့သူတွေလည်း များပါတယ်။ ကိုယ့်ကိုလက်ကမ်း တွဲက ပေးမယ့်သူကတော့ လုံးဝမရှိသလောက်ဖြစ်သွားပါလိမ့်မယ်။ အဲ့ဒီအချိန် ကျ ကိုယ့်အပေါ် တကယ်ကောင်းတဲ့ မိတ်ဆွေအစစ်တွေနဲ့ ဟန်ဆောင် မိတ်ဆွေအတုတွေက ဘယ်သူတွေဖြစ်မလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။

ရွှေဝတ်မှုန်(ရွှေအင်းလေး)
www.khunnaymedia.com

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook