Sunday, October 26, 2014
11:18 PM
Unknown
အထွေထွေ
No comments
ခွန်နေ - Khun Nay
တရုတ်နိုင်ငံ မြို့ လေးတစ်မြို့  မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါ။
ဖြစ်စဉ်ကဒီလိုပါ ။ မြို့ ငယ်လေးတစ် မြို့ မှာ အလွန်ထင်ရှားတဲ့ စားသောက်
ဆိုင် တစ်ဆိုင်ရှိပါတယ်။ အဆိုပါ စားသောက်ဆိုင်က လင်မယားနှစ်ယောက်
ဟာ တစ်နေ့ကို ၂၁ နာရီ အလုပ်လုပ်ပါတယ်။ ဒီလိုမရပ်မနား ဆက်တိုက်
အလုပ်လုပ်တဲ့ သူတို့ လင်မယားနှစ်ယောက် ကို ပတ်ဝန်းကျင် ကလူတွေ
အလွန်အံ့သြခဲ့ရပြီး သူတို့စားသောက်ဆိုင်ကို Robot Couple Restaurant လို့ ခေါ်ဆို သမုတ်ခဲ့ကြတဲ့ အထိပါပဲ ။
ဒီလို နဲ့ ဒေသတွင်းမှာ ကျော်ကြားလာတဲ့သူတို့ ဇနီးမောင်းနှံကို သတင်း သမားတွေကစိတ်ဝင်စားလာပြီး အင်တာဗျူးရာမှ အမွှာလင်မယား
စုံတွဲ တစ်လှည့်စီ အချိန်ခွဲပြီး လုပ်ကိုင်ခြင်းသာဖြစ်တယ်လို့ ဖွင့်ဟပြော ဆိုခဲ့ပါတယ်။
အမွှာညီအကိုနှစ်ယောက်နှင့် အမွှာညီမနှစ်ယောက် တစ်နှစ်ထဲအတူ မင်္ဂလာ
ပွဲဆင်နွှဲခဲ့ပြီး အဆိုပါမြို့ မှာအတူနေထိုင် အခြေချကာ စီးပွားရှာခဲ့ခြင်းဖြစ်ပြီး
ပတ်ဝန်းကျင်ကလူတွေအတွက်တော့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် စားသောက်ဆိုင်ကို မရပ်မနားလုပ်ကိုင်နေကြတဲ့ ဇနီးမောင်နှံ
အဖြစ် လူသိများစေခဲ့သလို Robot Couple Restaurant သမုတ်ခဲ့
ခြင်းဖြစ်ပါတယ်။ အဖြစ်မှန်ကိုသိပြီး မှသာ ဟာသတစ်ခုအဖြစ်လူပြောများခဲ့ပြီး
ကမ္ဘာအံ့ဖွယ် ဖြစ်တောင့်ဖြစ်ခဲ့ သတင်းတစ်ပုဒ်အဖြစ် ယနေ့ အချိန်ထိ ပြောဆို
လျက်ရှိဆဲ ဖြစ်ပါတယ်။
ခွန်နေ - Khun Nay
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။