Sunday, October 26, 2014



ခွန်နေ - Khun Nay

နာမည်အပြည့်အစုံ Lizzie Valasquez လို့ခေါ်ပါတယ် ။ အမေရိကန်နိုင်ငံသူ
၁၉၈၉ ခုနှစ် ၊ မတ် ၂၃ မှာမွေးဖွားပါတယ် ။ လက်ရှိအသက် ၂၅ ပေါ့ ။
သူရဲ့ မျက်နှာအသွင်ပြင်နဲ့ပတ်သက်လို့ ၈ စက္ကန့်စာ Youtube မှာ ဗီဒီယိုဖိုင်
တင်ဖူးတယ် ။ ကြည့်ဖူးသူတိုင်းအားလုံး တူညီတဲ့ မှတ်ချက်တစ်ခုပေးကြတယ်။
"ကြောက်မက်ဖွယ်ကောင်းသော ဘီလူးမျက်နှာ" လို့ခေါ်ဆို သမှုတ်ခဲ့ကြတယ် ။

လူရာအသွင်းမခံရမှု ၊ လူချင်းတူပေမယ့် တန်းတူအရေးပေးခြင်းမခံရမှု ၊
သာမန်လူတွေမြင်တိုင်း သူနဲ့စကားပြောရမှာစိုးရိမ်ထိန့်လန့်မှုဖြစ်စေခဲ့သူ Lizzie
ဟာ စိတ်ဓာတ်ခွန်အားနည်းသူတစ်ယောက်ဆိုရင် ကိုယ့်ကိုယ်အဆုံးစီရင်ပြီး
လူဘဝကြီးကနေ အပြီးတိုင်စွန့်ခွာသွားနိုင်ပါတယ် ။

ဒီလိုလူရာအသွင်းမခံရမှုကို ခြေဖျက်ဖို့အတွက် Lizzie ရဲ့ ကြိုးစားခဲ့မှုက
"လူအများစုဟာလိုချင်တဲ့ ရုပ်ဝတ္ထုတွေ မပိုင်ဆိုင်ဘူးဆိုရင်
ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်တွေဝင်လာတယ် ၊ ပတ်ဝန်းကျင်ကို အကောင်းမမြင်တော့ဘူး၊ အဲဒီအတွက်သီးသန့်နေထိုင်လာတယ် ၊
အထီးကျန်လာတယ်၊ စိတ်ကျရောဂါဝင်လာမယ်
၊နောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်နိုင်တဲ့အထိပေါ့ ၊ ကျွန်မအပြင်ကိုသွားရင်
လူတွေစိတ်ဝင်စားမှုကိုအရမ်းခံခဲ့ရတယ် ၊ လူတွေရဲ့ အကြည့်တွေမှာ
ကျမ ထိတ်လန့်တုန်လှုပ်ခဲ့ဖူးတယ် ၊ ဒါကိုရင်ဆိုင်ဖို့ ကျမကြိုးစားခဲ့တယ် ၊
ယုံကြည်မှုရှိရမယ်ဆိုတဲ့စိတ်နဲ့ပေါ့ ၊ အကြည့်တွေကိုရင်ဆိုင်တယ် ၊ ကိုယ်တိုင်သွားပြီးမိတ်ဆက်စကားပြောတယ် ၊ ကျမရဲ့ လိပ်စာကဒ်တွေပေးတယ် ၊ သူတို့ကိုလေးလေးနက်နက် စကားတစ်ခုပြောလိုက်တယ် ၊ ကျမကို အထူးအဆန်းသဖွယ် စူးစိုက်ကြည့်တာထကက်လေ့လာအကဲခက်တဲ့ အကြည့်လေးနဲ့ပဲ ကျေးဇူးပြုပြီး ကြည့်ပေးပါလား "
Lizzie ဟာလူတွေရဲ့ ဝေဖန်မှုတွေကိုရင်ဆိုင်တယ် ၊ ယုံကြည်မှုရှိရှိ ဘဝကိုဖြတ်သန်းတယ် ၊ လက်ရှိရှိနေတဲ့ဘဝကို လူသားဆန်ဆန်လက်ခံတယ် ဆိုတာ သူမရဲ့ ပြောစကားတွေကိုကြည့်ရင် သိနိုင်ပါတယ်။

သူမဟာ စိတ်ဓာတ်ခွန်အားနဲ့ပတ်သက်တဲ့ စာပေများကိုဖတ်ရှုလေ့လာခဲ့သလို
၂၀၁၀ ခုနှစ်ကသူမပထမဆုံးရေးသားခဲ့တဲ့ Lizzie Beautiful စာအုပ် ကမ္ဘာတစ်လွှားလူကြိုက်များ စာအုပ်ဖြစ်ခဲ့ပါတယ် ။ ပြီးတော့ Be Beautiful , Be You နောက်ဆုံးထုတ်ဝေထားတဲ့ Choosing Happiness
တို့ဟာလည်း လူကြိုက်များစာအုပ်အဖြစ် သတ်မှတ်ခံထားရပါတယ် ။

လက်ရှိအချိန်မှာသူမဟာ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ပတ်သက်လို့ နိုးဆော် ဟောပြောသူ တစ်ယောက် အဖြစ်လုပ်ကိုင်နေသလို ၊ သူမရဲ့ လုပ်အားခနဲ့ မိသားစုတစ်ခုလုံးကို ထောက်ပံ့ပေးနေတဲ့ တန်ဖိုးရှိလူသား
တစ်ယောက် အဖြစ်ရပ်တည်လျက်ရှိနေပါတယ် ။

နိဂုံးချုပ်အနေနဲ့ အမှာစကားလေးတစ်ခု -

စာရေးသူအပါအဝင် လူတိုင်းနည်းပါး အောင်မြင်ချင်ကြတယ် ၊ ကျော်ကြားချင်ကြတယ် ၊အောင်မြင်တဲ့သူတွေကိုကြည့်ပြီး သူတို့လိုဖြစ်ချင်ကြတယ် ၊ ဒါပေမယ့် အားလုံးမေ့လျော့နေကြတာက
သူတို့တွေ ဒီလိုအောင်မြင်ဖို့အတွက် အချိန်ကာလတွေ ၊ ရင်းနှီးခဲ့ရမှုတွေ ၊ ဖြတ်သန်းခဲ့ရတဲ့ကာလတွေ နဲ့ ကြိုးစားခဲ့ရမှုတွေကို သိဖို့မကြိုးစားခဲ့ကြဘူး ။ Lizzie ဟာသာမန်လူတွေထက် အားနည်ချက်များစွာ ရှိနေပေမယ့်
သူမရဲ့  အချိန်ကာလတစ်ခု ၊ လေ့လာမှု ၊ ကြိုးစားမှုတွေ ဟာ ကျွန်တော်တို့လို သာမန်လူတွေအတွက် အတွေးအခေါ်လေးတစ်ခုရရှိစေခဲ့ပါတယ် ။

ခွန်နေ - Khun Nay 

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook