Tuesday, November 4, 2014



ခွန်နေ - Khun Nay

လုပ်ငန်းခွင်တစ်ခုမှာ ရင်းနှီးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ ။
သူဟာလက်ထဲမှာ ဖဲချပ်လေးတွေကို အမြဲကစား နေတတ်သူပေါ့ ။ ရင်းနှီးခွင့်ရခဲ့တဲ့ တစ်နေ့ သူဆီက မှော်ဆန်တဲ့ မျက်လှည့်ပြကွက်ကို ကြည့်လိုက်ရတယ် ။ စပ်စုချင်တာနဲ့ ဘယ်ကသင်တာလည်းမေးတော့ သူကိုယ်တိုင် စိတ်ဝင်စားလို့ နိုင်ငံတာမှာ ရှိတဲ့ မျက်လှက်ပြကွက်များစွာရဲ့ လျို့ ဝှက်ချက်တွေကို ဝယ်ယူပြီး ဗီဒီယိုဖိုင်ကြည့် သင်ယူခဲ့တယ် ဆိုတာ သိလိုက်ရတယ် ။ ပြည်တွင်း နာမည်ရ အချို့ မျက်လှည့် ဆရာတွေရဲ့  ဝယ်ယူအားပေး မှုတွေတောင်ရှိ တယ်လို့ သိရတယ် ။

မျက်လှည့်အခွေတွေဟာ Beginner သမား တစ်ယောက်တောင် ကောင်းကောင်းကြီး ပြလို့ရတဲ့ ပြကွက်မျိုးတွေဖြစ်တယ်လို့သိရတယ် ။ အဲ့ဒီထဲကမှ မျက်လှည့်ဆရာ Rich Ferguson ရဲ့  ပြကွက် ၁၁ ကွက် ၊
ဘယ်လို လျို့ ဝှက်ချက်တွေနဲ့ သင်ယူပြသထားသလည်း ဆိုတာ
ဝါသနာရှင်တွေများရှိရင် မိတ်ဆက်ဖော်ပြပေးလိုက်ပါတယ် ။

ပြကွက်တွေက နာရီတွေ၊ နံပါတ်တွေ၊ အိုင်ဖုန်းတွေ၊ ဖဲချပ်တွေ၊ လိပ်စာကဒ်တွေ ကို ပဲအသုံးပြုပြီးပြသလို့ရတဲ့ ပြကွက်တွေဖြစ်ပါတယ်။

၁။ Equivoque

အောက်ဆုံးဖဲချပ်ကို Crime Scene တစ်ခုကို “Visualization” အနေနဲ့ပုံဖော်ပြီး Force လုပ်တဲ့ ပြကွက်ပါ။ အစအဆုံးချက်ချင်းပြန်လုပ်ပြလို့ရပါတယ်။ ကြိုတင်ပြင်ဆင်မှု ဘာမှခက်ခက်ခဲခဲမလိုပါဘူး။

၂။ Numberz

ဖုန်းသို့မဟုတ် ဂဏန်းပေါင်းစက်တစ်လုံးငှားပြီး ဂဏန်းတစ်ခုကို ခန့်မှန်းပြတဲ့ အကွက်ပါ။ ဖြေရှင်းချက်ထဲ မှာ ဒီပြကွက်ကို ဘယ်လိုချဲ့ထွင်ပြီး ပြသနိုင်လဲထပ်ရှင်းပြထားပါတယ်။ (Social Security Number တွေဘာတွေ မှန်းပြတာမျိုး) .. ဒီပြကွက်ဟာဆိုရင်လဲပဲ ချက်ချင်းပြန်ပြလို့ ရတဲ့ ပြကွက်ပါ။ ပရိတ်သတ်ရှေ့မှာ တင်ချက်ချင်း ပြန်လည်ပြင်ဆင်လို့ ရပါတယ်။

၃။ Alpha Pack

ပရိသတ်ဆွဲပြတဲ့ ပုံကို ဆွဲပြတာပါ။ ကြိုတင်ပြင်ဆင်ဖို့ မိနစ်အနည်းငယ်လောက်လိုအပ်မှာ ဖြစ်ပြီးပြီးရင် တော့ ကြိုက်သလောက် ပြသနိုင်မှာ ဖြစ်ပါတယ်။ ချက်ချင်းပြန်လည်ပြသလို့ ရပါတယ် (Instant reset)

