Wednesday, October 29, 2014

 ခွန်နေ - Khun Nay

ရွှေ့ ပြောင်း အဆင့်မြင့် ဇိမ်ခံအိမ်များကို ဖန်တီးထုတ်လုပ်လျက်ရှိသော
Anderson Mobile Estates ရဲ့  ဇိမ်ခံကားကြီးပါ ။ The Heat လို့အမည်
ပေးထားပါတယ် ။

ဇိမ်ခံကားလို့ အမည်တပ်ထားပေမယ့် ပြင်ဆင်မှုက အဆင့်မြင့်လွန်းတာကြောင့်
ရွှေ့ လျားနိုင်တဲ့ ကြယ်ငါးပွင့်အဆင့်ရှိဟော်တယ်လို့တောင် သတ်မှတ်လို့ ရပါတယ် ။ ကမ္ဘာ့ကျော်အနုပညာရှင်တွေရဲ့ ဧည့်ခံပွဲတွေ နဲ့ သန်းကြွယ်သူဌေး တွေ သီးသန့်ဇီမ်ခံနိုင်တဲ့ ဇိမ်ခံကားမျိုးဖြစ်ပြီး အတွင်းပိုင်ပြင်ဆင်မှု ကအစ ပြောစရာမရှိအောင်ပင် ပြည့်စုံလွန်းပါတယ် ။

ကုန်ကျမှုစရိတ် အမေရိကန်ဒေါ်လာ သုံးသန်းတန်တဲ့ အဆိုပါ
ဇိမ်ခံကားကြီးထဲမှာ အထက် ၂ ထပ်ပါဝင်ပြီး လူနေထိုင်ဖို့ စုစုပေါင်း
စတုရန်းဧရိယာ ၁၂၀၀ ကျယ်ဝန်းပါတယ် ။ အတွင်းပိုင်းပြင်ဆင်မှုအနေနဲ့
အစည်းဝေးခန်းမ ၊ စားဖိုဆောင် ၊ မာစတာအိပ်ခန်း ၊ ဧည့်ခန်းများအပြင်
အဆင့်မြင့် LED TV များကိုပါတပ်ဆင်ပေးထားပါတယ် ။

ကားကြီးအတွင်း ကျယ်ဝန်းတဲ့ လျှောက်လမ်းများလည်းပါဝင်ပြီး ဇိမ်ခံအနား
ယူသူတွေအတွက် ၂၄ နာရီပတ်လုံး အဆင့်မြင့်ကင်မရာများနဲ့ စောင့်ကြည့်
ပေးထားပါတယ် ။ Anderson MOBILE ESTATES ကုမ္ပဏီဟာ ယခုလိုကြယ်ငါး
ပွင့်ဟိုတယ်အဆင့်ရှိကားများကို ဖန်တီးလျက်ရှိသလို အဆိုတော် ၊
ရုပ်ရှင်ရိုက်ကူးသူများအတွက်ပါ ရွှေ့ လျားနိုင်တဲ့ စတူဒီယိုနှင့် စက်တင်များကိုပါ
ဖန်တီးထုတ်လုပ်လျက်ရှိတယ်လို့ သိရပါတယ် ။









Ref:hiconsumption
ခွန်နေ - Khun Nay


0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook