ခွန်နေ - Khun Nay
အလုပ်ဝင်တာတစ်လ မပြည့်သေးတဲ့ သူငယ်ချင်း တစ်ယောက် ရက်ပိုင်းအတွင်း အကိုမင်္ဂလာဆောင် ရှိလို့ ခွင့်ယူဖို့လိုနေတယ် ။ ကုမ္ပဏီကို အလုပ်ဝင်တာ မကြာသေးပေမယ့် အပင်ပန်းခံ ကြိုးစားလုပ်ကိုင်တာကြောင့် သူမရှိရင် အလုပ်က အခက်အခဲဖြစ်သွားနိုင်တဲ့ အနေအထားဖြစ်နေတယ် ။ သူ အတော်လေးကို အကျပ်တွေ့နေပြီး အကြံတစ်ခုထုတ်ရပါတော့တယ် ။
ရက်ပိုင်းအတွင်း အလုပ်တွေကြိုးစားလုပ်ကိုင်ခဲ့တာကိုအကြောင်းပြုပြီး
ချက်ချင်းဆိုသလိုပဲ ကွန်ပျူတာစားပွဲပေါ်မတ်တပ်ရပ်လိုက်တယ် ။ ဒါကိုမြင်တဲ့ ရုံးဝန်ထမ်းအမျိုးသမီးက " ရှင်ဘာလုပ်တာလဲ " လို့မေးတော့ ခင်ဇော်နိုင် ကပြန်ဖြေပါတယ်။ " ခဏနေ သူဌေးလာလို့ ငါ့ကိုမေးတဲ့ အခါ ရုံးမှာအင်တာနက်လိုင်းမိအောင် ငါကမတ်တပ်ရပ်ပေးနေတာလို့ပြောလိုက်မယ် ၊ ဒါဆိုရင် စိတ်ပင်ပန်းပြီး ရူးကြောင်ကြောင်ဖြစ်နေလို့ဆိုပြီး င့ါကို နားရက် ပေးလိမ့်မယ်”
ဒါနဲ့ပဲ သူဌေးက ရုံးထဲ ရောက်လာပါတယ်။ စားပွဲခုံပေါ် မက်တပ်ရပ်ပြီး ငြိမ်ငြိမ် သက်သက်ရှိနေတဲ့ ခင်ဇော်နိုင်ကို ကြည့်ပြီး သူဌေးက ဘာလုပ်နေတာလဲ လို့မေးပါတယ်။
ဒီတော့ ခင်ဇော်နိုင်က စီစဉ်ထားတဲ့အတိုင်းပဲ “ကျနော်ဟာ အင်တာနက်လိုင်း မိအောင် မတ်တပ်ရပ်ပေးနေတာပါ၊ တစ်ရုံးလုံး အင်တာနက်လိုင်း ကောင်းကောင်းနဲ့ သုံးနေကြပါတယ်”လို့ ပြန်ဖြေ ပါတယ်။
ဒါနဲ့ စိတ်မကောင်းဖြစ်တဲ့ သူဌေးက “အေး။ ခင်ဇော်နိုင် မင်းအလုပ်ကြောင့်မို့ စိတ်ဖိစီးတာ အတော်များနေပြီ ထင်ပါတယ်။ အိမ်ပြန်နားတော့။ ၁ ၊ ၂ ရက် လောက်နားပြီးမှ ရုံးပြန်တက်” လို့မှာလိုက်ပါတယ်။ ခွင့်ရ တာတင်မက အဲ့နေ့ပဲ စောစောအိမ်ပြန်ရလိုက်တဲ့အတွက် ခင်ဇော်နိုင်အကြိုက်တွေ့သွားပုံရတယ် ။
သူအိမ်ပြန်တာကို မြင်တဲ့ ရုံးဝန်ထမ်းအမျိုးသမီးကလည်း အိတ်ထဲ ပစ္စည်း ထည့်လို့ ရုံးဆင်းဖို့ ပြင်ပါတယ်။ ပြင်ဆင်နေတဲ့ အမျိုးသမီးကိုကြည့်ပြီး သူဌေးက မေးတော့ ယခုလို ပြန်ဖြေပါတယ်။
“အင်တာနက်လိုင်း မရှိပဲ ကျမဘယ်လို အလုပ်လုပ်ရမှာလဲ၊ အဲဒါကြောင့်ပြန်တာပါ”
ဂိန် !
ခွန်နေ - Khun Nay
https://www.khunnaymedia.com/
Free Download Mobile Application -
Mediafire Link - http://goo.gl/oIpMYP
Dropbox Link - http://goo.gl/5eogm3
0 comments:
Post a Comment
လူငယ်စာပေ ၊ သုတ ၊ ရသ ၊ နည်းပညာ ၊ ဟာသ ၊ ထူးဆန်းထွေလာ သတင်းမျာကို
စုံလင်အောင် ကြိုးစားတင်ဆက်ပေးသွားပါမယ် ။