၎။ Window

သင့်ရဲ့ လိပ်စာကဒ်လေးကို အသုံးပြုပြီး ပရိသတ်ဆီကရတဲ့ စာအုပ်တွေ သတင်းစာတွေထဲက ရွေးထုတ်မှတ် ထားတဲ့ စာလုံးကိုပြန်လည် ထုတ်ပြတဲ့ ပြကွက်ပါ။ ဒီပြကွက်တင် ဒီအခွေကို ၀ယ်ရတာတန်တယ် လို့ပြောကြပါတယ်။ Rich အနေနဲ့လည်း ပြကွက်ကို သီးသန့်ရောင်းမယ်လို့စဉ်းစားထား ပေမယ့် ဒီအခွေထဲမှာ ထည့်သင့်တယ်လို့ယူဆလို့ ဒီအခွေထဲမှာ ပါလာတာပါ။ ၁၅စက္ကန့်လောက် ကြိုတင်ပြင်ဆင်ပြီးတာနဲ့ လုံးဝ အသုံးဝင်မယ့် ပြကွက်မျိုးပါ။ ကြိုက်တဲ့ အချိန် နေရာမှာပြလို့ရပါတယ်။ ဒီပြကွက်က လူတွေ ပါးစပ် ကဖရုဿဝါစာတွေ ထွက်လာတဲ့ အထိအံ့သြအောင် လုပ်နိုင်တဲ့ ပြကွက်ဖြစ်ပါတယ်။

၅။ Paperback Prediction

ကြိုက်တဲ့ နေရာကငှားလာတဲ့ စာအုပ်မှာ ပရိတ်သတ်ရွေးချယ်တဲ့စာလုံး တစ်လုံးကို ရအောင် ဖော်ထုတ်ပြတာပါ။ စာအုပ်ကို ကြိုက်တဲ့ နေရာကငှားလို့ရသလို ကြိုက်တဲ့ အချိန်မှာလက်တန်းပြလို့ရပါတယ်။ ထပ်ခါထပ်ခါပြန်ပြလို့ရပါတယ်။

၆။ Spring Peek

ဒီပြကွက်ကတော့ ပရိသတ်ရွေးချယ်ထားတဲ့ ဖဲချပ်ကို ပရိတ်သတ်မသိအောင် တိတ်တဆိတ်ကြည့်လိုက် တတ်အောင် သင်ကြားပေးထားတာပဲဖြစ်ပါတယ်။ လုံးဝ မသိသာသလို ဘယ်လိုမှ မရိပ်မိနိုင်ပါဘူး။

၇။ No Risk Poker

ပရိတ်သတ်ကပဲ ဖဲကိုဝေပေမယ့် အချိန်တန်ရင် သင်ကပဲ အနိုင်ရရှိမှာဖြစ်ပါတယ်။ လန်းတာက ဖဲချပ်တွေကို သူ့ဖဲကိုယ့်ဖဲ လဲပေးလို့ရတာတောင် အချိန်တန်ရင် သင်ပဲ နိုင်တာပါပဲ။ ဒါလဲ instant reset ဖြစ်တဲ့ အတွက် ချက်ချင်းပြန်ပြလို့ရပါတယ်။

၈။ Gridlock

ဒါကတော့ သင်္ချာဥာဏ်တစ်အားပြေးကြောင်း ပြတဲ့ ပြကွက်တစ်ခုဖြစ်ပါတယ်။

၉။Security

Security Sealed စာအိတ်တစ်အိတ်ကို သုံးပြီး ပြတဲ့ အရမ်းလန်းတဲ့ ပြကွက်ဖြစ်ပါတယ်။

၁၀။ Time stop

ပရိတ်သတ်ရဲ့ လက်ပတ်နာရီကို သူတို့ကိုယ်ပေါ်က ဖိအားပွိုင့်လေးတွေကို ပဲနှိပ်ကြည့် ရုံနဲ့ ရပ်အောင်လုပ် တဲ့ပြကွက်ဖြစ်ပါတယ်။

၁၁။ Signed Prediction

ပရိတ်သတ်ရဲ့ အိပ်ကပ်ထဲကနေ Prediction တစ်ခုကို ပရိတ်သတ်ရဲ့လက်မှတ်နဲ့ပဲ သူတို့ကိုယ်တိုင်ဆွဲထုတ်တဲ့ ပြကွက်ပါ။ အရမ်းအဆင့်မြင့်ပါတယ်။

Trailer ကိုအောက်ပါလင့်ခ်တွင် သွားရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.ellusionist.com/this-is-mentalism-rich-ferguson.html

Trailer ကြည့်ပြီး ကြိုက်လို့ အဲ့ပြကွက်တွေရဲ့  လျို့ ဝှက်ချက်ကိုကြည့် ပြီး ကိုယ်တိုင် လေ့ကျင့်ချင်တယ်ဆိုရင်တော့ တစ်ခွေကို ၁၂၀၀၀ တည်းနဲ့
ဖုန်း - 09 45003 3830 ၊ အမည် - ထူးရကျော် ကိုဆက်သွယ်ဝယ်ယူ
နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။

ဒါမျိုးလေးတွေစိတ်ဝင်စားတယ်ဆိုရင် တစ်ပတ်တစ်ခါစုစည်းဖော်ပြ တင်ဆက်ပေးသွားပါ့မယ် ။

ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3

0 comments:

Post a Comment

လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။

Advertisement

Advertisement

Advertisment

Ad

Advertisment

Contact Us

09420112050

တစ်ပတ်အတွင်းဖတ်ရှုမှုအများဆုံးစာမျက်နှာ

Advertisement

Find Us On Facebook